ဟိန္ဒူတို့ရဲ့ ပျော်ရွှင်ခြင်း လာဘ်လာဘ“စန္ဒီမယ်တော်ပူဇနိယပွဲတော်ကြီး”

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း အောက်တိုဘာလရောက်ပြီဆိုရင် စစ်တွေမြို့လယ်ကနေ ဆိုင်းဝိုင်းသံတချို့ ညံညံထွက်ပေါ်လာတတ်ပါပြီ။ ဒီလို ဆိုင်းဝိုင်းသံ ထွက်ပေါ်လာပြီဆိုရင် မြို့ခံတို့ကလည်း ဘာပွဲကျရောက်နေပြီလည်းဆိုတာ တန်းသဘောပေါက်ကြ တော့ပြီး ညရောက်တာနှင့် တပြိုင်နက် ပွဲတော်ရှိရာကို မိသားစုအလိုက်ဖြစ်စေ၊ သူငယ်ချင်းတွေ စုဝေး၍ ဖြစ်စေ လာရောက်ကြတတ်ပါပြီ။ “ဒီဆိုင်းတီးပွဲမှာဆိုရင် ဟိန္ဒူထက် ရခိုင်သားတွေကပိုများတယ်။ သူတို့ကို မြင်ရလို့ပီတိဖြစ်ပါတယ်။ ကိုယ်တို့ ပွဲတော်ကို သူတို့ကလည်း ပျော်ပျော်ရွှင်ရွှင်ပါဝင် […]

 713 total views

ကျောက်ဖြူမြစ်ကမ်း နံဘေးက အမျိုးသမီးတွေရဲ့ဘဝ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ရဲ့ မြစ်ကမ်းဘေးတစ်လျှောက်မှာ ငါးရှာပြီး ရေလုပ်ငန်းနဲ့ တပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုသူတွေ အများကြီး ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်လို့ရတာ မဟုတ်တဲ့အပြင် ယောက်ျားနဲ့ မိန်းမ အလုပ်တာဝန်တွေ ကိုယ်စီခွဲပြီး လုပ်ကိုင်ရကြရတာ ဖြစ်ပါတယ်။ မနက်ပိုင်းဆိုရင် ခင်ပွန်းဖြစ်သူတွေက ငါးရှာထွက်ကြပါတယ်။ ဒီလိုငါးရှာထွက်ပြီး ရလာတဲ့ ငါးတွေကို အမျိုးသမီးတွေက ငါးအရွယ်အစားအမျိုးစားအလိုက်ရွေးထုတ်ပြီး အခြောက်လှမ်းတဲ့အလုပ်ကို […]

 472 total views

ရခိုင်လူငယ်တွေ အလုပ်တစ်ခုရဖို့အတွက် ဘယ်လောက်ခက်ခဲနေလဲ?

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း မခိုင်အေးသန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အဝေးသင်ကျောင်းသူ တစ်ဦးပါ။ ကျောင်းတွေ ရပ်နားထားရတဲ့ ကာလမှာ သူမဟာ အစိုးရ အလုပ်တွေခေါ်တိုင်း စစ်တွေမြို့ကို လာလာ လျှောက်တတ်ပါတယ်။ တစ်ခေါက်လာလျှောက်တိုင်း ကျောက်တော်ကနေ စစ်တွေကို အသွားအပြန်ကားစရိတ်၊ တည်းခိုစရိတ်၊ စားစရိတ်နဲ့ အလုပ်အတွက် လိုအပ်တဲ့ စာရွက်စာတန်းစရိတ်တွေစခက တစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျတတ်ပေမယ့် အခုအချိန်ထိ အလုပ်မရသေးပါဘူး။ […]

 581 total views

မူလ လူမျိုး နာမည်နှင့် ကိုယ်ပိုင်စာပေထွန်းကားလာရေး ဒိုင်နက်(ခ)သက္ကမလူမျိုးတို့ကြိုးပမ်း

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း အဖက်ဖက်ကနိမ့်ကျနေတဲ့ မိမိတို့မျိုးနွယ်စုကို ပြန်လည်ကယ်တင်နိုင်ဖို့အတွက် မူရင်းနာမည်နဲ့ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု ထွန်းကားလာရေး ဒိုင်းနက် (ခ) သက္ကမလူမျိုးတွေက ကြိုးပမ်းလာနေကြပါတယ်။ ဒိုင်းနက် (ခ) သက္ကမလူမျိုးတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ နေထိုင်ကြပြီး ရခိုင်မျိုးနွယ်စု (၇) မျိုးထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုငယ်တစ်ခုလည်း […]

 544 total views

မြောက်ဦးဒေသ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်မည့် အလားအလာများနေ

ထူး – အာရ်ကန်ရိုးမ (စစ်တွေ) မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေးအတွက် အဆိုပြုလွှာ မူကြမ်းကို စက်တင်ဘာလအစောပိုင်းကပဲ တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေးပို့လွှာဟာ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးထံမှတဆင့် ကမ္ဘာ့အမွေအနှစ်ကော်မတီထံ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက တင်သွင်းဖို့စီစဉ်ခဲ့တဲ့ ဒီအဆိုပြုလွှာကို နယ်မြေဒေသအခက်အခဲတွေကြောင့် ရပ်တန့်ထားခဲ့ရပေမယ့် လက်ရှိမှာတော့ ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး အချောသတ်လွှာကိုတော့ […]

