Arakan Yoma


ရခိုင်မှာ ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း (Development Crisis) ၊ လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်း (Hum an Rights Crisis) နဲ့ လုံခြုံမှုဆိုင်ရာ အကျပ်အတည်း(Security Crisis) တွေ ဖြစ်ပေါ်နေတယ်လို့ ရခိုင်ကော်မရှင်က ဆိုပါတယ်။


၂၀၁၀ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း ရခိုင်မှာ ၂၀၁၂ ခုနှစ်မှစတင်ကာ ပဋိပက္ခပေါင်းစုံ ဖြစ်ပေါ်ခဲ့ပါတယ်။


ဒီပဋိပက္ခတွေရဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ် ရခိုင်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်တွေဟာ အဆင့်မြင့်ပညာ ရေးဖြစ်တဲ့ တက္ကသိုလ်ပညာရေးကို တလက်ရောက်သင်ကြားခွင့်ကန့်သတ်ခံလိုက်ရပါတယ်။


ဒီအထဲမှာ မြန်မာနိုင်ငံအနောက်ဖက်အ စွန်ဆုံး၊ မောင်တောခရိုင်က မူဆလင်တွေလည်း ပါဝင်ပါတယ်။

အဲဒီလို့ အခက်အခဲတွေကြား ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့ပေါ်က အစ္စလာမ်ဘာသာဝင်၊ ကျောင်းသားလေး တစ်ဦးဟာ ၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းကို ၆ ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။


သူကတော့ မာမတ်အာယစ်ဖြစ်ပြီးသူရဲ့ အိပ်မက်ကတော့ ဆေးကျောင်းတက်ခွင့်ရပြီး ဆရာဝန်ဖြစ်တဲ့ တစ်နေ့ကျရင် လူမျိုးဘာသာမရွေးကို ဆေးကုသပေးချင်တာလို့ ပြောပါတယ်။
“အဓိကတော့ ဆရာဝန်ဖြစ်ချင်တာပေါ့နော်။ ဆရာဝန်ဖြစ်ပြီးတော့ ဒီဒေသမှာရှိတဲ့ ပြည်သူ၊ပြည်သားတွေကို စေတနာ ရှိရှိနဲ့ ဆေးကုသပေးချင်ပါတယ်။” လို့ သူက ပြောပါတယ်။


သူဟာ ဆယ်တန်းအောင်တဲ့နှစ်ကတည်းက ဆရာဝန်ဖြစ်လုပ်ဖို့ဆေးတက္က သိုလ်ကိုလျှောက်ထားလိုက်ပေမယ့် ဒီ၂၀၂၁ ဒီဇင်ဘာလတတိယအပတ်ထိ မေဂျာအတည်ပြုချက်မရောက်သေးဘူးလို့ ဆိုပါတယ်။ သူဟာ ဘူးသီးတောင်မြို့မှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပေမယ့် နိုင်ငံသားကတ်မရသေးဘဲ နိုင်ငံသားပြုကတ်နဲ့ ဆေးကျောင်းတက်ဖို့စောင့်မျှော်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကြောင့် တက္ကသိုလ်တွေပိတ်ထားရတာမို့ အချိန်တစ်နီစ်ကျော်ကြာစောင့်နေရချိန်မှာ ကဗျာတွေနဲ့တခြားစိတ်ဝင်စားစရာတချို့ကိုလေ့လာနေတယ်လို့လည်း ဆိုပါတယ်။
သူနဲ့အတူတစ်နှစ်တည်း တစ်ကျောင်းတည်းက ၅ ဘာသာနဲ့အောင်မြင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင်မိန်းကလေးတစ်ဦးလည်း ရှိပါတယ်။ သူမအမည်ကတော့ မလွင်လွင်ပြုံးဖြစ်ပြီး မိသားစုဝင် ၆ ဦး၊ညီအစ်ကိုမောင် နှမလေးဦးထဲမှာ ဒုတိယမြောက် သမီးဖြစ်ပါတယ်။



