သူတို့ပြောတဲ့ စစ်တွေမြို့က မိဘမဲ့ ကလေးငယ်တချို့အကြောင်း

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဒေါ်ကြည်ကြည်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ABC ဆိုတဲ့ မိဘမဲ့ ကလေးဂေဟာမှာ အလုပ်လုပ်နေတာပါ။ သူ့ရဲ့ တာဝန်ကတော့ ကလေးတွေရဲ့ နေ့တဓူဝ ကိစ္စရပ်တွေဖြစ်တဲ့ တကိုယ်ရေ သန့်ရှင်းမှု၊ အအိပ်၊ အစားတွေနဲ့ ကစားချိန်တွေ စောင့်ကြည့်ပြီး ပြုစုဖို့ ဖြစ်ပါတယ်။ “အနားမှာ လာကပ်ပြီး မေမေ့လို့ ခေါ်လာတယ်။ သူတို့မှာ အမေလည်း မရှိ၊ […]

 820 total views

တပ်မတော်၏ ကောင်စီအစိုးရလက်ထက် ရခိုင်အမျိုးသားပါတီ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဆယ်စုနှစ်တစ်ခုအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရ ရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် အပါအဝင် နိုင်ငံတော်အဆင့် ရာထူး အကြီးတွေကို မရရှိခဲ့ ပါဘူး။ ဒါပေမယ့် တပ်မတော်က အာဏာ သိမ်းလိုက်ချိန်မှာတော့ နိုင်ငံတော်အဆင့် ဖွဲ့စည်း လိုက်တဲ့ စီမံအုပ်ချုပ်ရေး ကောင်စီမှာ အဖွဲ့ဝင်တစ်နေရာကို ရရှိလာခဲ့ပါတယ်။ အာဏာသိမ်း […]

 475 total views

ကျောင်းဆရာမဖြစ်ချင်တဲ့ ကျုးကျော်ရပ်ကွက်က ဖရဲသီးသည်

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း တပ်မတော်က အာဏာသိမ်းလို့အပြီး ဒုတိယမြောက်နေ့မှာ များစွာသော မိဘတွေက သား၊ သမီးတွေကို နေအိမ် ပြင်ပ မထွက်သွားကြဖို့ ဂရုစိုက်နေရချိန် အသက် (၁၄) နှစ်အရွယ် မစုစုအောင် တစ်ယောက်ကတော့ ဖရဲသီး ဗန်းလေးကို ခေါင်းပေါ်ရွက်ပြီး မြို့ပတ်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရောင်းနေရပါတယ်။ သူက ရခိုင်ပြည်နယ် စစ်တွေမြို့ မီးလောင်ပြင် ကျူးကျော်ရပ်ကွက်ကပါ။ […]

 632 total views

အသုဘလိုက်ပါ ပို့ဆောင်ပေးနေတဲ့ ရခိုင်အမျိုးသမီး တစ်စု

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း စစ်တွေပြည်သူ့ဆေးရုံက ရင်ခွဲရုံနှင့် လူသေအလောင်း သိုလှောင်ခန်း ပရဝုဏ်အတွင်း နာရေး ကူညီ လုပ်ဆောင်မှု မြင်ကွင်းများတွင် ယခင်က အမျိုးသားများကိုသာ တွေ့မြင်ရလေ့ ရှိသော်လည်း ယခုအခါ အမျိုးသမီးငယ်များပါ ပါဝင်လာသည်ကို မြင်ရသည်။ ထိုအမျိုးသမီးငယ်များမှာ လိမ္မော်ရောင် အင်္ကျီနှင့် အမဲရောင် ဘောင်းဘီတို့အား ယူနီဖောင်းအဖြစ် တူညီစွာ ဝတ်ဆင်ထားကြပြီး အသက် ၂၀ ဝန်းကျင်အရွယ် […]

 886 total views

မေ့လျောခံ ရခိုင်က အမြင်အာရုံမသန်စွမ်း လူငယ်များ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း စစ်တွေမြို့ရှိ “မေတ္တာဝတီ”ဟု အမည်ပေးထားသည့် အနှိပ်ခန်းသည် ရခိုင်ပြည်နယ်အတွင်းမှ မျက်မမြင်ဒုက္ခသည် လူငယ်တချို့၏ ဝမ်းစာ ရှာဖွေရာနေရာ တစ်ခုလည်း ဖြစ်သည်။ ယင်းအနှိပ်ခန်းတွင် ဂျန်ပန်အကြောဖြေနည်းပညာအား အမြင်အာရုံ မသန်စွမ်းသူများကို သင်တန်းပို့ချကာ ဝင်ငွေရရှိအောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၉ နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ဆယ်စုနှစ်တစ်ခုကျော်လွန်ခဲ့ပြီလည်း ဖြစ်သည်။ သို့သော် […]

