Arakan Yoma

ရခိုင်ပြည်နယ်စွာ မြန်မာနိုင်ငံမှာ ဒုတိယ
အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တေဆိုစွာကို လူတိုင်းအသိပင်ဖြစ်ပါရေ။ရခိုင်မှာတောတောင်မြစ်ချောင်းပေါ များရေအတွက်နန့် လမ်းပန်းဆက်သွယ်ရေးခက်ခဲစွာရေ ပြည်နယ်အနှံ့ ဖြစ်ပါရေ။

ဒေအထဲအမှာ ဝီးလံခေါင်ဖျားရေဒေသတိက လူနည်းစုတိနီထိုင်ရေဒေသတိမှာ
လူမှုရီး၊ကျန်းမာရီး၊ပညာရီး စရေ ကဏ္ဍ ပေါင်းစုံမှာ နိမ့်ကျနီကတ်တုန်းဖြစ်ပါရေ။

ဒေပိုင်အခြေအနေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ဘဲငါးရာတောင်အနောက်ဖက်ရှိ မြို၊ခမီတိနီထိုင်ရေ ကျေးရွာငါးရွာလည်းပါဝင်ပါရေ။

ဒေရွာရေ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတရုတ်-လက်ဝဲစာတိုက်ကားလမ်းထက်မှာ တည်ရှိနီကေလေ့ ကားလမ်းမှာ ကကောင်းပျက်စီးနီရေအတွက်နန့်လားလာဖို့မရအောင်ထိဖြစ်နီပါရေ။

ဒေငါးရွာထဲက မြို့ရွာကျေးရွာမှာ နီထိုင်ရေ အသက် ၂၉ နှစ်အရွယ်၊မြိုတိုင်းရင်းသူ မယဥ်ယဥ်ထွေစွာ ၄ ယောက်မြောက်ရင်သွီးကိုလွယ်ထားရသူဖြစ်ပါရေ။

သူမရို့နီထိုင်ရေကျေးရွာအုပ်စုငါးရွာစလုံးမှာ ကျေးလက်ကျန်းမာရီးဌာနမရှိ
ရေပိုင် ကျန်းမာရီးဝန်ထမ်းလေ့တစ်ယောက်လည်းမရှိရေအတွက်နန့်ကိုယ် ဝန်ဆောင်မိခင်တိကျန်းမာရီးစောင့်ရှောက်မှုခံယူဖို့ ခက်ခဲနီကတ်ပါရေ။

‘ဒေမှာက ဆရာဝန်ကြီးတိနန့်ပြရစွာလဲမဟုတ်ပါ။အဆင်မပြေရေအတွက်နန့်
ရမ်းကုဆရာတိနန့်ပြနီရပါရေ။ကိုယ်ဝန်ကို ဖောင်ဆိပ်က နာစ့်မပါးမှာ အပ်ထားပါရေ။လတိုင်းလားပြရပါရေ။ဆေးတိတော့ ပီးပါရေ။နာ့စ်မနန့်က ကာကွယ်ဆီးထိုးစွာလောက်ရာရှိပါရေ။ ဒန်းဂါး တော့မပီးရပါ။” လို့ မယဥ်ယဥ်ထွေးက ဆိုပါရေ။



ယင်းမမာ့မှာ အသက် ၁၂ နှစ်အရွယ် သားတစ်ယောက်နန့်အသက် ၇ နှစ်အ ရွယ် သမီးတစ်ယောက်ရှိနီပနာ တတိယမြောက်ရင်သွီးခါက ကိုယ်ဝန်ငါးလ သားဖြစ်ချိန်မှာ ပျက်ကျလားခရေလို့
ဆိုပါရေ။ ယင့်မမာရို့ဒေသစွာ ဝီးလံခေါင်ဖျားလို့ သားဆက်ခြားနည်းလမ်းတိကို မသိရေပိုင် အချေတိမွီးရေချိန်ခါမှာလည်း ကျေးလက်တောရွာက အရပ်လက်သ ည်တိနန့်ရာ ကြုံရေပိုင်မွီးဖွားနီကတ်ရရေလို့ ဆိုပါရေ။