သူတို့နှစ်ဦးဟာ တစ်ရပ်ကွက်တည်းသားတွေဖြစ်သလို ဆေးတက္ကသိုလ်တက်ရောက်ဖို့ စောင့်မျှော်နေကြတာချင်းလည်း တူနေပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးစလုံးလက်ထဲကိုတော့ ဆေးတက္ကသိုလ်တက်ရောက်ခွင့် အကြောင်းကြားစာမရရှိကြသေးဘူးလို့ ဆိုကြပါတယ်။
မာမတ်အာယစ်မှာ မိခင်ဖြစ်သူက မြန်မာနိုင်ငံသားမှတ် ပုံတင်လက်မှတ်ရှိပြီး ဖခင်ဖြစ်သူက နိုင်ငံသား ပြုကတ်သာ ရှိတဲ့အတွက် သားဖြစ်သူလည်း နိုင်ငံသား (ပြု) ကတ်သာ ရထားတယ်လို့ မိခင်ဖြစ်သူက ရှင်းပြပါတယ်။


”ကျွန်မကတော့ ဆရာဝန်ဖြစ်ဖို့ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂုဏ်ထူးတွေအများကြီးရအောင်၊ အမှတ်တွေအများကြီးရအောင် ကြိုးစားခဲ့တာပါ။”လို့ ၅ ဘာသာဂုဏ်ထူးရှင် မလွင်လွင်ပြုံးက ဆိုပါတယ်။


ပညာရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာတော့ ဆေးတက္ကသိုလ်တက်မယ့် ကျောင်းသားရဲ့မိဘနှစ်ယောက်စလုံးဟာ (နိုင်) ၊ (ပြု) ၊ (ဧည့်) လက်မှတ်တစ်ခုခု ကိုင်ဆောင်ထားရင် တက်ရောက်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။


ရခိုင်မှာ ၂၀၁၂ ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မွတ်စလင်ကျောင်းသားတွေဟာ လုံခြုံရေးစိုးရိမ်လို့ ရခိုင်ရှိတ က္ကသိုလ်တွေမှာ သွားရောက်ပညာသင်ယူဖို့ ခက်ခဲသွားကြတယ်လို့ ဆိုပါတယ်။


”ကျွန်တော်တို့ မူဆလင်အသိုင်းအဝိုင်းမှာ ပညာတတ်တွေကနည်းပါတယ်။ အများအားဖြင့် ပညာတတ်တဲ့သူက တစ်ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ကျန်တဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလော က်ကမတတ်ကြပါဘူး။သူတို့တွေကို ကျွန်တော့သမီးလို ကြိုးစားစေချင်ပါတယ်။” လို့ မလွင်လွင်ပြုံးအဖေက ဆိုပါတယ်။


ဒီအပြင် ၂၀၁၆/၂၀၁၇ ခုနှစ်တွေမှာ မောင်တောဒေသကပဋိပက္ခဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားလာတော့ လုံခြုံရေးအ ကြောင်းပြချက်တွေနဲ့ ခရီးသွားလာခွင့်၊ အဆင့်မြင့်ပညာသင်ကြားခွင့်တွေ ကန့်သတ်ခံလိုက်ကြရပါတယ်။


ဒီလိုအခြေအနေတွေကြောင့် ရခိုင်က မွတ်စလင်တွေကို မြန်မာအာဏာပိုင်တွေက ခရီးသွားခွင့်ကန့်သတ်ထားတဲ့အတွက် မောင်တောမှာ မွေးဖွားကြီးပြင်းတဲ့ မာမတ်အာယစ်တို့အဖို့ဆေးတ က္ကသိုလ်တက်ရောက်ခွင့်ဟာလည်း ဝေဝါးနေဆဲပဲဖြစ်ပါတယ်။


