Arakan Yoma

ဆောင်းနှင်းတွေဝေနေတဲ့ မနက်ခင်းစောစောတစ်ခုမှာ အက်ျီဆင်တူဝတ်ဆင်ကြသူ အမျိုးသမီးတချို့ဟာ လက်ကမ်းစာစောင်တစ်ခုကို ပေးဝေးနေကြပါတယ်။

မြန်မာနိုင်ငံ အနောက်ဖက် အစွန်ဆုံး မော င်တောမြို့ပေါ်က ဟင်းသီးဟင်းရွက် သားငါးစျေးအဝင်ဝမှာ ဘာသာပေါင်းစုံကအမျိုးသမီးတချို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုအဖြစ် လုပ်နေကြတာဖြစ်ပါတယ်။

သူမတို့ဟာ Women”s Network Rakhine State အဖွဲ့ရဲ့ မောင်တောမြို့က အဖွဲ့ဝင်တွေဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီအဖွဲ့ထဲမှာ မောင်တောမြို့နယ်က မွတ်ဆလင်၊ဟိန္ဒူ၊သက်၊မြို၊ခမီ၊ဒိုင်းနက်၊ရခိုင်စတဲ့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံက အမျိုးသမီးတွေပါဝင်ပါတယ်။ဒီအဖွဲ့မှာ ဦးဆောင်နာယကတစ်ဦးဖြစ်တဲ့ တောက်ပသောရောင်ခြည်အမျိုး သမီးများအဖွဲ့က ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ဒေါ်သန်းရီလည်းပါဝင်ပါတယ်။

”ဒီကန်ပိန်းကို ဘာကြောင့်လုပ်ခဲ့လဲဆိုရင် ကျွန်မတို့ အမျိုးသမီးတွေက အကြမ်းဖက်မှုတွေကို အများကြီးခံနေရတ ယ်။ကျွန်မတို့ မောင်တောမှာဆိုရင် လူ မျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မတို့အဖွဲ့က ပိုပြီးတော့ ဒီActivity ကိုလုပ်သင့်တယ်လို့ ကျွန်မတို့ အနေနဲ့ ဆုံးဖြတ်ပြီးတော့ လုပ်တာဖြစ်ပါတယ်။” လို့ ဒေါ်သန်းရီက ရှင်းပြပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေဒီဇင်ဘာလ ၁၀ ရက်နေ့အထိသတ်မှတ်ပြုလုပ်နေကြပါတယ်။မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့အတူ ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ဘာသာရေးဆန်တဲ့ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကနေ ၂၀၂၀ အထိ လက်နက်ကိုင်ပဋိပက္ခအပါအဝင် ပဋိပက္ခပေါင်းစုံဖြစ်ပွားခဲ့ပါတယ်။

အဲဒီအထဲမှာ ၂၀၁၂ ပဋိပက္ခကြောင့် ရ ခိုင်ပြည်နယ်တစ်ခုလုံးမှာ ရခိုင်တွေအပါအဝင် သေဆုံးသူ ၁၉၂ ဦး၊ ဒဏ်ရာရသူ ၂၆၅ ဦး၊ နေအိမ်ပေါင်း ၈,၆၀၀ ကျော်ဖျက်ဆီးခံခဲ့ရပြီးတော့ လူပေါင်း တစ်သိန်းခန့် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတယ်လို့ ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ၂၀၁၃ ခုနှစ် ဧပြီလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုပဋိပက္ခတွေကြောင့် ဒေသတွင်းနေလူမျိုးပေါင်းစုံဟာ အခက်အခဲပေါင်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခံစားနေခဲ့ကြရသလို လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား၊ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ မယုံကြ ည်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဒီအထဲမှာ အမျိုးသမီးတွေဟာ ပဋိ ပက္ခရဲ့ဆိုးကျိုးကို ပိုမိုခံစားခဲ့ကြရရုံသာမက အကြမ်းဖက်မှုတွေကိုလည်း ခံစားခဲ့ကြရ၊ခံစားနေကြရဆဲပဲဖြစ်ပါတယ်။

