ထူး၊ ရိုးမရဒေီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က နယ်ဖက်တိမှာ ဆီးပီးခန်းမရှိ၊ ဆရာဝန်တိ မရှိလို့ အသက်အန္တရယ်ပိုင်းဆိုင်ရာ ထိခိုက်မှုတိတွိကြုံနိန်ကပ်ရပါရေ။

Arakan Yoma ကို ဖွင့်ဟလာကပ်တေ အထဲမှာတော့ခါ လားလာရခက်ခဲရေ တောတောင်ဒေသတိ ဖြစ်ကေလေ့ ဆီးပီးခန်းတိ မရှိစွာ၊ အစိုးရက အငယ်စား တိုက်နယ်ဆီးရုံတိ၊ ဆီးပီးခန်းတိ ဆောက်လုပ်ပီးထားကေလည်းသင့် ဆရာဝန် မချပီးထားစွာတိနဲ့ တာဝန်ကျဆရာဝန်အပြောင်းအလဲ ဖြစ်လားပြီးကေ ဆရာဝန်အသစ် မရောက်လာသိမ့်စွာတိ တွိ့မြင်နီရပါရေ။

မြေပုံမြို့နယ် ကြာအင်းတောင်တိုက်နယ်ဆီးရုံကို ပြီးခရေ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက စလို့ဖွင့်လှစ်ခစွာဖြစ်ကေလေ့ တစ်နှစ်ကျော်ကြာနီရေ အေဂုအချိန်ထိ တာဝန်ကျ ဆရာဝန် တစ်ယောက်လေ့ ရောက်မလာခပါ။

ဆီးရုံမှာ ဆရာဝန် မရှိရေအတွက် အထက်တန်း သူနာပြု ၂ ယောက်အပါအဝင် စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၅ ယောက်နဲ့ လည်ပတ်နိန်ရပြီးကေ ဒေသခံတိကတော့ခါ တခြားမှာဆရာဝန်ရှိရေ ဒေသကို လားပနာ ကုသနိန်ရရေလို့ ကြာအင်းတောင် အုပ်ချုပ်ရေးမှုး ဦးမောင်ခင်ရွှေက ပြောပါရေ။

အေဂုပိုင် ဆရာဝန်မရှိရေအတွက် ယင်းဒေသက ကိုယ်ဝန်ဆောင်တိအပါအဝင် အရေးပေါ်လူနာတိမှာ ဆရာဝန်ရှိရေ ဒေသတိကို လားပြီးကေ ကုသမှုခံယူကပ်တေအခါ လမ်းမှာအချိန်ကြန့်ကြာရေအတွက် အသက်သီဆုံးမှုတိရှိရေလို့ သူက ပြောပါရေ။

“ဒေသခံတိ ဆီးကုရစွာ ကကောင်း အခက်ခဲရှိရေ။ မြို့ကိုလားကေ စက်လှေနဲ့တခါ၊ ကားနဲ့တခါ၊ ဆိုင်ကယ်နဲ့တခါ ယပိုင် အဆင့်ဆင့်စီးလားရရေ။ လမ်းမှာ အသက်သီလခစွာတိ ရှိရေ။ အသက်မမီလိုက်။ ခရီးဝီးခါ ငွေရေးကြေးရေး ပိုကုန်ကျစွာတိလည်းရှိပါရေ။ “လို့ အုပ်ချုပ်ရေးမှူး ပြောပါရေ။

ဒေသခံတိဆိုစွာ အရေးပေါ် နာမကျန်းစွာတိ ဖြစ်လာကေ ၂၅ မိုင်လောက်ဝီးရေ မင်းပြားဆီးရုံကြီးနဲ့ ၁၈ မိုင်လောက်ဝီးရေ မြေပုံဆီးရုံကြီးကို ဘုတ်အတန်တန် ကားအတန်တန်စီးပြီးကေ လားကပ်ရပါရေ။

ပြီးခရေ ရက်ပိုင်းက ကြာအင်းတောင်ကျေးရွာက ဦးတင်အောင်ကြီးဆိုစွာ သွီးတိုးရောဂါဖြစ်ပြီးကေ မင်းပြားဆီးရုံကို လားချိန် လမ်းခရီးမှာပင် အချိန်ကြာလားရေအတွက် အသက်ဆုံးရှုံးခရရေလို့ အိမ်ရှင်မဖြစ်သူ ဒေါ်မခင်သိန်းက ဆိုပါရေ။

