အာရ်ကန်ရိုးမ၊

ရခိုင်ပြည်နယ်၊မောင်တောမြို့မှာ ဘာသာပေါင်းစုံက အမျိုးသမီးတိ ပါဝင်ရေ Women”sNetwork Rakhine State အဖွဲ့က အမျိုးသမီးရို့အပေါ် အကြ မ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ ၉ ရက်က ပြုလုပ်ခပါရေ။

ယင်းလှုပ်ရှားမှုကို မောင်တောမှာရှိရေ မွတ်ဆလင်၊ဟိန္ဒူ၊သက်၊မြို၊ရခိုင်စရေ အမျိုးသမီးတိနဲ့ လူငယ်တချို့ပူးပေါင်းပါဝင်ခဲ့ကပ်ပါရေ။

”အကျွန်ရို့ ဟိန္ဒူအမျိုးသမီးအများစုက ပညာတတ်စွာနည်းခါ အကြမ်းဖက်ခံရမှုတိကိုတောင် ကကောင်းမသိကပ်ပါ။ ယင်းကြောင့် ပါဝင်ဖြစ်စွာပါ။ ”လို့ ဟိန္ဒူအမျိုးသမီးတစ်ယောက်က ပြောပါရေ။

”အကြမ်းဖက်မှုတိပပျောက်ဖို့ တို့အမျိုးသမီးတွေစတင်စို့။” ”အမျိုးသမီးများဘဝလုံခြုံဖို့ အကြမ်းဖက်မှုကိုဆန့်ကျင်စို့” ”အမျိုးသမီးများအားအိမ်တွင်းအကြမ်းဖက်မှုပပျောက်ဖို့ ဥပဒေနှင့်အညီတိုက်ထုတ်စို့” ”အိမ်တွင်းအကြမ်း ဖက်မှုခံရလျှင်သက်ဆိုင်ဌာနများနှင့် တိုင်ပင်ပါ’ ‘
စာတမ်းတိပါရေ လက်ကမ်းစာစောင်တိဖြန့်ဝီခြင်းကို မောင်တောမြို့မ ဟင်းသီးဟင်းရွက်၊ သားငါးဈီးမှာပြုလုပ်ခဲ့ကပ်စွာဖြစ်ပါရေ။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးတိအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်နိကဒီဇင်ဘာလ ၁၀ ရက်နိအထိသတ်မှတ်ထားပါရေ။

 259 total views,  1 views today