”ကျွန်မတို့မှာ မွတ်ဆလင်အမျိုးသမီးတွေက အိမ်တွင်းမှာဘဲ နေတာများပါတယ်။ အဲဒါကြောင့် အိမ်တွင်းအကြမ်းဘက်မှုအများကြီးခံနေရပါတယ်။” လို့မွတ်ဆလင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။


အဲဒီအမျိုးသမီးတွေထဲမှာ ရှေးရိုးအစဥ်အလာတွေ၊ ဘာသာရေး၊လူမျိုးရေး၊ဥပဒေအရကန့်သတ်မှုတွေ ပိုမိုခံစားေနကြရတဲ့ လူနည်းစုအမျိုးသမီးတွေကတော့ ပိုပြီးရင်ဆိုင်ကျော်လွှားနေကြရတယ်လို့ ဆိုကြပါတယ်။

”စိတ်မှာ ပညာဆိုတာဘာလဲမသိဘူး။ အမြင်ဆိုးသလို အပြင်ကိုထွက်ရင် လူတွေကို မကောင်းမြင်တယ်။အဲဒါကြော င့် အပြင်ကိုထွက်လို့မရပါ။ နောက်ပြီးတော့ သွားချင်တဲ့နေရာကို သွားလို့မရပါ။” လို့ မွတ်ဆလင်အမျိုးသမီးတစ်ဦးက သူမတို့ ရင်ဆိုင်ကြုံတွေ့ကျော်လွှားနေကြရတာတွေကို ပြောပြပါတယ်။

ရခိုင်ပဋိပက္ခကို အဖြေရှာဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက် ထက်မှာ ကြိုးစားခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ခုကို ၂၀၁၆ ခုနှစ်စက် တင်ဘာလမှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ဒါပေမယ့် ဒီကော်မရှင်ရဲ့အပြီးသတ်အ စီရင်ခံစာထုတ်ပြန်ပြီး ၂၄ နာရီမပြည့်သေးခင်မှာ ပဋိပက္ခကြီးတစ်ခု ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

ဒီကော်မရှင်ကတော့ ”မြန်မာအစိုးရအ နေဖြင့် ကိုယ်စားပြုခံရမှုအားနည်းသည့် တိုင်းရင်းသားလူမျိုးစုငယ်များ၊နိုင်ငံမဲ့ ဖြစ်နေသူများ၊မိမိတို့နေထိုင်ရာဒေ သမှ စွန့်ခွာထွက်ပြေးနေရသည့် လူ့အ ဖွဲ့အစည်းများ၊အမျိုးသမီးများ၏ နိုင် ငံရေးကဏ္ဍနှင့် အရပ်ဘက်လူ့အဖွဲ့ အစည်းများတွင် ကိုယ်စားလှယ်များ ထားရှိနိုင်မှုနှင့် ကိုယ်တိုင်ပါ ဝင်နိုင်မှုများ မြင့်တက်လာစေရေးအ တွက် ဆောင်ရွက်ပေးခြင်း၊ပြည်သူနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်း၊အစိုးရနှင့် လူ့အဖွဲ့အစည်းများအကြား ဒေသဆိုင်ရာအဆင့်တွင် ယုံကြည်မှုတည်ဆောက်ခြင်း၊မူဝါဒများချမှတ်ခြင်းနှင့်အကောင်အထည်ဖော်မှုတို့တွင် အရပ်ဖက်လူ့အဖွဲ့အစည်းများ ပါဝင်နိုင်မှုကို မြှင့်တင်ပေးခြင်းတို့အား ဆောင် ရွက်ပေးသင့်သည်။” လို့ ရခိုင်မှာ ငြိမ်းချမ်းသာယာဝပြောရေးနဲ့ အမျိုးသမီးတွေအတွက် အကြံပြုထားပါတယ်။