“အကျွန့်လင်က သွီးတိုးဖြစ်ပြီးကေ ရွာကဆီးရုံမှာလားပြခီခါ ဆရာဝန်ကြီးမရှိလို့ မင်းပြားမြို့ကို ကားနဲ့လားရေ။ ယင်းမှာ အချိန်ကြာလခရေအတွက် အသက်ကိုမရလိုက်ပါ။ မင်းပြားကိုရောက်ခါ တစ်နာရီခွဲလောက်ယာနိန်ခရရေ။ အသက်သီလားပါရေ။ ဆီးရုံမှာ ဆရာဝန်ရှိခကေ သက်တောင့်သက်သာဖြစ်ဖို့သိမ့်။ လူနာကိုလည်း လောလောဆယ် ဆီးကုသမှုရနိုင်ဖို့သိမ့်။ ဆရာဝန်မရှိခါ လူနာလည်းအဝီးကိုလားရခါ လွန်လားစွာ။” လို့ သူမက ဆိုပါရေ။

ဒေသခံတိနဲ့ အုပ်စုအုပ်ချုပ်ရေးမှူး တချို့ဆိုစွာ ယင်းတိုက်နယ်ဆီးရုံကို ဆရာဝန်ရောက်ရှိဖို့အတွက် အထက်လူကြီးတိဘားကို တင်ပြခကေလေ့ အကြောင်းထူးမလာခပါ။ ယင်းကိစ္စနဲ့ပတ်သက်ပြီးကေ ယင်းတိုက်နယ်ဆီးရုံက ကျန်းမာရေးဝန်ထမ်းတချို့ကို မီးမြန်းဖို့ကြိုးစားခကေလေ့ ယင်းအကြောင်းနဲ့ ပတ်သက်ပြီးကေ မဖြေချင်ကြောင်း ပြောကတ်ပါရေ။

မြို့နယ်ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်ခကေလည်း အဆက်အသွယ် မရခပါ။ ယင်းတိုက်နယ် ဆီးရုံမှာ မြေပုံမြို့နယ်က ကျေးရွာပေါင်း ၂၄ ရွာ ပါဝင်ရေလို့ သိရပါရေ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဝေးလံခေါင်ဖျားပြီးကေ လားလာရခက်ခဲရေ မြိုနဲ့ ခမီလူနည်းစုတိ နိန်ထိုင်ရေ နိန်ရာ ကျေးရွာအုပ်စုတစ်ခုမှာဆိုကေလည်း ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိလို့ အသက်တိ ဆုံးရှုံးနိန်ရရေလို့ ဒေသခံတိက ပြောကပ်ပါရေ။

အဆိုပါကျေးရွာအုပ်စုမှာ မြို့ရွာ၊ ဘဲငါးရာ၊ ထုံးဘူး၊ သရက်ချောင်း၊ မရစ်ချောင်းစရေ
ကျေးရွာ ငါးရွာပါဝင်ပါရေ။ ယင်းရွာတိဆိုစွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်-လက်ဝဲစာတိုက် ကားလမ်းထက်မှာ တည်ရှိနိန်ကေလေ့ ကားလမ်းမှာ အလွန်ဆိုးရွားစွာ ပျက်စီးနိန်လို့ လားလာဖို့အတွက် အသုံးပြုလို့မရဖြစ်နိန်ပါရေ။

လမ်းပမ်းဆက်သွယ်ရေးခက်ခဲလို့ ပြီးခရေ ၂၀၁၉ ခုနှစ်က အချေမွီးဖို့ မြို့ထက်ကို တက်တေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆီးရုံမရောက်ခင် လမ်းတစ်ပိုင်းမှာ သီဆုံးလားခရေပိုင် တချို့အမျိုးသမီးတိမှာလည်း ကိုယ်ဝန်ပျက်ကျလားစွာတိရှိရေလို့ မြို့ရွာအုပ်စုမှာ ကျန်းမာရေး ကိစ္စတွေကို ဆောင်ရွက် ပီးနိန်သူ ဦးစံလှဖော်က ပြောပါရေ။

ဆီးခန်းကို မရောက်နိုင်ရေအတွက်နဲ့ ၂၀၁၉ ခုနှစ်က ကိုယ်ဝန်သည်တစ်ယောက် အသက်သီလို့ ရှိပါရေ။ ယင်းကြောင့်နဲ့ ကျွန်တော်ရို့မြို့ရွာ ကျေးရွာအုပ်စုငါးရွာမှာ ကျန်းမာရေးဌာနခွဲဆီးပီးခန်း တစ်ခုလောက်တော့ ပီးစီချင်ပါရေ။ ကျနော်ရို့လည်း ကျန်းမာရေးကိစ္စနဲ့ အခက်ခဲတိ အလွန်တရာ ကြုံနိန်ကပ်ရ ပါရေလို့ ပြောပါရေ။

