ရခိုင်ပြည်နယ်က နယ်ဖက်တွေမှာ ဆေးပေးခန်းမရှိ၊ ဆရာဝန်မရှိလို့ အသက်အန္တရာယ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြုံနေရ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ရခိုင်ပြည်နယ်က နယ်ဖက်တွေမှာ ဆေးပေးခန်းမရှိ၊ ဆရာဝန်တွေ မရှိလို့ အသက်အန္တရယ်ပိုင်းဆိုင်ရာ ထိုခိုက်မှုတွေ ကြုံနေကြရပါတယ်။ Arakan Yoma ကို ဖွင့်ဟလာကြတဲ့အထဲမှာတော့ သွားလာရခက်ခဲ့တဲ့ တောတောင်ဒေသတွေ ဖြစ်ပေမယ့် ဆေးပေးခန်းတွေ မရှိတာ၊ အစိုးရက အသေးစားတိုက်နယ်ဆေးရုံတွေ၊ ဆေးပေးခန်းတွေ ဆောက်လုပ်ပေးထားပေမယ့် ဆရာဝန် မချပေးထားတာတွေနဲ့ တာဝန်ကျ ဆရာဝန်အပြောင်းအလဲ ဖြစ်သွားပြီး အသစ်မရောက်လာသေးတာတွေ တွေ့မြင်ရပါတယ်။ […]

 306 total views,  1 views today

မောင်တောခရိုင်က မွတ်ဆလင်တွေရဲ့ အဆင့်မြင့်ပညာရေး ခရီးကြမ်း

Arakan Yoma ရခိုင်မှာ ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း (Development Crisis) ၊ လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်း (Hum an Rights Crisis) နဲ့ လုံခြုံမှုဆိုင်ရာ အကျပ်အတည်း(Security Crisis) တွေ ဖြစ်ပေါ်နေတယ်လို့ ရခိုင်ကော်မရှင်က ဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း ရခိုင်မှာ ၂၀၁၂ ခုနှစ်မှစတင်ကာ ပဋိပက္ခပေါင်းစုံ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပဋိပက္ခတွေရဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ် […]

 295 total views

ရှေးရိုး အစဥ်အလာတွေကြား ရင်ဆိုင်ကျော်လွှားနေကြရသော လူမျိုးစုံတို့က အမျိုးသမီးများ

Arakan Yoma ဆောင်းနှင်းတွေဝေနေတဲ့ မနက်ခင်းစောစောတစ်ခုမှာ အက်ျီဆင်တူဝတ်ဆင်ကြသူ အမျိုးသမီးတချို့ဟာ လက်ကမ်းစာစောင်တစ်ခုကို ပေးဝေးနေကြပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက် အစွန်ဆုံး မော င်တောမြို့ပေါ်က ဟင်းသီးဟင်းရွက် သားငါးစျေးအဝင်ဝမှာ ဘာသာပေါင်းစုံကအမျိုးသမီးတချို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုအဖြစ် လုပ်နေကြတာဖြစ်ပါတယ်။ သူမတို့ဟာ Women”s Network Rakhine State အဖွဲ့ရဲ့ မောင်တောမြို့က အဖွဲ့ဝင်တွေဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီအဖွဲ့ထဲမှာ […]

 268 total views

မသန်စွမ်းဘဝဖြင့် ရုန်းကန်နေရသည့် ဦးစိန်မောင်

မဆောင်းဇာခြည် အာရ်ကန်ရိုးမ လူတရပ်ခန့်စာ မမြင့်သည့် ခပ်စုတ်စုတ် အိမ်အောက်မှာ စွတ်ကျယ်နှင့် ပုဆိုးအဟောင်းကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးရှိ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးမှာ နေပူရှိန်မြင့်တက်နေသည့် နေ့ခင်း ၁ နာရီကျော်တွင် ချွေးဒီးဒီးကျကာ အဖြူရောင် ဆာလာအိတ်တခုထဲသို့ ရေသန့်ဗူးခွံများကို စီစီရီရီ ထည့်နေပါသည်။ သူကတော့ ဆိုက်ကားဖြင့် ရေသန့်ဗူးခွံ၊ ပုလင်းခွံများကောက်သည့် ဦးစိန်မောင်ဟု […]

 251 total views

ပြည်မဘက် ကမာကောင် မှာယူမှု နည်းလာလို့ ရခိုင်က ကမာကောင်လုပ်ငန်း လုပ်ကိုင်သူတွေ အခက်တွေ့နေ

ပြည်မဘက်ကို အဓိကတင်ပို့နေတဲ့ ကမာကောင်မှာယူမှု အရင်ကထက် နည်းပါးလာတာကြောင့် ရခိုင် ပြည်နယ်က ကမာကောင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်ခဲတွေ့နေကြရပါတယ်။ “ရောဂါတွေကတမျိုး၊ စစ်ရေးကတမျိုးနဲ့ အဆင်မပြေပါဘူး။ လမ်းပန်းဆက်သွယ်ရေး အဆင်မေ ပြတော့လို့။ ငွေအကြပ်အတည်းတွေ ဖြစ်နေတယ်။ ကမာကောင်တွေက ပုံမှန်တော့ ရနေတယ်။ အရင်ကလိုမျိုးက မမှာနိုင်ကြတော့ဘူး။ နည်းလာတာပေါ့။”လို့ ကိုခိုင်အောင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ကမာကောင်တွေကို ရမ်းဗြဲမြို့နယ် အဝတောင်နဲ့ လက်ပံဒေသတွေမှာ […]