”ကျွန်မတို့လူမျိုးမှာ ဘယ်လောက်ထိကြုံတွေ့နေရလည်းဆိုရင် ကျွန်မတို့လူမျိုးမှာ အလုပ်အကိုင်၊ အခွင့်အလမ်း တွေ ဆုံးရှုံးတယ်။ ပညာသင်မယ်ဆိုလည်း မရှိဆင်းရဲသားတွေက အခက်အခဲရှိတယ်။ အဲဒါကြောင့် မရှိဆင်းရဲ သားတွေက ပညာရေးမှာ ဆုတ်ယုတ်နေတာတွေလည်းရှိတယ်။” လို့ မောင်တောဒေသခံ သက်လူမျိုး အမျိုးသမီးတစ်ဦးက သူမတို့လူမျိုးတွေ ကြုံတွေ့နေရတာတွေကို ပြောပြပါတယ်။

ရခိုင်ရှိ အမျိုးသမီးများမှာ ပဋိပက္ခပေါင်းစုံကို ကြုံတွေ့ခံစားနေကြရရုံမက အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံခံနေရမှု၊ပညာသင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ ရင်ဆိုင်ကျော်လွှားနေကြရတယ်လို့ ဆိုပါတယ်။”ကျွန်မတို့ လူမျိုးတွေက စာမတတ်ကြဘူး။ စာမတတ်လို့ အကြမ်းဖက်မှုတွေခံနေရတယ်။” လို့ ဟိန္ဒူအမျိုးသမီး တစ်ဦးက သူမတို့ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို ပြောပြပါတယ်။

ရခိုင်ရှိ လူနည်းစုတွေထဲက အမျိုးသမီးတွေဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ပညာသင်ကြားခွင့်တွေကို ဆုံးရှုံးနေကြရတာမို့ ရခိုင်ကော်မရှင်ကလည်း အမျိုးသမီးရေးရာဌာနတစ်ခုလို အပ်တယ်လို့ အကြံပြုထားပါတယ်။

”ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တ င်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အား အမျိုးသမီးများ၊ မိန်းကလေးငယ်များ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ သင့်လျော်သည့်လုပ်ငန်း အကောင်အထည်ဖော်မှုများကို ဆောင်ရွက်သွားစေရေးအတွက် နည်းပညာ အထောက်အကူပေးနိုင်သည့် အမျိုးသမီးရေးရာဌာနတစ်ခုကို ရခိုင်ပြည်နယ်အစိုးရအတွင်း ထူထောင်သွားသင့်သည်။” လို့ ရခိုင်ကော်မရှင်က ဆိုထားပါတယ်။

ရခိုင်မှာ လူမှုသဟဇာတတွေ မညီမျှသေးသလို လွတ်လပ်စွာ သွားလာလှုပ်ရှားပညာသင်ကြားခွင့်တွေ မရသေးဘူးလို့လည်း ဆိုကြပါတယ်။”နေချင်သလိုနေလို့မရဘူး။ စီးပွားရေးတွေအခက်အခဲဖြစ်၊ ပညာရေးအခက် အခဲရှိနေပါတယ်။ နောက်ပြီးတော့ လူ မျိုးပေါင်းစုံနဲ့နေဖို့ အခက်အခဲဖြစ်ပါတယ်။ အားလုံးအဆင်ပြေအောင် လုပ်ချင်ပါတယ်။” လို့ မွတ်ဆလင်အမျိုးသ မီးတစ်ဦးက သူမရဲ့သဘောဆန္ဒကို ပြောပြပါတယ်။

”ရခိုင်ပြည်နယ်အစိုးရနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သည် ပြည်နယ်
တွင်းရှိ လူမျိုးစုငယ်များနှင့် ဘာသာရေးဆိုင်ရာ အုပ်စုငယ်များ၏ အဖွဲ့ဝင်များအား အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်များ ပိုမိုရရှိရန် ဆောင်ရွက်ပေးသင့်သည်။ ထိုအုပ်စုမှ အမျိုး သမီးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆော င်ခွင့်ရရန် အထူးကြိုးစားဆောင်ရွက်ပေးသင့်သည်။ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သူများ သည် အမျိုးသမီးများနှင့်လူနည်းစုများအပါအဝင် ပြည်နယ်အတွင်းရှိ နေထိုင်သူများအားလုံးကို ကိုယ်စားပြုမှု ရှိအောင် ဆောင်ရွက်သွားသင့်ကြောင့် ကော်မရှင်မှ ထပ်မံအကြံပြုတိုက်တွန်းလိုပါသည်။” လို့လည်း ရခိုင်ကော်မရှင်က အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ်ထဲက မောင်တောဒေသဟာ ပဋိပက္ခဒဏ်ကိုအခံခဲ့ရဆုံးဖြစ်သလို ဒီအထဲမှာ မွတ်တလင်၊ဟိန္ဒူ၊မြို၊အမျိုးသမီးတွေဟာ အကြမ်ဖက်အခံရဆုံးလို့လည်း ပြောကြပါတယ်။