 630 total views

လုယက် ဓါးပြတိုက်မှုတွေနဲ့ ပြန်ပေးဆွဲမှု များလာတဲ့ ရခိုင်ပြည်နယ်

ထူး – အာရ်ကန်ရိုးမ (စစ်တွေ) ရခိုင်ပြည်နယ်အတွင်းမှာ သာမန်ခိုးဆိုးမှုတွေတင်မက ဓားပြတိုက်၊ ဖောက်ထွင်းမှုနဲ့ ပြန်ပေးဆွဲမှုတွေ များလာပါတယ်။ လုံခြုံရေး အားနည်းတဲ့ မြို့နယ်တွေမှာသာမက အုပ်ချုပ်ရေးနဲ့ တပ်ပိုင်ဆိုင်ရာ အကြီးအကဲ ရုံးတွေ အခြေစိုက်တဲ့ မြို့နယ်တွေမှာလည်း ဖြစ်ပွားနေတာတွေ့ရပါတယ်။ ပြည်နယ်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြချက်နဲ့ Arakan Yoma ရဲ့ သတင်းရင်းမြစ်တွေအရ ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းကနေ စက်တင်ဘာလဆန်းပိုင်းအထိ နှစ်လကျော်ကာလအတွင်း […]

 570 total views

အာရက္ခတို့မြေမှာ စစ်ရိပ်စစ်ငွေ့ သန်းလာသလား

ထူး ၊ အာရ်ကန်ရိုးမ ခုတလော ရခိုင်ပြည်မှာ စစ်ပြန်ဖြစ်တော့မလား ဝေဖန်သံတွေ ကြားနေရပါတယ်။ တပ်မတော်ရဲ့ စစ်ကြောင်း လှုပ်ရှားမှုတွေကို ပေါ်တင်မြင်လာရရုံမက ရေပြင်မှာ လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှုတွေကိုပါ တွေ့လာရပြီး အခုလို အသံတွေ ဆူညံလာတာပါ။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို နေရာ အကျအန ရယူလာပြီး တော်လှန်ရေးခရီး ၇၅ ရာခိုင်နှုန်း အောင်မြင် ခဲ့ပြီလို့ […]

 695 total views

ရခိုင် မြောက်ပိုင်းမှာ မြေမြှုပ်မိုင်း အသစ်ထောင်မှုတွေ ရှိလာသလားလို့ ရွာသားတွေ သံသယဝင်

ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ပြီးကာလအတွင်း စစ်ကျန်လက်နက်မဟုတ်ဘဲ မြေမြှုပ်မိုင်း အသစ် ထောင်မှုတွေ ရှိလာသလား ဆိုပြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ရွာသားတွေက သံသယ ဝင်လာကြပါတယ်။ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ရပ်တန့်သွားပြီးတဲ့နောက် ၉ လ အကြာ ကျောက်တော်မြို့နယ် ဦးစွန်းတောင် ကျေးရွာမှာ သြဂုတ်လ ၁၇ ရက်နေ့က မြေမြုပ်မိုင်း […]

 512 total views

နိုင်ငံတကာအဖွဲ့တွေဆီက ရိက္ခာတွေ ပုံမှန်မရောက်တော့လို့ ရခိုင်ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးခက်ခဲ

ထူး ၊ အာရ်ကန်ရိုးမ နိုင်ငံတကာအဖွဲ့အစည်းတွေက ပုံမှန်လာရောက်ထောက်ပံ့နေတဲ့ ဆန်နဲ့ ရိက္ခာပစ္စည်းတချို့ သတ်မှတ်ရက် ကျော်လွန်သည့်တိုင် ရောက်မလာတာကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ ပုံမှန်ဆိုရင် လဆန်းပိုင်းမှာ တစ်လစာ ရိက္ခာတွေကို လက်ခံရလေ့ ရှိပေမယ့် သြဂုတ်လမှာတော့ ၁၄ ရက်နေ့ထိ လာရောက် ထောက်ပံ့တာ မရှိသေးဘဲ နောက်ထပ် ၂ ရက်လောက်သာကြာရင် […]

 405 total views

ရခိုင်က တိုင်းရင်းသားဘာသာသင် ပညာရေးဝန်ထမ်းများ လစာထုတ်မရ

ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း ရခိုင်ပြည်နယ်မှာ အစိုးရက တရားဝင် ခန့်အပ်ထားကြတဲ့ တိုင်းရင်းသား ဘာသာသင် နေ့စားလပေး ပညာရေးဝန်ထမ်းများ လစာထုတ်မရတဲ့ အခက်ခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုလို လစာမရတာကြောင့် စားဝတ်နေရေး ခက်ခဲနေပြီး ပညာရေးဝန်ထမ်းချင်းအတူတူ နေ့စားလပေး ဝန်ထမ်းတွေကို လစာမပေးတာဟာ ခွဲခြားဆက်ခံသလို ဖြစ်နေတယ်လို့ မင်းပြားမြို့နယ် ကြောင်ရေချိုး ကျေးရွာမှာ တာဝန်ကျနေတဲ့ တိုင်းရင်းသားဘာသာသင် ဆရာမ […]

 493 total views