ကိုယ်ဝန်ဆောင်အမျိုးသမီးတိ အတွက် ဥပဒေအရအကာအကွယ်တိရှိနီကေလေ့ ဒေပိုင်ဝီးလံခေါင်ဖျားရေ တောတောင်တိ ကြားမှာ နီထိုင်ကြီးပြင်းလာရသူတိအတွက် မဆိုင်ရေပိုင်ဖြစ်နီပါရေ။ ”တခါတလီ ကာကွယ်ဆီးထိုးဖို့တော့လာပါရေ။လတိုင်းတော့မလာပါ။ သူရို့
ကာကွယ်ဆီးထိုးဖို့ဆိုကေလာပါရေ။” လို့ သူရို့ကျေးရွာသို့ ကျန်းမာရေးဝန်ထမ်းတိလာရောက်မှုနန့်ကျန်းမာရီးစောင့်ရှောက်မှုအခြေအနေတိကို ဆက်ပြောပါရေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈၊အပိုဒ်၃၅၁ မှာ”အချေမိတိ၊အချေအငယ်တိနန့်ကိုယ်ဝန်ဆောင်မမာ့တိရေ ဥပဒေအရသတ်မှတ်ထားရေ သက်ဆိုင် ရာ အခွင့်အရေးတိကို အညီအမျှခံစား ခွင့်ရှိစီရမေ။” လို့ ရီးသားဖော်ပြထားပါရေ။

ဒေကျေးရွာတိက ဒေသခံပြည်သူတိစွာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ အနီး ဆုံးမှာရှိရေ ကျေးလက်ကျန်းမာရီးဌာနသို့ အချိန်မီမလားရောက်နိုင်ခကတ်တေအတွက်နန့်ကိုဗစ်ကာကွယ် ဆီးမ ထိုးလိုက်ကတ်ရလို့လည်း ဆိုကတ်ပါရေ။

”နိုင်ငံတော်အစိုးရက ကျန်းမာရီးကိစ္စနန့်ပတ်သက်လို့ ကျွန်တော်ရို့မြို့ရွာအုပ် စုတစ်ခုလုံးအတွက်ကို ကျန်းမာရီးဆီး ပီးခန်းတစ်ခုဆောက်ပီးကေ ပိုပနာအဆင်ပြေဖို့လို့ ထင်ပါရေ။ ကိုဗစ်ဆီးထိုးဖို့ကိစ္စကိုလည်း ကျွန်တော်ရို့ရွာကို လာပနာထိုးပီးစီချင်ပါရေ။သက်ကြီး ရွယ်အိုတိအတွက်ပိုလို့ အဆင်ပြေပါဖို့။ ”လို့ မြို့ရွာအုပ်စုမှာကျန်းမာရီးကိစ္စတိ လုပ်ပီးနီရေ ဦးစံလှဖော်က ဆိုပါရေ။ ယင်းမြို့ရွာကျေးရွာအုပ်စုနန့်အနီးဆုံး ကျန်းမာရီးဌာန၊ဖောင်ဆိပ်ကျေးရွာမှာရှိပြီးကေ ၃ မိုင်ကျေ ာ်ကွာဝီးဗျာယ် တစ် နာရီကျော်လမ်းလျှောက်လားကတ်ရရေလို့ ရှင်းပြကတ်ပါရေ။


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်ဧ့ အပြီးသတ်အစီရင်ခံစာပါမှာ ”မြန် မာနိုင်ငံတောအစိုးရရေ နိုင်ငံသားဖြစ်တည်မှုကို အခြေခံရေခွဲခြားမှုတိကို မပြုလုပ်ဘဲ နီထိုင်သူတိအားလုံးအတွက် ပြီးပြည့်စုံရေ အိမ်တိုင်ရာရောက် ကာကွယ်ဆီးထိုးစီမံချက်လုပ်ဆောင်မှုကို အရှိန်မြင့်တင်သင့်ပါ ရေ။”
”ယင်းပိုင်ဆောင်ရွက်စွာမှာ အချိန်ကြာ မြင့်စွာ ပိတ်ဆို့ခြင်းခံထားရရေဒေသတိကို ဦးစားပေးဆောင်ရွက်သင့်ပါရေ။ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်လို ရေ အဖွဲ့အစည်းတိကလေ့ ယင်းလုပ်င န်းစဉ်တိမှာ လိုအပ်တေနည်းပညာနန့်ငွေကြေးအကူအ ညီိတိကို ပီးသင့်ပါရေ။” လို့ အကြံပြုတိုက်တွန်းထားပါရေ။