”ကျွန်မတို့ အိမ်တွင်းအကြမ်းဖက်မှုဟာ ဘာသာတိုင်းလူမျိုးတိုင်းရှိပါတယ်။ သို့သော် တိုင်းရင်းသားငယ်တွေနဲ့ မွတ်ဆလင်တွေ၊ ဟိန္ဒူတွေမှာ များတယ် ကျွန်မတို့အနေနဲ့ ယူဆတဲ့အတွက်နဲ့ အဲဒါကြောင့် ဦးစားပေးလို့ လုပ်နေရတာဖြစ်ပါတယ်။ ဟိန္ဒူ၊ မွတ်ဆလင်၊ မြို ပေါ့ အဲဒီလူမျိုးသုံးမှာ ပိုပြီးတော့ အခ က်အခဲရှိတယ်လို့ ထင်တယ်။” လို့ မောင်တောအခြေစိုက် တောက်ပသောရောင်ခြည် အမျိုးသမီးများအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်သန်းရီက ဆိုပါတယ်။
ရခိုင်ဒေသမှာ လူမှုသဟဇာတဖြစ်ပြီးအမျိုးသမီးတွေအရေးကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက် ရခိုင်ကော် မရှင်က”အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်မှုများ ရှိလာစေရေးအတွက် ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်ရန် အထောက်အကူပြုသည့် အခြေအနေကောင်းများကို ဖန်တီးပေးသင့်ပါသည်။” လို့ ဆိုပါတယ်။

ရခိုင်ကအမျိုးသမီးတွေဟာ အခြေခံလူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတယ်လို့တယ် လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။”အများအားဖြင့် မရှိဆင်းရဲသားတွေ၊ ရခိုင်သူရခိုင်သားတွေ၊ အမျိုးသမီးတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်။” လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သးများအဖွဲ့မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုမြတ်ထွန်းက ချက်မှတ်ပြုပြောပါတယ်။

အမျိုးသမီးအရေးကိစ္စတွေမှာ အစိုးရအပါအဝင် ဌာနဆိုင်ရာတွေက ပါဝင်ဆောင်ရွက်ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

”ကျွန်မတို့က အဲဒါကို မီးမောင်းထိုးပြတာဖြစ်ပါတယ်။ ကျွန်မတို့က အလင်းပြတာဖြစ်ပါတယ်။ ကိစ္စတွေ ဖြစ်လာတယ်ဆိုရင် နောက်တခါ ဒီလိုပုံစံမျိုးဖြစ်လာတယ်ဆိုရင် ကျွန်မတို့ကလည်း ကိုယ်တို့ အဖွဲ့ထဲက ဖြစ်စေ၊ ကျွန်မတို့ အမျိုးသမီးတွေဖြစ်တယ်ဆိုတာနဲ့ ဌာနဆိုင်ရာတွေနဲ့ သွားပြီးတော့ အမှုဖွင့်ပြီး အကူအညီတောင်းလားဖို့ ဖြစ်ပါတယ်။”လို့ ဒေါ်သန်းရီက သူမတို့ရဲ့မျှော်လင့်ချက်၊ အနာဂတ်တချို့ကို ပြောပြပါတယ်။


မောင်တောဒေသခံ သာဘာလူမျိုးပေါင်းစုံတို့က အမျိုးသမီးတွေကတော့ ရှေးရိုးအစဥ်အလာတွေ ရင်ဆိုင်ကျော်လွှားရင်း အမျိုးသမီးအရေးတွေကို ပူးပေါင်း လှုပ်ရှားပြီး အနာဂတ်သစ်ကို မျှော်လင့်နေကြပါတော့တယ်။

 403 total views,  1 views today