
အာရကန်ရိုးမ၊
ရခိုင်ပြည်နယ်၊မောင်တောမြို့မှာ ဘာသာပေါင်းစုံမှ အမျိုးသမီးများပါဝင်သည့် Women”sNetwork Rakhine State အဖွဲ့က အမျိုးသမီးများအပေါ် အကြ မ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ ၉ ရက်၊ယနေ့နေ့နံနက်က ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို မောင်တောရှိ မွတ်ဆလင်၊ဟိန္ဒူ၊သက်၊မြို၊ရခိုင်စတဲ့ အမျိုးသမီးများနှင့်လူငယ်တချို့ပူးပေါင်းပါဝင်ခဲ့ကြသည်။
”ကျမတို့ဟိန္ဒူအမျိုးသမီးအများစုက ပညာတတ်တာနည်းတော့ အကြမ်းဖက်ခံရမှုတွေကိုတောင် သိပ်မသိကြပါဘူး။ဒါကြောင့်ပါဝင်ဖြစ်တာပါ။”ဟု ဟိန္ဒူအမျိုးသမီးတစ်ဦးက ပြောသည်။
”အကြမ်းဖက်မှုတွေပပျောက်ဖို့တို့အမျိုးသမီးတွေစတင်စို့။” ”အမျိုးသမီးများဘဝလုံခြုံဖို့ အကြမ်းဖက်မှုကိုဆန့်ကျင်စို့” ”အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုပပျောက်ဖို့ ဥပဒေနှင့်အညီတိုက်ထုတ်စို့” ”အိမ်တွင်းအကြမ်း ဖက်မှုခံရလျှင်သက်ဆိုင်ဌာနများနှင့် တိုင်ပင်ပါ”
စာတမ်းများပါသော လက်ကမ်းစာစောင်တွေဖြန့်ဝေခြင်းကို မောင်တောမြို့မဟင်းသီးဟင်းရွက်၊သားငါးစျေမှာပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှဒီဇင်ဘာလ ၁၀ ရက်နေ့အထိသတ်မှတ်ထားသည်။
155 total views, 1 views today