”အချေမွီးစွာကို အိမ်မှာကောင်းကော င်း မွန်မွန် မွီးချင်ပါရေ။ဆီးရုံမှာမွီးကေ
ပိုကောင်းပါရေနန့်ရာ၊ယကေလေ့ ဒန်းးဂါး က မတတ်နိုင်ပါ။” လို့ မယဉ်ယဉ်ထွေးက ပြောပါရေ။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မ တော်နန့်ရက္ခိုင့်တပ်တော်(အေအေ)ရို့ ကြားဖြစ်ပွားခရေ တိုက်ပွဲတိထဲမှာ ယင့် မမာ့ရို့နီထိုင်ရေ ကျေးရွာနားက အောင်မကျော်တောင် တောင်ကျော်လမ်းနားကတိုက်ပွဲလေ့ပါဝင်ပါရေ။
မယဉ်ယဉ်ထွေးရို့ဇာတိရွာ မြို့ရွာကျေး ရွာအုပ်စုမှာ မြို့ရွာ၊ဘဲငါးရာ၊ထုံးဘူး၊သရက်ချောင်း၊မရစ်ချောင်းစရေ ကျေး ရွာငါးရွာပါဝင်ပါရေ။ ယင်းကျေးရွာငါးရွာမှာ လူနည်းစုဖြစ် တေ မြို၊ခမီစရေ အိမ်ထောင်စု ၂၇၁ စု၊လူဦးရေ ၁၅၃၂ ဦး နီထိုင်နီကတ်ပနာ မိရိုးဖလာတောင်ယာလုပ်ငန်းကို လုပ် ကိုင်နီကတ်စွာဖြစ်ပါရေ။ ဒေ ဒေသမှာ နီထိုင်ကတ်တေလူတိစွာ စစ်ဘေးမရှောင်ခကတ်ရကေလေ့ စစ် မက်ပဋိပက္ခဇုန်ထဲမှာပါဝင်လို့ အရာရာနောက်ကျကျန် နီခပါရေ။



ဒေကျေးရွာတိကို အစိုးရဖက်ကလေ့ ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီတိကို ထိထိရောက်ရောက်မပီးရေပိုင် နိုင်ငံတကာ အဖွဲ့အစည်းတိအကူအညီပီးမှုတိကို လည်း ကန့်သတ်ထားပါရေ။


စစ်မက်ပဋိပက္ခဖြစ်ပွားရေဒေသတိက အမျိုးသမီးတိဧ့ ငြိမ်းချမ်းရီးနန့်လုံခြုံ ရီးကို ကကောင်းအလေးထားရေ ပထ မဆုံး ဆုံးဖြတ်ချက်တစ်ခုကိုကမ္ဘာ့ကု လသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိကအောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၀၀ ခုနှစ်က အတည်ပြုဆုံးဖြတ်ခကတ်ပါရေ။


ယင်းကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)မှာ အမျိုးသမီး တိနန့်အချေအငယ်တိကို အကာအကွယ်ပီးခြင်း(Protection)လေ့ပါဝင်ပနာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်တေ မြန်မာနိုင်ငံကလေ့အ ကောင်အထည်ဖော် ဆောင်ရွက်ဖို့ တာ ဝန်ရှိနီပါရေ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မ ရှင်ဧ့အပြီးသတ်အစီရင်ခံစာထဲမှာ”ရီနန့် သန့်ရှင်းရီး အဓိက အညစ်အကြေးစွန့်ပစ်ရီးအတွက် လိုအပ်တေ အခြေခံအ ဆောက်အဦးတိကို အဆင့်မြင့်တင်ပီးရဖို့။” လို့ တိုက်တွန်းထားပါရေ။ ဒေကျေးရွာတိက မမာ့တိစွာ တောင်ကျ ချောင်းတိ၊မြောင်တိမှာရာ မလုံမခြုံရီချိုးနီကတ်ရရေပိုင် မသန့်ရှင်းရေ သောက်သုံးရီတိကို မြောင်တိက နီပနာ
ခပ်ယူသောက်သုံး အသက်ရှင်နီကတ်ရပါရေ။

”ကျန်းမာရီးဌာနနန့်ဝီးရေအတွက်နန့် ၂၀၁၉ ကဆိုကေ လမ်းမှာ ကိုယ်ဝန် ဆောင်မမာ့တစ်ယောက်သီလားခပါရေ။ယင့်အတွက်နန့် ကျွန်တော်ရို့ရွာကို ကျန်းမာရီးဌာနခွဲဆီးခန်းတစ်ခုလောက် ပီးစီချင်ပါရေ။” လို့ မြို့ရွာအုပ်စုမှာ ကျန်းမာရီးကိစ္စတိကို ဆောင်ရွက်ပီးနီရေ ဦးစံလှဖော်က တောင်းဆိုပါရေ။