ရခိုင်က ဆယ်တန်းအောင်တဲ့ကျောင်း သားတွေဟာ စစ်တွေတက္ကသိုလ်နဲ့ တောင်ကုတ်တက္ကသိုလ်ကိုသာ အဓိကကတက်ရောက်သင်ယူနေကြရပါတယ်။
”ပညာတတ်တွေများလာရင် ရခိုင်နဲ့မူဆလင်တွေကြားမှာ နားလည်းမှုတွေလွှဲနေတာက ပပျောက်သွားမယ်လို့ ကျွန် တော်ထင်တယ်။” လို့ မလွင်လွင်ပြုံးအဖေက ဆက်ပြောပါတယ်။


ရခိုင်မှာပဋိပက္ခတွေနောက်ပိုင်းအစိုးရဖက်က မွတ်ဆလင်တွေနေတဲ့မြို့တွေမှာ တက္ကသိုလ်အဝေးသင်ပညာကို သ င်ကြားပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။
ဒါပေမယ့် အသက်မွေးဝမ်းကျောင်းပညာတွေ၊သိပ္ပံ၊ဝိဇ္ဇာဘာသာရပ်တွေကို သင်ယူခွင့်မရကြဘဲ မြန်မာစာနဲ့သမိုင်း ဘာသာရပ် နှစ်ခုတည်းကိုပဲ သင်ပေးနေတာကြောင့် မွတ်စလင်ကျောင်းသားတွေအတွက် အခက်အခဲတွေဖြစ်နေသလို တက္ကသိုလ်ဆက်မတက်တော့ဘဲ ပညာလမ်းဆုံးသွားတဲ့သူတွေလည်း ရှိနေပါတယ်။

”ပြည်ထောင်စုအစိုးရနှင့်ရခိုင်ပြည်နယ်အစိုးရတို့သည် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းအားလုံးအား ၎င်းတို့ ၏ကိုးကွယ်သည့်ဘာသာ၊လူမျိုးနှင့်နို င်ငံသား၊ကျား၊မဆိုင်ရာဖြစ်တည်မှုတို့အပေါ် အခြေခံ၍ ခွဲခြားမှုမပြုလုပ်ဘဲ တူညီသော ပညာသင်ကြားခွင့်ကို ရရှိအောင် ဆောင်ရွက်ပေးရမည်။”
”အစိုးရအနေဖြင့် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းများကို လျော့ကျသွားစေသည့် လွတ်လပ်စွာ ခရီးသွားလာခွင့်အ ပေါ်ထားရှိသော ကန့်သတ်ချက်များကိုဖယ်ရှားသင့်ပါသည်။”
”ထိုအပြင် နိုင်ငံသားမဖြစ်သေးသည့် ကျောင်းသူ၊ကျောင်းသားများအား အ ဆင့်မြင့်ပညာ သင်ကြားခွင့်မပြုသည့် ခွဲခြားနှိမ့်ချဆက်ဆံသည့် ကျင့်သုံးမှုများအားလည်း ပြင်ဆင်သင့်ပါသည်။”လို့ ရခိုင်ကော်မရှင်က အကြံပြုထားပါတယ်။


ဒီအပြင်ကမ္ဘာ့ကပ်ရောဂါကိုဗစ်နဲ့ရခိုင်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရပ်နားထားရတဲ့ ပညာသင်ကြားခွင့်တွေကြောင့် တက္ကသိုလ်ပညာဆက်လက်သင်ယူခွင့်နဲ့ပိုမိုအလှမ်းဝေးသွားရတယ်လို့လည်း မောင်တောဒေသခံမွတ်ဆ လင်တွေက ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီရွေးကောက်ခံအစိုးရကို စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာတော့ မြန်မာတစ်ပြည်လုံးက တက္ကသို လ်ကျောင်းသား/သူတွေဟာ ပညာသင်ကြားခွင့်နဲ့ပိုမိုအလှမ်းဝေးသွားပါတယ်။ ဒီလိုတက္ကသိုလ်တွေပိတ်ထားတဲ့အချိန်တစ်နှစ်ကျော်မှာ ကိုယ့်ဝါသနာပါရာက ဗျာရေးတာ၊ ဗီဒီယိုတချို့ဖန်တီးတာတွေကို လုပ်နေတာမို့ အဂ်လိပ်၊မြန်မာ ၂ ဘာသာနဲ့ ကဗျာတချို့ ရေးသားထားတယ်လို့လည်း ဆိုပါတယ်။



