Arakan Yoma

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တယ်ဆိုတာကို လူတိုင်းအသိပဲဖြစ်ပါတ ယ်။ရခိုင်မှာ တောတောင်မြစ်ချောင်းပေါများတာမို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာဟာ ပြည်နယ်အနှံ့ဖြစ်ပါတ ယ်။

ဒီအထဲမှာတော့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေရှိ လူနည်းစုတွေနေထိုင်ကြတဲ့ဒေသတွေမှာ လူမှုရေး၊ကျန်းမာရေး၊ပညာရေးစတဲ့ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေဆဲဖြစ်ပါတယ်။

အဲဒီလိုအခြေအနေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ဘဲငါးရာတောင်အနောက်ဖက်ရှိ မြို၊ခမီတွေနေထိုင်တဲ့ ကျေးရွာငါးရွာလည်းပါဝင်ပါတယ်။

ဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းပေါ်မှာတည်ရှိနေပေမယ့် ကားလမ်းမှာ ဆိုး ဝါးစွာပျက်စီးနေတာမို့ သွားလာဖို့အတွ က်အသုံးပြုလို့မရဘူးဖြစ်နေပါတယ်။

ဒီငါးရွာထဲက မြို့ရွာကျေးရွာမှာနေထိုင်
တဲ့ အသက် ၂၉ နှစ်အရွယ်၊မြိုတိုင်းရ င်းသူမယဉ်ယဉ်ထွေးဟာ ၄ ယောက်မြောက်ရင်သွေးကိုလွယ်ထားရသူဖြစ်ပါတယ်။

သူမတို့နေထိုင်ရာကျေးအုပ်စုငါးရွာစ လုံးမှာ ကျေးလက်ကျန်းမာရေးဌာနမရှိ
သလို ကျန်းမာရေးဝန်ထမ်းလည်းတစ်ဦးမှမရှိတာမို့ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ ခက်ခဲနေကြပါတယ်။

”ဒီမှာက ဆရာဝန်ကြီးတွေနဲ့ပြရတာလဲမဟုတ်ပါဘူး။ အဆင်လည်း မပြေတော့ ရမ်းကုဆရာတွေနဲ့ပြနေရပါတယ်။ ကိုယ်ဝန်ကို ပြင်ဆိပ်က သူနာပြုဆီမှာ အပ်ထားတယ်။ လတိုင်းသွားပြရတယ်။ ဆေးတွေတော့ ပေးထားတယ်။ သူနာပြုနဲ့ ကာကွယ်ဆေးထိုးတာလောက်ဘဲရှိတယ်။ ပိုက်ဆံတော့ မပေးရဘူး။” လို့ မယဉ်ယဉ်ထွေးကဆိုပါတယ်။

သူမမှာ အသက် ၁၂ နှစ်အရွယ်သားတ စ်ဦးနဲ့အသက် ၇ နှစ်အရွယ် သမီးတစ်ဦးရှိနေပြီး တတိယမြောက်ရင်သွေးတုန်းက ကိုယ်ဝန်ငါးလသားဖြစ်ချိန်မှာ
ပျက်ကျသွားခဲ့တယ်လို့ဆိုပါတယ်။

သူမတို့ဒေသဟာ ဝေလံခေါင်ဖျားတာမို့
သားဆက်ခြားနည်းလမ်းတွေကို မသိသလိုကလေးမွေးဖွားချိန်တွေမှာလည်း ကျေးလက်တောရွာက အရပ်လက်သ ည်တွေနဲ့သာ ကြုံသလိုမွေးဖွားနေကြရတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဥပဒေအရအကာအကွယ်တွေရှိပေမယ့်ခုလို ဝေးလံခေါင်းဖျားတဲ့တောတောင်တွေကြားမှာနေထိုင်ကြီး ပြင်းလာရသူတွေအတွက်တော့ မဆိုင်သလိုဖြစ်နေပါတယ်။

”တခါတလေ ကာကွယ်ဆေးထိုးဖို့တော့လာပါတယ်။လတိုင်းတော့မလာပါဘူး။
သူတို့ကာကွယ်ဆေးထိုးမယ်ဆိုရင် လာပါတယ်။” လို့ သူမက သူမတို့ကျေးရွာသို့ ကျန်းမာရေးဝန်ထမ်းတွေလာရော က်မှုနဲ့ကျန်းမာရေးစောင့်ရှောင်မှုအခြေ အနေတွေကို ဆက်ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈၊အပိုဒ်၃၅၁ မှာတော့”မိခင်များ၊က လေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သ တ်မှတ်ထားသော သက်ဆိုင်ရာအခွင့် အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။ ”ဟု ရေးသားဖော်ပြထားပါတယ်။