မြန်မာနိုင်ငံဧ့ပဋိပက္ခဒေသတိက မမာ့တိဧ့ ဘေးကင်းလုံခြုံရီးတိ၊အသက်ရှင်ရပ်တည်ရီးတိစွာမြန်မာ့ငြိမ်းချမ်းရီး ဖြစ်စဉ်နန့်ဆက်စပ်နီပနာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)ကို လက်မှတ်ထိုးထား ရေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ တာဝန်ရှိနီရေလို့ထောက်ပြပြောဆိုကြပါရေ။

ပြည်ထောင်စုသဘောတူစာချုပ် အစိ တ်အပိုင်း(၁) လူမှုရေးကဏ္ဍအပိုဒ် ၃ မှာ ”သက်ကြီးရွယ်အိုတိ၊မသန်စွမ်းသူတိ၊ ၊မမာ့တိနန့်အချေအငယ်တိဧ့အခြေခံရပိုင်ခွင့်နန့်အခွင့်အရေးတိကိုလူမျိုး ရေး၊ဘာသာရေး၊ ဆင်းရဲ၊ချမ်းသာ စ ရေ ခွဲခြားမှုမရှိဘဲ ထိရောက်စွာကာကွယ်စောင့်ရှောက်ရန်နန့်လူမှုဘဝမြင့်တင်မှုကိုဆောင်ရွက် ရန်။”လို့ ဆိုထား ကေလေ့ ငြိမ်းချမ်းရေးညီလာခံထဲမှာ မမာ့တိအရေးကို သီးခြားဆွေးနွေးမှုတိမရှိသိလို့ ဆိုပါရေ။



“ဒေပြည်ထောင်စုအတွင်း နီထိုင်ကတ်တေ နိုင်ငံသားအားလုံးကို လူမျိုးရေး၊ဘာသာရေး၊ယဉ်ကျေးမှုနန့်လိင်ကွဲပြားမှုတိကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲတန်းတူရည်တူအခွင့်အရေးရရှိစီရန်။” လို့ ပြည်ထောင်စုသဘောတူစာချုပ်အ ပိုဒ် ၃ ၏ နောက်ဆက်တွဲ က ၂ မှာဖော် ပြထားပါရေ။

ယကေလေ့ အမှန်လက်တွီ့မှာခါ လူ န ည်းစုတိထဲက မမာ့တိအပါအဝင် လမ်း ပန်းဆက်သွယ်ရီးခက်ခဲပနာ ဝီးလံခေါင်ဖျားရေဒေသတိက မမာ့တိစွာ အချေမွီးစွာကအစ ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ကျော်လွှားရှင်သန်နီကတ်ပါရေ။

”ရွာမှာက ကျန်းမာရီးစောင့်ရှောက်မှုမရှိရေအတွက်နန့်လက်သည်မနန့်ရာ မွီးရပါရေ။အချေအတွက် စိုးရိမ်ပါရေ။ကိုယ့်ပါးမှာက ဒန်းဂါး အခက်အခဲ၊လားရစွာတိလေ့ အခက်အခဲတိဖြစ်နီပါရေ။ အကျွန်ရို့လေ့ အချေမွီးကေ ကျန်းမာရီ းစောင့်ရှောက်မှုတိကို အားကိုးရရေ ဆရာ/ဆရာမတိလေ့ လိုချင်ပါရေနန့်ရာ။”လို့ မယဉ်ယဉ်ထွေးက ဆိုပါရေ။


ရခိုင်မှာ ရက္ခိုင်တပ်တော်(အေအေ)နန့်စစ်ကောင်စီတပ်ရို့ကြား တိုက်ပွဲတိရပ်နီကေလေ့ ဒေသခံပြည်သူတိမှာတော့ခါ စိုးရိမ်မှုတိ၊ဆင်းရဲပင်ပန်းမှုတိကြားမှာ ဝီးလံခေါင်ဖျားတောတောင်တိကြားက လူနည်းစုမမာ့တိမှာအခက်အခဲအများကြီးနန့်အသက်ရှင် ရပ်တည် နီကတ်ရတုန်းရာ ဖြစ်နီပါသိမ့်ရေ။



 397 total views,  2 views today