မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံမှာ ဆရာဝန်ချပေးဖို့ လိုအပ်နေပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိန်ညိုတိုက်နယ်ဆေးရုံမှာ တာဝန်ကျ ဆရာဝန် လွဲပြောင်းသွားတာ တစ်လခွဲလောက်ကြာနေပြီဖြစ်ပေမယ့် အစားထိုးဆရာဝန်သစ် ရောက်ရှိမလာသေးလို့ အရေးပေါ် လူနာတွေကို ကုသဖို့ အခက်အခဲဖြစ်နေပါတယ်။

တိန်ညိုဆေးရုံကို အနီးအနားက ကျေးရွာပေါင်း ၅၄ ရွာနဲ့ အဲဒီရွာထဲက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်က မှီခိုအားထားနေရတာပါ။

လက်ရှိမှာတော့ အဆိုပါဆေးရုံမှာ သူနာပြုအနည်းငယ်ပဲ ရှိတာကြောင့် ဖျားနာချောင်းဆိုးအတွက်သာ ပြသနေကြရပြီး အရေးပေါ်လူနာတွေအတွက် ၁၀ မိုင်လောက်ဝေးတဲ့ မြောက်ဦးဆေးရုံကို သွားနေရ တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။

ဒါကြောင့် ကျေးရွာသားတွေနဲ့ စစ်ဘေးရှောင်တွေက အဆိုပါဆေးရုံမှာ ဆရာဝန်အသစ် အမြန်ဆုံး ခန့်အပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

 327 total views,  1 views today