ဒီကျေးရွာတွေကဒေသခံပြည်သူတွေ
ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တာ
မို့ အနီးဆုံးမှာရှိတဲ့ကျေးလက်ကျန်းမာ ရေးဌာနသို့ အချိန်မီမသွားရောက်နိုင်ခဲ့
ကြတာကြောင့် ကိုဗစ်ကာကွယ်ဆေးမထိုးလိုက်ကြရဘူးလို့လည်းဆိုပါတယ်။

”နိုင်ငံတော်အစိုးရက ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြို့ရွာအုပ်စုတစ်ခုလုံးအတွက်ကို ကျန်းမာ ရေးဆေးပေးခန်းတစ်ခုဆောက်ပေးရင် ပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်။ကိုဗစ်ဆေးထိုးမယ့်ကိစ္စကိုလည်း ကျွန် တော်တို့ရွာကိုလာရောက်ပြီးထိုးပေးစေချင်ပါတယ်။သက်ကြီးရွယ်အိုတွေအ တွက် ပိုပြီးအဆင်ပြေမှာပါ။” လို့ မြို့ရွာအုပ်စုမှာကျန်းမာရေးဆောင်ရွက်ပေးနေသူ ဦးစံလှဖော်က ဆိုပါတယ်။

အဲဒီမြို့ရွာကျေးရွာအုပ်စုနဲ့အနီးဆုံးကျန်းမာရေးဌာနကတော့ ဖောင်ဆိပ်ကျေးရွာမှာရှိပြီး ၃ မိုင်ကျော်ကွာဝေးကာ တစ်နာရီကျော်လမ်းလျှောက်သွားကြရတယ်လို့ ရှင်းပြကြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်ရဲ့ အပြီးသတ်အစီရင်ခံစာပါမှာ ”မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံ သားဖြစ်တည်မှုကို အခြေခံသည့် ခွဲခြားမှုများမပြုလုပ်ဘဲ နေထိုင်သူများအားလုံးအတွက် ပြီးပြည့်စုံသော အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးစီမံချက်လုပ်ဆောင်မှုကို အရှိန်မြင့်တင်သင့်ပါသည်။”

”ထိုသို့ဆောင်ရွက်ရာတွင် အချိန်ကြာ မြင့်စွာ ပိတ်ဆို့ခြင်းခံထားရသော ဒေ သများကို ဦးစားပေးဆောင်ရွ က်သင့်ပါသည်။နိုင်ငံတကာမှပူးပေါင်းဆောင် ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် ထိုလုပ်ငန်းစဉ်များတွင် လိုအပ်သည့်နည်းပညာနှင့်ငွေကြေးအကူအညီများကို ပေးသင့်ပါသည်။”ဟု အကြံပြုတို က်တွန်းထားပါတယ်။

”’ကလေးမွေးတာကို အိမ်မှာကောင်း ကောင်းမွန်မွန်မွေးချင်ပါတယ်။ ဆေးရုံမှာမွေးရင်ပိုကောင်းတာပေါ့။ ဒါပေမယ့် ပိုက်ဆံက မတက်နိုင်တော့ဆေးရုံမှာမွေးဖို့က အဆင်မပြေပါဘူး။ ” လို့ မယဉ်ယဉ်ထွေးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မ တော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ သူမ တို့နေထိုင်ရာကျေးရွာအနီးအနား တောင်ကျော်လမ်းအနီးတိုက် ပွဲလည်းပါဝင်ပါတယ်။

မယဉ်ယဉ်ထွေးတို့ဇာတိရွာ မြို့ရွာကျေးရွာအုပ်စုမှာ မြို့ရွာ၊ဘဲငါးရာ၊ထုံးဘူး၊သရက်ချောင်း၊မရစ်ချောင်း
စတဲ့ကျေးရွာငါးရွာပါဝင်ပါတယ်။

အဲဒီကျေးရွာငါးရွာမှာ လူနည်းစုဖြစ်တဲ့
မြို၊ခမီစတဲ့ အိမ်ထောင်စု ၂၇၁ စု၊လူဦးရေ ၁၅၃၂ ဦး နေထိုင်နေကြပြီးမိရိုးဖ လာတောင်ယာလုပ်ငန်းကို လုပ်ကိုင်နေထိုင်ကြတာဖြစ်ပါတယ်။

ဒီဒေသမှာနေထိုင်သူတွေဟာ စစ်ဘေးမရှောင်ခဲ့ကြရပေမယ့် စစ်မက်ပဋိပက္ခဇုန်ထဲမှာပါဝင်တာမို့ အရာရာနောက်ကျ
ကျန်နေခဲ့ရပါတယ်။

