ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်က မြတန်ဆောင်းစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းက အဆာင်တွေ ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံ ဆရာတော် ဦးနန္ဒသာရ က မိန့်ပါတယ်။

ဒုက္ခသည်တွေနေထိုင်တဲ့ တဲအိမ်အဆောင် ၂၄၀ ကျော်၊ စာသင်ဆောင်တစ်ဆောင်နဲ့ လျှောက်လမ်း တံတားတစ်ခုကို ပြုပြင်ဖို့ လိုအပ်နေတာဖြစ်ပြီး တဲအိမ်တစ်ဆောင်ကို ငွေ ၂ သိန်း၊ စာသင်ဆောင်နဲ့ လျှောက်လမ်းတံတားကိုတော့ ၁၀ သန်းကျော်လောက်စီ ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်က စစ်ဘေးရှောင် အိမ်ထောင်စု ၂၆၀ ကျော်နဲ့ လူဦးရေ ၁ ထောင်ကျော်ရှိတာပါ။

ဆရာတော်ကတော့ သုံးနှစ်လောက်နေရင် ဒုက္ခသည်တွေ အိမ်ပြန်လို့ရမယ်လို့ မျှော်မှန်းခဲ့ပေမယ့် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ အဆိုပါကျေးရွာတွေအတွင်း မိုင်းပေါက်ကွဲမှု၊ အလုပ်အကိုင်ဆုံးရှုံးသွားမှုနဲ့ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်မှု တွေကြောင့် နေရပ်မပြန်ကြတာလို့ ပြောကြပါတယ်။

 341 total views,  1 views today