မြတန်ဆောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ အဆောင်တိ ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နိန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ထက်က မြတန်ဆောင်းစစ်ဘေးရှောင်ကယ်ဆယ်ေရးစခန်းက အဆာင်တိ ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နိန်ရေလို့ စခန်းတာဝန်ခံ ဆရာတော် ဦးနန္ဒသာရ က မိန့်ပါရေ။ ဒုက္ခသည်တိနိန်ထိုင်ရေ တဲအိမ်အဆောင် ၂၄၀ ကျော်၊ စာသင်ဆောင်တစ်ဆောင်နဲ့ လျှောက်လမ်း တံတားတစ်ခုကို ပြုပြင်ဖို့ လိုအပ်နိန်စွာဖြစ်ပနာ တဲအိမ်တစ်ဆောင်ကို ငွေ ၂ သိန်း၊ စာသင်ဆောင်နဲ့ လျှောက်လမ်းတံတားကိုတော့ခါ ၁၀ သိန်းကျော်လောက်စီ ကုန်ကျဖို့လို့ ခန့်မှန်းထားကြောင်း […]

 324 total views

ရခိုင်ပြည်နယ် ကွမ်းသီးတောက လူမှုဘဝ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ကျွန်တော် ကွမ်းသီးတောကို ရောက်ဖူးစွာ သုံးခါမက ရှိပါယာ။ ပြီးခရေ သင်္ကြန်မှာတစ်ခါ၊ ဒေဝါကျွတ်က တစ်ခါနဲ့ စတိုရီရိုက်ဖို့ အင်တာဗျူးတစ်ကြိမ်ပါ့။ အမှန်တော့ ကျွန်တော် ဒေကွမ်းသီးတောကို စရောက်လောက်ကပင် ကျွန်တော့်ကို အလည်အပတ်ခေါ်ရေ သူငယ်ချင်းမိသားစုကပြောပြလို့ စတိုရီလုပ်ချင်ခစွာပါ။ ပထမအကြိမ်စွာ ကွမ်းသီးထွက်ချိန် မဟုတ်လို့ မလုပ်ဖြစ်ခပါ ဒုတိယတစ်ကြိမ်မှာလည်း သူငယ်ချင်းတိနဲ့ အလည်အပတ်ခရီးယာ လားစွာဖြစ်လို့ အခွင့်မကြုံခပါ။ […]

 1,006 total views

ရခိုင်မှာ PDF နှင့် ဆက်စပ်ရေလို့ ဆိုပနာ ဖမ်းဆီးခံထားရလူ ၆ ဦးရှိလာ

အာရ်ကန်ရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်ရေဆိုပြီးကေ စစ်ကောင်စီဖက်က ဖမ်းဆီးထားလူ ရခိုင်ပြည်နယ်မှာ ၆ ဦးအထိရှိလာပါရေ။ ဖမ်းဆီးခံထားရလူတိထဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ၅ ဦးပါဝင်ပြီးကေ ကျန်ရေ တစ်ယောက်က တော့ခါ မြောက်ဦးမြို့နယ်က ဖြစ်ပနာ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားသုံးဦးပါဝင်ပါရေ။ ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ်၊ လူငယ်စာရေးဆရာ ကိုမင်းဒီပါ၊ အသက် (၂၄) နှစ်အရွယ် သံတွဲမြို့ခံ […]

 385 total views

ရခိုင်မြောက်ပိုင်းက ရခိုင်နဲ့ မွတ်ဆလင်ရို့၏ စာသင်ဝိုင်း

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဆက်ဆံရေးတင်းမာနိန်ခရေ လူမျိုးစုနှစ်ခုကြား ပြန်လို့သဟဇာတကျလာရေး လိုလားသူနှစ်ဦး ပေါင်းစည်းမိချိန်မှာ ငြိမ်းချမ်းရေး စာသင်ဝိုင်းချေတစ်ခု ပေါ်ပေါက်လာခပါရေ။ အေချင့်ကတော့ခါ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဆောင်ရွက်နိန်ရေ စစ်ဘေးရှောင်စခန်းက ကျောင်းသားတိကို အစ္စလာမ်ဘာသာဝင် စာရေးဆရာတစ်ဦးက လာရောက်ပြီးကေ အမခဲ့ ပညာဒါန ပြုလုပ်နိန်ခြင်းပါ။ အေအစီစဉ်ကို ဆောင်ရွက်နီရေထဲက မွတ်ဆလင်စာရေးဆရာကတော့ခါ ရခိုင်ပြည်နယ်မှာ မွီးဖွားကြီးပြင်းခပြီးကေ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် […]