 609 total views

ရခိုင်မှာ မြန်နှုန်းမြင့် 4G အင်တာနက်ရရေး တောင်းဆိုကြရာဝယ်

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း သတင်းထောက် သူငယ်ချင်းတစ်ယောက်နှင့် မက်ဆင်ဂျာကနေ ဗီဒီယိုကောပြောနေရင်း ဖုန်းမှန်သားပြင်တွင် Connecting ဟုပေါ်လာပြီး တစ်ဖက်မှ စကားသံ ရပ်သွားသည်။ အင်တာနက်ကို စစ်ကြည့်လိုက်တော့ 4G ဟုပေါ်နေသည့် ကွန်ယက်မှာ ပျောက်နေသည်။ အနီးတွင် ပါလာသည့် သူငယ်ချင်းကို မေးကြည့်ရာ မင်းပြားမြို့နယ် ဘက်ခြမ်းသို့ကူးပြီ ဖြစ်သောကြောင့် ထင်သည်ဟု ဆို၏။ ထိုအချိန်တွင် ကားပြတင်းပေါက်မှ ဘေးဘီဝဲယာသို့ […]

 528 total views

ရခိုင်မှာ သက်ငယ် မုဒိန်းမှုတွေ ဘာကြောင့် အဖြစ်များလာရတာလဲ

Photo credit to the UNICEF Myanmar/2017/Kyaw Kyaw Winn

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း သမီးဖြစ်သူ ပျောက်နေသဖြင့် လိုက်ရှာရန် ထွက်သွားသော ဖခင်သည် အမောတကြီးဖြင့် အိမ်သို့ ပြန်ပြေးလာသည်။ အိမ်အနီးသို့ အရောက်တွင် “ကိုယ့်သမီးအဝတ်တွေက ဘယ်လိုဟာလဲ”ဟု အလောတကြီးဖြင့် အော်မေးရာ ဇနီးဖြစ်သူက အိမ်အောက်သို့ ပြေးဆင်းလာပြီး “အကျႌအဝါဝတ်ထားတယ်”ဟု ပြန်ဖြေသည်။ ယင်းနောက် ဖခင်ဖြစ်သူက “အကျႌတထည်၊ ဖိနပ်တစ်ရံ မြင်ခဲ့တယ်”ဟု ဇနီးသည်ကို ပြောလိုက်သည်။ ထိုအချိန်တွင် သူတို့ဇနီးမောင်နှံသည် […]

 863 total views

ထပ်မံအနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ အစိုးရအသစ်အပေါ် မျှော်လင့်ထားကြတဲ့ ကမန်လူငယ်များ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း တန်းတူအခွင့်အရေး မရခြင်းနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည့် အကြောင်းကို ပြောပြနေရင်း ငယ်ဘဝက အကြောင်းအရာ တချို့ပါလာသည်ကို သတိထားမိသည်။ ပြည်နယ်၏ မြို့တော်သည် သူ့ မွေးရပ်ဖြစ်ပြီး ယင်းမြို့တွင် နာမည်ကြီးသည်ဟု ဆိုကြသောအထက်တန်း ကျောင်းတွင် ဆယ်တန်းအောင်ခဲ့ကာ ယင်းမြို့ရှိ တက္ကသိုလ်မှ ဘွဲ့ယူခဲ့သည် ဆိုသည့် အကြောင်းတို့ပါသည်။ ယခင်နှင့် ယခုအခြေအနေမှာ များစွာပြောင်းလဲသွားပြီဟု […]

 593 total views

စစ်တွေက ရွေ့ပြောင်း အမျိုးသမီးအလုပ်သမားတွေ ကိုဗစ်ကာလ ဘယ်လို ရုန်းကန်ကြသလဲ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း လူဦးရေ ၃၂ သိန်းခန့်ရှိသည့် ရခိုင်ပြည်နယ်တွင် ပြည်ပနှင့် တခြားတိုင်းနှင့် ပြည်နယ်များသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေသူ တစ်နေ့လျှင် လူဦးရေ ၃၀၀ ခန့်ရှိနေကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ဖူးသည်။ သို့သော် ယခု ကိုဗစ်ကာလတွင်တော့ ဟုတ်မည် မထင်ချေ။ မြန်မာနိုင်ငံကို ကိုဗစ် စတင်ပျံ့နှံ့လာခဲ့သော ပြီးခဲ့သည့် မတ်လလောက်မှ စတင်၍ ရခိုင်ပြည်နယ်မှ ပြည်ပနှင့် […]

 1,684 total views

စစ်ဘေးသင့် လူငယ်တွေရဲ့ဘဝ ဘယ်လိုရှေ့ဆက်ရဦးမှာလဲ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း “မိဘမွေးလိုက်တုန်းက အကောင်း။ ကားအက်စီးဒန့် ဖြစ်သွားတယ်။ ဆိုင်ကယ်အက်စီးဒန့် ဖြစ်သွားတယ်ဆိုရင် ကျွန်မတို့က ဖြေသာ သေးတယ်။ ခုက ဘာမှမဖြစ်ဘဲ ရွာနားမှာ တိုက်ပွဲတစ်ခါလဲ မဖြစ်ဖူးဘဲ လက်နက် ကျလာတာ ဆိုတော့ ကျွန်မ အရမ်းစိတ်ထိခိုက်ရတယ်။ ” ဟု ဆိုရင်း ဖြေမဆည်နိုင်ဘဲ စီးကျလာသည့် မျက်ရည်များကို ဒေါ်မာမာအေး တစ်ယောက် လက်တစ်ဖက်နှင့် […]

 583 total views