ဒီကျေးရွာတွေကို အစိုးရဖက်ကလည်း
ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီတွေကို ထိထိရောက်ရောက်မပေးသလို နိုင်ငံတကာ
အဖွဲ့အစည်းတွေအကူအညီပေးမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထူးအလေးထားတဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်တစ်ခုကိုကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၀၀ ခုနှစ်က အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)မှာ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေကို အကာအ ကွယ်ပေးခြင်း(Protection)လည်းပါ ဝင်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကလ ည်း အကောင်အထည်ဖော်ဆောင်ရွက်
ဖို့တာဝန်ရှိနေပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မ ရှင်ရဲ့အပြီးသတ်အစီရင်ခံစာထဲမှာတော့ ”ရေနှင့်သန့်ရှင်းရေး အထူးအား ဖြင့် အညစ်အကြေးစွန့်ပစ်ရေးအတွက်လိုအပ်သည့် အခြေခံအဆောက်အဦးများကို အဆင့်မြင့်တင်ပေးရမည်။”လို့ တိုက်တွန်းထားပါတယ်။

ဒီကျေးရွာတွေရှိအမျိုးသမီးတွေဟာ တောင်ကျချောင်းတွေ၊မြောင်တွေမှာသာ မလုံမခြုံရေချိုးနေကြရသလို မသန့်ရှင်းတဲ့သောက်သုံးရေတွေကို မြောင်
တွေကနေခပ်ယူသောက်သုံး အသက် ရှင်နေကြရပါတယ်။

”ကျန်းမာရေးဌာနနဲ့ဝေးတဲ့အတွက်ကြောင့် ၂၀၁၉ ကဆိုရင် လမ်းမှာ ကို
ယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေ ဆုံးသွားရပါတယ်။ဒါကြောင့် ကျွန် တော်တို့ရွာကို ကျန်းမာရေးဌာနခွဲဆေး ခန်းတစ်ခုလောက်ပေးစေချင်ပါတယ်။”
လို့ မြို့ရွာအုပ်စုမှာ ကျန်းမာရေးကိစ္စတွေကို ဆောင်ရွက်ပေးနေသူ ဦးစံလှဖော်က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသတွေကအမျိုးသမီးတွေရဲ့ဘေးကင်းလုံခြုံရေးတွေ အသက်ရှင်ရပ်တည်ရေးတွေဟာမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ဆက်စပ်နေပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ တာဝန်ရှိနေတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အ စိ တ်အပိုင်း(၁) လူမှုရေးကဏ္ဍ အပိုဒ် ၃ မှာတော့ ”သက်ကြီးရွယ်အိုများ၊ မသန် စွမ်းသူများ၊အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့်အခွင့်အရေးများကို လူမျိုးရေး၊ဘာသာရေး၊ဆင်းရဲ၊ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်
စောင့်ရှောက်ရန်နှင့် လူမှုဘဝမြင့်တင်မှုကို ဆောင်ရွက်ရန်။”လို့ ဆိုထားပေမယ့်
ငြိမ်းချမ်းရေး ညီလာခံထဲမှာတော့ အမျိုးသမီးတွေအရေးကို သီးခြားဆွေးနွေးမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ဘာသာရေး၊ယဉ်ကျေးမှုနှင့်လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲတန်းတူရည်တူအခွင့်အရေးရရှိစေရန်။” လို့ ပြည်ထောင်စုသဘောတူစာချုပ်အ ပိုဒ် ၃ ၏ နောက်ဆက်တွဲ က ၂ မှာဖော် ပြထားပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့
လူနည်းစုတွေထဲက အမျိုးသမီးတွေအပါအဝင် လမ်းပန်းဆက်သွယ်ရေး
ခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ဒေသတွေက အမျိုးသမီးတွေဟာ ကလေးမွေးဖွားရေးတွေကအစ ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ကျော်လွှားရှင်သန်နေကြရပါတယ်။

”ရွာမှာက ကျန်းမာရေးစောင့်ရှောင်မှုမရှိတဲ့အတွက်ကြောင့် သားဖွားလက်သည်မနဲ့မွေးရပါတယ်။ကလေးအတွက်စိုးရိ မ်တာပေါ့။ ကို့ဆီမှာက ငွေရေးကြေးရေးအခက်အ ခဲ၊သွားလာရတာတွေလည်း အခက်အခဲ
ဖြစ်နေတာပါတယ်။ ကျွန်မတို့လည်း ကလေးမွေးရင် ကျန်း မာရေးစောင့်ရှောက်မှုတွေကို အားကိုးရ
တဲ့ ဆရာ/ဆရာမတွေလည်း လိုချင်တာပေါ့။”လို့ မယဉ်ယဉ်ထွေးက ဆိုပါတယ်။
ရခိုင်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့
စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေရပ်တန့်နေပေမယ့် ဒေသခံပြည်သူတွေကတော့ စိုးရိမ်မှုတွေ၊ဆင်းရဲပင်ပန်းမှုတွေကြားမှာ ဝေးလံခေါင်းဖျားတောတောင်တွေကြားက လူနည်းစုအမျိုး သ မီးတွေကတော့ အခက်အခဲပေါင်းများစွာ အသက်ရှင်ရပ်တည်းနေကြရပါတော့တယ်။

 437 total views,  1 views today