”ကဗျာရေးတာကို တအားဝါသနာပါတ ယ်။စာရေးတာ၊မဂ္ဂဇင်းတွေမှာရေးတာ၊ဗီဒီယိုဖန်တီးတာတွေကိုလည်း ဝါသနာ ပါတယ်။” လို့ မာမတ်အာယစ်က ပြောပါတယ်။


အာဏာသိမ်းစစ်ကောင်စီကတော့ လာမယ့် ၂၀၂၂ နှစ်ဆန်း၊ဖေဖော်ဝါရီလမှာတက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ပြောဆိုထားပါတယ်။ အဲဒီပြောဆိုချက်အတိုင်မီ ရခိုင်ပြည် နယ်ရှိ မွတ်ဆလင်တွေကို နယ်ကျော် သွားလာခွင့်ပိတ်ပင်တဲ့ဒေသန္တရအမိန့်တစ်ခုကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၅ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီကန့်သတ်ချက်ဟာ စစ်အစိုးရလ က်ထက်က စတင်ခဲ့တာဖြစ်ပြီး ခုစစ်ကောင်စီလက်ထက်မှာ ပိုမိုတင်းကျပ်ရန် ကြိုးစားလုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီလိုကန့်သတ်ချက်ကြောင့် မြို့နယ်၊ ခရိုင်၊ပြည်နယ်နဲ့တိုင်းကျော်ပြီး ခရီး သွားလာမယ်ဆိုရင် သက်ဆိုင်ရာခွင့်ပြု ချက်နဲ့ ခရီးသွားလာခွင့်လက်မှတ်(လဝကပုံစံ-၄) ရယူပြီးမှသွားရောက်ရန် သ တ်မှတ်ခဲ့တာမို့ ကျန်းမာရေး၊ပညာရေးနဲ့လူမှုရေးကိစ္စတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဖြစ်ပေါ်နေပါတယ်။



ရခိုင်ရှိမွတ်ဆလင်တွေကို နိုင်ငံတကာမှ “ရိုဟင်ဂျာ”လို့ခေါ်ကြပေမယ့် စစ်ကောင်စီက “ဘူးသီးတောင်မြို့နယ်ရှိဘင်္ဂလီလူမျိုးများ” လို့ အဲဒီအမိန့်စာမှာ သုံးနှု န်းရည်ညွှန်းထားပါတယ်။
၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ နိုင်ငံသား(ပြု)လျှောက်လို့မရသေးခင် NVCလျှောက်ကြဖို့နဲ့ အဲဒီလိုလျှောက်ထားသူတွေကို အစိုးရဖက်က ပေါ်လဆီတချို့ ဖြေလျှော့ပေးသင့်တယ်လို့လည်း မောင်တောခရိုင်က မွတ်ဆလင်တွေက ဆိုပါတယ်။


”တချို့ပေါ်လဆီတွေကိုဖြေလျော့လိုက်မယ်ဆိုရင် လူတွေအများကြီးလျှောက်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”လို့ မလွင်လွင်ပြုံးအဖေကဆိုပါတယ်။


စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ခရီး သွားလာခွင့်လက်မှတ်(လဝက ပုံစံ ၄) ရယူရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်ကို တောင်းခံရပြီး အဲဒီထောက်ခံချက်ရမှသာ သက်ဆိုင် ရာလူဝင်မှုကြီးကြပ်ရေးဌာနသို့လျှောက်ထားရပါတယ်။ အဲဒီလိုလျှောက်ထားပြီးခွင့်ပြုချက်ရဖို့ အနည်းဆုံး ၃ ရက်မှ ၇ ရက်ထိ ကြာမြင့်တယ်လို့လည်း ပုံစံ ၄ ရယူခဲ့ကြသူမော င်တောခရိုင်က မွတ်ဆလင်တချို့က ပြောပါတယ်။



အဲဒီလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ် ပေးနေတဲ့ ခရီးသွားလာခွင့်လက်မှတ်ရဲ့သက်တမ်းဟာ ပြည်နယ်တွင်းသွားလာခွင့် ၁၄ ရက်သာဖြစ်ပြီး ပြည်နယ်ကျော် သွားလာခွင့်က ရက် ၃၀ ဖြစ်ကာ ရက် လွန်သွားပါက ဒဏ်ကြေးငွေပေးဆော င်ရတယ်လို့ ပြောကြပါတယ်။ အဲဒီကန့်သတ်တဲ့စနစ်ကို ၁၉၉၂ ခုနှစ်စစ်အစိုးရခေတ်ကစတင်ကာ လဝကပုံစံ-၄ နဲ့ ခရီးသွားလာခွင့် ကန့်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။


”အစိုးရအနေဖြင့် နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်အတွင်း ရှင်းလင်းတိကျသည့်မဟာဗျူဟာနှင့်အချိန်ကာလကို သ တ်မှတ်သင့်သည်။ထိုမဟာဗျူဟာသ ည် ပွင့်လင်းမြင်သာ၍ ထိရောက်မှုရှိကာ လက်ရှိတည်ရှိနေသော ဥပဒေပြုမှုအတွင်း၌ ခိုင်မာစွာအခြေပြုထားရမည်။” ဟု ရခိုင်ကော်မရှင်က ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်က မွတ်ဆလင်တွေဟာ တခြားတိုင်းဒေသကြီး၊ပြည်နယ်တွေက မွတ်ဆလင်တွေထက် ကန့်သ တ်မှုကို ပိုမိုခံနေကြရတယ်လို့လည်း မောင်တောခရိုင်ရှိ မွတ်ဆလင်တွေကပြောပါတယ်။


ရခိုင်က မွတ်ဆလင်တွေဟာ တခြားဒေ သတွေကို ခရီးသွားရင် စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံတွေ ပေးနေရပေမယ့် ရန်ကုန်အပါအဝင် တခြားဒေသက မွတ်ဆလင်တွေကတော့ ဘယ်နေရာကိုမဆို အတားအဆီးမရှိ သွားလာနိုင်တ ယ်လို့ ဆိုကြပါတယ်။
”၈၂ နိုင်ငံသားဥပဒေကနည်းနည်းလော က်တော့ ကျပ်သွားတယ်လို့ မြင်ပါတ ယ်။” လို့ မလွင်လွင်ပြုံးအဖေက မှတ် ချက်ပြုပါတယ်။

”ကျွန်တော်ဆရာဝန်ဖြစ်သွားရင်လည်း နိုင်ငံခြားသို့မသွားချင်ဘူး။ ဒီနိုင်ငံမှာရှ်တဲ့ဆင်းရဲသားတွေကို ဆေးကုသပေးချင်ပါတယ်။” လို့ မာမတ်အာယစ်က သူ့ဆန္ဒတွေကို ပြောပြပါတယ်။


မောင်တောခရိုင်က မွတ်ဆလင်တွေဟာ အဆင့်မြင့်ပညာတွေကို ဆက်လ က်သက်ယူဖို့ ကန့်သတ်ချက်တွေရှိနေပေမယ့် ဆေးတက္ကသိုလ်တက်မယ့်သူနှစ်ဦးကတော့ သူတို့ဆီးသို့ မေဂျာစာရွ က်ရောက်လာမယ့်နေ့ကို မျှော်လင့်စောင့်နေကြတယ်လို့ ဆိုလာပါတော့တယ်။

 433 total views,  1 views today