ယင်းကျေးရွာငါးရွာမှာ လူနည်းစုဖြစ်တေ မြို၊ ခမီစရေ အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁၅၃၂ ဦး နိန်ထိုင်နိန်ကပ်ပြီးကေ မိရိုးဖ လာတောင်ယာလုပ်ငန်းကို လုပ်ကိုင်နိန်ထိုင်ကပ်စွာဖြစ်ပါရေ။ ဒေဒေသမှာ နိန်ထိုင်သူတိဆိုစွာ စစ်ဘေးမရှောင်ခကပ်ရကေလေ့ စစ်မက်ပဋိပက္ခဇုန်ထဲမှာပါဝင်ရေအတွက် အရာရာ နောက်ကျ ကျန်နိန်ခရစွာပါ။

ကိုယ်ဝန်ပျက်ကျလားဖူးရေ အဆိုပါဒေသမှာနီရေ အသက်(၃၄) နှစ်အရွယ် အမျိုးသမီး ဒေါ်ယဉ်ယဉ်ထွေးကတော့ခါ ကျေးလက်ကျန်းမာရေးဌာတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပီးဖို့ တောင်းဆိုပါရေ။

ဒေမှာ ဆရာဝန်တိနဲ့ မွီးချင်စွာ။ ယကေလေ့ ရွာမှာ လက်သည်မနဲ့ မွီးရရေ။ စိုးရိမ်ကေလေ့ ကိုယ့်မှာ လားရလာရစွာ၊ ဖေသာတိ အခက်ခဲရှိခါ မြို့ထက်ကို တက်မွီးဖို့ကလည်း မလွယ်။

ဒေကျေးရွာတိကို အစိုးရဖက်ကလည်း ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီတိကို ထိထိရောက်ရောက် မပီးနိုင်ရေပိုင် နိုင်ငံတကာ အဖွဲ့အစည်းတိ အကူအညီပီးမှုတိကိုလည်း ကန့်သတ်ထားရေ နယ်မြေလည်း ဖြစ်ပါရေ။

ယင်းချင့်အပြင် မြောက်ဦးမြို့နယ်က တိန်ညိုတိုက်နယ်ဆီးရုံမှာဆိုကေ တာဝန်ကျဆရာဝန် ပြောင်းလားစွာ တစ်လခွဲလောက်ကြာနိန်ယာဖြစ်ကေလေ့ အစားထိုးဆရာဝန်သစ် ရောက်ရှိမလာသိမ့်လို့ အရေးပေါ် လူနာတိကို ကုသဖို့ အခက်အခဲဖြစ်နိန်ကပ်ရရေလို့ ဆိုပါရေ။

တိန်ညိုဆီးရုံကို အနီးအနားက ကျေးရွာပေါင်း ၅၄ ရွာနဲ့ စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်က အဓိက မွီခိုအားထားရာ ဆီးရုံတစ်ခုလည်း ဖြစ်ပါရေ။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်ကတော့ခါ လက်ရှိမှာ အဆိုပါဆီးရုံမှာ သူနာပြုအနည်းချေယာ ရှိလို့ ဖျားနာချောင်းဆိုးလောက်ယာ ပြသနိန်ကပ်ရပနာ အရေးပေါ်လူနာတိအတွက် ၁၀ မိုင်လောက်ဝီးရေ မြောက်ဦးဆီးရုံကို လားနိန်ရရေလို့ ပြောပါရေ။

အဓိကေတာ့ခါ တိန်ညိုတိုက်နယ်မှာရှိရေ ကျေးရွာပေါင်း ၅၄ ရွာက လူတိဆိုစွာ ကျန်းမာရေးနဲ့ ပတ်သတ်လာကေ တိန်ညိုဆီးရုံကိုယာ အားကိုးနိန်ရစွာ။ အေဂု ဆရာဝန်လည်း မရှိရေခါ ကျေးလက်နိန် ပြည်သူတိအတွက် အခက်ခဲတိ အများကြီးဖြစ်နိန်ရေ။ မြောက်ဦးထိလားလို့ဆီးကုသမှု ခံယူရစွာတိ၊ မလိုလားဘဲ ငွေကုန်ကျစွာတိ၊ မလိုလားဘဲ အသက်ဆုံးရှုံးမှုတိ ကြုံနိန်ကပ်ရစွာတိ ရှိရေ။

လက်ရှိ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းထားပြီးကေ မငြိမ်သက်မှုတိဖြစ်နိန်ချိန် ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်AA က ပြည်နယ်တည်ဆောက်ရေးကိစ္စတိကို ဆောင်ရွက်လာနိန်ရေ စပ်ကြားမှာ အာဏာရနဲ့ တည်ဆောက်ရေးဆောင်ရွက်နိန်သူရို့ကြား လုပ်ဆောင်ရွက်မှုတိ ကြံ့ကြာနိန်ပုံ ရပါရေ။

 840 total views,  1 views today