 428 total views

ရခိုင်က စာသင်ကျောင်းတိ အားလုံးပြန်ဖွင့်၊ ဂွမြို့နယ် မပါဝင်သိမ့်

အာရ်ကန်ရိုးမ ရခိုင်မှာရှိရေ မြို့နယ်အသီးသီးက စာသင်ကျောင်းတိကို ပြန်ဖွင့်နိန်ယာဆိုကေလေ့ ကိုဗစ်ရောဂါ လျော့မကျသိမ့်ရေ ဂွမြို့နယ်စွာ စာသင်ကျောင်းတိပြန်ဖွင့်ဖို့အထဲ မပါသိမ့်ပါ။ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်ကို ချန်လှပ်ပြီးကေ ကျန်မြို့နယ်တိက ကျောင်းတိကို နိုဝင်ဘာ ၁ ရက်နိမှာ ဖွင့်လှစ်ခကပ်စွာပါ။ ချန်လှပ်ခံရရေ ယင်းမြို့နယ်တိထဲ ရခိုင်ပြည်နယ်က ဂွမြို့နယ်လည်း ပါဝင်လာစွာပါ။ ဂွမြို့နယ်က စာသင်ကျောင်းတိ […]

 345 total views

စစ်တွေအခြီစိုက် Triple E Management Institute တည်ထောင်သူ အမျိုးသမီး၏ အငယ်ဘဝဖြတ်သန်းမှု

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း အကျွန် အချေခါက အဆင်ပြေရေ မိသားစုက မွီးဖွားလာစွာ မဟုတ်ပါ။ မောင်နှမတိလည်း များပါရေ။ လွန်ခရေ နှစ်ပေါင်း ၃၀ ကျော်လောက်က တစ်ယောက်နဲ့ တစ်ယောက် နှစ်နှစ်ခြား သားသမီး ရှစ်ယောက်တာဝန်ကို ထမ်းဆောင်ပြီးရပ်တည်ရဖို့ မိဘတိ၏ စီးပွားရေးက ယလောက်ထိ မခိုင်မာခပါ။ ဒေါ်သန်းသန်းရွှေ (ခ) မသားသားဆိုစွာ စစ်တွေမြို့ အခြီစိုက် Triple […]

 377 total views,  1 views today

ရခိုင်မြောက်ပိုင်း ပြန်လည်စည်ကားလာ

အာရ်ကန်ရိုးမ ၊ စစ်တွေ ရခိုင်မြောက်ပိုင်းကို ပဋိပက္ခတိနဲ့ တိုက်ပွဲတိကြား နှစ်ကာလ ဆယ်စုနှစ်တစ်ခုကြာ မြင်တွိ့ခရကေလေ့ အဂုအချိန်မှာတော့ ပြန်လို့စည်ကားလာစွာကို တွိ့လာရပါရေ။ လက်နက်ကိုင် တိုက်ခိုက်မှုတိ တည်ငြိမ်လာခရေပိုင်၊ ကိုဗစ်ရောဂါ ကူးစက်မှုတိ လျော့ကျလာခပြီးကေ နောက်ပိုင်း ပွင့်လင်းရာသီမှာ လာရောက်လည်ပတ်ကပ်သူ အများကြီးရှိလာပြီးကေ နိညမပြတ် ပွဲတော်တိနဲ့ စည်ကားလာခကပ်စွာပါ။ အပတ်စဉ် စနီ၊ တနင်္ဂနီ အားလပ်ရက်တိဆိုစွာ ဘုရားဖူးတိနဲ့ […]

 383 total views