မြတန်ဆောင်းစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ အဆောင်တွေပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်က မြတန်ဆောင်းစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းက အဆာင်တွေ ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံ ဆရာတော် ဦးနန္ဒသာရ က မိန့်ပါတယ်။ ဒုက္ခသည်တွေနေထိုင်တဲ့ တဲအိမ်အဆောင် ၂၄၀ ကျော်၊ စာသင်ဆောင်တစ်ဆောင်နဲ့ လျှောက်လမ်း တံတားတစ်ခုကို ပြုပြင်ဖို့ လိုအပ်နေတာဖြစ်ပြီး တဲအိမ်တစ်ဆောင်ကို ငွေ ၂ သိန်း၊ စာသင်ဆောင်နဲ့ လျှောက်လမ်းတံတားကိုတော့ ၁၀ သန်းကျော်လောက်စီ ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း […]

 344 total views

ရခိုင်ပြည်နယ် ကွမ်းသီးတောက လူမှုဘဝ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ကျွန်တော် ကွမ်းသီးတောကို ရောက်ဖူးတာ သုံးခါမက ရှိပါပြီ။ ပြီးခဲ့တဲ့ သင်္ကြန်မှာတစ်ခါ၊ သည်သီတင်းကျွတ်က တစ်ခါနဲ့ စတိုရီရိုက်ဖို့ အင်တာဗျူးတစ်ကြိမ်ပေါ့။ တကယ်တော့ ကျွန်တော် ဒီကွမ်းသီးတောကို စရောက်ဖူး တည်းက ကျွန်တော့်ကို အလည်အပတ်ခေါ်တဲ့ သူငယ်ချင်းမိသားစုကပြောပြလို့ စတိုရီလုပ်ချင်ခဲ့တာပါ။ ပထမအကြိမ်ဟာ ကွမ်းသီးထွက်ချိန် မဟုတ်လို့ မလုပ်ဖြစ်ခဲ့သလို ဒုတိယတစ်ကြိမ်မှာလည်း သူငယ်ချင်းတွေနဲ့ အလည်အပတ်ခရီးပဲ သွားခဲ့တာမို့ […]

 496 total views

ရခိုင်မှာ PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၆ ဦးရှိလာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီဖက်က ဖမ်းဆီးထားသူ ရခိုင်ပြည်နယ်မှာ ၆ ဦးအထိရှိလာပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ၅ ဦးပါဝင်ပြီး ကျန်တဲ့ တစ်ယောက်က တော့ မြောက်ဦးမြို့နယ်က ဖြစ်ပြီး အမျိုးသမီးသုံးဦးနဲ့ အမျိုးသားသုံးဦးပါဝင်ပါတယ်။ ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ်၊ လူငယ်စာရေးဆရာ ကိုမင်းဒီပါ၊ အသက် (၂၄) နှစ်အရွယ် သံတွဲမြို့ခံ ကိုရဲနိုင်ဦးတို့ကို […]

 311 total views

ရခိုင်မြောက်ပိုင်းက ရခိုင်နဲ့ မွတ်ဆလင်တို့ရဲ့စာသင်ဝိုင်း

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဆက်ဆံရေးတင်းမာနေခဲ့တဲ့ လူမျိုးစုနှစ်ခုကြား ပြန်လည်သဟဇာတကျလာရေး လိုလားသူနှစ်ဦး ပေါင်းစည်းမိချိန်မှာ ငြိမ်းချမ်းရေး စာသင်ဝိုင်းငယ်လေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဆောင်ရွက်နေတဲ့ စစ်ဘေးရှောင်စခန်းက ကျောင်းသားတွေကို အစ္စလာမ်ဘာသာဝင် စာရေးဆရာတစ်ဦးက လာရောက်ပြီး အမခဲ့ ပညာဒါန ပြုလုပ်နေခြင်းပါ။ ဒီအစီစဉ်ကို ဆောင်ရွက်နေတဲ့ထဲက မွတ်ဆလင်စာရေးဆရာကတော့ ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ကာ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် […]

 426 total views

ရခိုင်က စာသင်ကျောင်းတွေ အားလုံးပြန်ဖွင့်၊ ဂွမြို့နယ်မပါဝင်သေး

အာရ်ကန်ရိုးမ ၊ စစ်တွေ ရခိုင်မှာရှိတဲ့ မြို့နယ်အသီးသီးက စာသင်ကျောင်းတွေကို ပြန်ဖွင့်နေပြီ ဖြစ်ပေမယ့် ကိုဗစ်ရောဂါ လျော့မကျသေးတဲ့ ဂွမြို့နယ်ဟာ စာသင်ကျောင်းတွေပြန်ဖွင့်မယ့်ထဲ မပါသေးပါဘူး။ တိုင်းနှင့်ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်ကို ချန်လှပ်ပြီး ကျန်မြို့နယ်တွေက ကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြတာပါ။ ချန်လှပ်ခံရတဲ့ အဲဒီမြို့နယ်တွေထဲ ရခိုင်ပြည်နယ်က ဂွမြို့နယ်လည်း […]

 286 total views

စစ်တွေအခြေစိုက် Triple E Management Institute တည်ထောင်သူ အမျိုးသမီး၏ ငယ်ဘဝ ဖြတ်သန်းမှု

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း “ကျွန်မက ငယ်ငယ်လေးကတည်းက အဆင်ပြေတဲ့ မိသားစုက မွေးဖွားလာတာ မဟုတ်ပါဘူး။ မောင်နှမတွေလည်း များပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က တစ်ယောက်နဲ့ တစ်ယောက် နှစ်နှစ်ခြား သားသမီး ရှစ်ယောက်တာဝန်ကို ထမ်းဆောင်ပြီးရပ်တည်ရမယ့် မိဘတွေရဲ့ စီးပွားရေးက အဲဒီလောက်ထိ မခိုင်မာခဲ့ပါဘူး။” ဒေါ်သန်းသန်းရွှေ (ခ) မသားသားဟာ စစ်တွေမြို့ အခြေစိုက် Triple […]

 395 total views

ရခိုင်မြောက်ပိုင်း ပြန်လည်စည်ကားလာ

အာရ်ကန်ရိုးမ ၊ စစ်တွေ ရခိုင်မြောက်ပိုင်းကို ပဋိပက္ခများနှင့် တိုက်ပွဲတွေကြား နှစ်ကာလ ဆယ်စုနှစ်တစ်ခုကြာ မြင်တွေ့ခဲ့ ရပေမယ့် အခုချိန်မှာတော့ ပြန်လည်စည်ကားလာတာကို တွေ့လာရပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုတွေ တည်ငြိမ်လာခဲ့သလို၊ ကိုဗစ်ရောဂါ ကူးစက်မှုများ လျော့ကျလာခဲ့ပြီး နောက်ပိုင်း ပွင့်လင်းရာသီမှာ လာရောက်လည်ပတ်ကြသူ အများအပြား ရှိလာပြီး နေ့ညမပြတ် ပွဲတော်များနှင့် စည်ကားလာခဲ့ကြတာပါ။ အပတ်စဉ် စနေ၊ တနင်္ဂနွေ […]

 422 total views