 378 total views

တောတောင်တွေ ကြားက လူနည်းစု အ မျိုးသမီးတွေရဲ့ အခက်အခဲများ

Arakan Yoma ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တယ်ဆိုတာကို လူတိုင်းအသိပဲဖြစ်ပါတ ယ်။ရခိုင်မှာ တောတောင်မြစ်ချောင်းပေါများတာမို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာဟာ ပြည်နယ်အနှံ့ဖြစ်ပါတ ယ်။ ဒီအထဲမှာတော့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေရှိ လူနည်းစုတွေနေထိုင်ကြတဲ့ဒေသတွေမှာ လူမှုရေး၊ကျန်းမာရေး၊ပညာရေးစတဲ့ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေဆဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ဘဲငါးရာတောင်အနောက်ဖက်ရှိ မြို၊ခမီတွေနေထိုင်တဲ့ ကျေးရွာငါးရွာလည်းပါဝင်ပါတယ်။ ဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းပေါ်မှာတည်ရှိနေပေမယ့် ကားလမ်းမှာ ဆိုး ဝါးစွာပျက်စီးနေတာမို့ သွားလာဖို့အတွ က်အသုံးပြုလို့မရဘူးဖြစ်နေပါတယ်။ ဒီငါးရွာထဲက […]

 296 total views

အမျိုးသားတွေရဲ့ ထိန်းကွပ်မှုအောက်က မလွတ်မြောက်နိုင်သေးတဲ့ ဟိန္ဒူအမျိုးသမီးများ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဟိန္ဒူလူမျိုးတွေဟာ ကိုယ်ပိုင်ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတွေနဲ့ ရပ်တည်နေကြတဲ့ လူမျိုးတစ်ခု ဖြစ်ပါတယ်။ ဟိန္ဒူလူမျိုးတွေဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ တခြားမြို့နယ်တွေမှာလည်း ဖြန့်ကြဲနေထိုင်ကြပါတယ်။ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဟိန္ဒူအမျိုးသမီးတွေအတွက်တော့ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုတွေကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေမှာ အခက်အခဲများစွာ ရှိနေကြပါတယ်။ ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ အသက်(၁၉) နှစ်အရွယ် မဖြူဖြူဝင်းကတော့ […]

 290 total views

ရခိုင်ပြည်နယ် ကွမ်းသီးတောက လူမှုဘဝ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ကျွန်တော် ကွမ်းသီးတောကို ရောက်ဖူးတာ သုံးခါမက ရှိပါပြီ။ ပြီးခဲ့တဲ့ သင်္ကြန်မှာတစ်ခါ၊ သည်သီတင်းကျွတ်က တစ်ခါနဲ့ စတိုရီရိုက်ဖို့ အင်တာဗျူးတစ်ကြိမ်ပေါ့။ တကယ်တော့ ကျွန်တော် ဒီကွမ်းသီးတောကို စရောက်ဖူး တည်းက ကျွန်တော့်ကို အလည်အပတ်ခေါ်တဲ့ သူငယ်ချင်းမိသားစုကပြောပြလို့ စတိုရီလုပ်ချင်ခဲ့တာပါ။ ပထမအကြိမ်ဟာ ကွမ်းသီးထွက်ချိန် မဟုတ်လို့ မလုပ်ဖြစ်ခဲ့သလို ဒုတိယတစ်ကြိမ်မှာလည်း သူငယ်ချင်းတွေနဲ့ အလည်အပတ်ခရီးပဲ သွားခဲ့တာမို့ […]

 321 total views,  1 views today

ရခိုင်မြောက်ပိုင်းက ရခိုင်နဲ့ မွတ်ဆလင်တို့ရဲ့စာသင်ဝိုင်း

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဆက်ဆံရေးတင်းမာနေခဲ့တဲ့ လူမျိုးစုနှစ်ခုကြား ပြန်လည်သဟဇာတကျလာရေး လိုလားသူနှစ်ဦး ပေါင်းစည်းမိချိန်မှာ ငြိမ်းချမ်းရေး စာသင်ဝိုင်းငယ်လေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဆောင်ရွက်နေတဲ့ စစ်ဘေးရှောင်စခန်းက ကျောင်းသားတွေကို အစ္စလာမ်ဘာသာဝင် စာရေးဆရာတစ်ဦးက လာရောက်ပြီး အမခဲ့ ပညာဒါန ပြုလုပ်နေခြင်းပါ။ ဒီအစီစဉ်ကို ဆောင်ရွက်နေတဲ့ထဲက မွတ်ဆလင်စာရေးဆရာကတော့ ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ကာ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် […]

 270 total views

စစ်တွေအခြေစိုက် Triple E Management Institute တည်ထောင်သူ အမျိုးသမီး၏ ငယ်ဘဝ ဖြတ်သန်းမှု

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း “ကျွန်မက ငယ်ငယ်လေးကတည်းက အဆင်ပြေတဲ့ မိသားစုက မွေးဖွားလာတာ မဟုတ်ပါဘူး။ မောင်နှမတွေလည်း များပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က တစ်ယောက်နဲ့ တစ်ယောက် နှစ်နှစ်ခြား သားသမီး ရှစ်ယောက်တာဝန်ကို ထမ်းဆောင်ပြီးရပ်တည်ရမယ့် မိဘတွေရဲ့ စီးပွားရေးက အဲဒီလောက်ထိ မခိုင်မာခဲ့ပါဘူး။” ဒေါ်သန်းသန်းရွှေ (ခ) မသားသားဟာ စစ်တွေမြို့ အခြေစိုက် Triple […]

 258 total views