ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆက်ဆံရေးတင်းမာနိန်ခရေ လူမျိုးစုနှစ်ခုကြား ပြန်လို့သဟဇာတကျလာရေး လိုလားသူနှစ်ဦး ပေါင်းစည်းမိချိန်မှာ ငြိမ်းချမ်းရေး စာသင်ဝိုင်းချေတစ်ခု ပေါ်ပေါက်လာခပါရေ။

အေချင့်ကတော့ခါ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဆောင်ရွက်နိန်ရေ စစ်ဘေးရှောင်စခန်းက ကျောင်းသားတိကို အစ္စလာမ်ဘာသာဝင် စာရေးဆရာတစ်ဦးက လာရောက်ပြီးကေ အမခဲ့ ပညာဒါန ပြုလုပ်နိန်ခြင်းပါ။

အေအစီစဉ်ကို ဆောင်ရွက်နီရေထဲက မွတ်ဆလင်စာရေးဆရာကတော့ခါ ရခိုင်ပြည်နယ်မှာ မွီးဖွားကြီးပြင်းခပြီးကေ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် နီထိုင်နီရေ ဘာသာပြန်စာရေးဆရာ ဦးအောင်ခင်ဖြစ်ပြီးကေ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကတော့ခါ ရခိုင်ပြည်နယ်အတွင်းက ပရဟိတနဲ့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နီသူ မြန်တန်ဆောင်း ဆရာတော် ဦးနန္ဒသာရပါ။
အေအစီစဉ်ကို လက်ခံဆောင်ရွက်နီရေ မွတ်ဆလင်စာရေးဆရာ ဦးအောင်ခင်က သူလက်ခံံဆောင်ရွက် ဖြစ်ရေအကြောင်း Arakan Yoma ကို အခုပိုင် ပြောပြပါရေ။

“၂၀၁၂ ရခိုင်ပြဿနာလို့ ဆိုချင်ဆို၊ ပဋိပက္ခလို့ပြောချင်ပြော ယင်းပဋိပက္ခဖြစ်ရေလောက်ကပင် ကျနော့် အိမ်ရှင်မ၊ ကျွန်နော်နဲ့ ကျွန်နော့်သား သုံးယောက်က ယင်းပြဿနာရေ ရခိုင်လူမျိုးနဲ့ မွတ်ဆလင်ကြားမှာ ဖြစ်စွာမဟုတ်လို့ဆိုပြီးကေ တစ်ကိုယ်တော် လုပ်ယင်းနဲ့ ရခိုင်ပြည်ကို ရခိုင့်တပ်တော် ရောက်လာရေ နောက်ပိုင်းမှာ ရခိုင့်တပ်တော်ကလည်း ရခိုင်ဒေသမှာရှိရေ လူမျိုးအားလုံးကို တန်းတူရည်တူ ဆက်ဆံဖို့ဆိုရေ စကားကို အားရပြီးကေ ကျွန်တော်လည်း ရခိုင်ဒေသမှာ ပြန်လို့အခြေချနိန်ထိုင်ပြီး လူမျိုးစုနှစ်ခုကြားမှာ အတတ်နိုင်ဆုံး လုပ်ပီးဖို့လို့ ရှာနိန်တုန်းမှာပင် ဆရာတော်နဲ့ လိုင်းထက်မှာ အဆက်သွယ်ရရေ။”
လူမျိုးမတူ၊ ဘာသာမတူရေ အသိုက်အဝန်းနှစ်ခုကြားက ပြန်ပြီးကေ သဟဇာတကျလာဖို့အတွက် ရည်ရွယ်ပြီးကေ တတ်ထားရေ ပညာရပ်တိကို အပြန်အလှန် မျှဝေ ပညာသင်ကြားပီးရေ အစီစဉ်တစ်ခုလည်း ဖြစ်ပါရေ။

ဆက် ပြီးကေ ဦးအောင်ခင်က “ဆရာတော်က ဆရာကြီး ကျောင်းမှာ အင်္ဂလိပ်စာ 4 skills ပြဖို့အတွက် ဆရာတစ်ယောက်လိုနီရေ။ ဆရာလာနိုင်ဖို့လားဆိုခါ တပည့်တော်က လာချင်ကေ တပည့်တော်လာပါဖို့ဆိုပြီးကေ အခု ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က မြောက်ဦးကို လားပနာ ဆရာတော်ကျောင်းမှာ နိန်ပြီးကေ ကျောင်းသားတိကို စာပြဖို့ကိစ္စ ဖြစ်လခစွာပါ။”လို့ ပြောပါရေ။

ပြည်နယ်တစ်ခုတည်းမှာ နိန်ထိုင်ကပ်ကေလေ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတိ ရှိနိန်ခရေအတွက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး တင်းမာနိန်ခကပ်တေ ဗုဒ္ဓဘာသာကိုးကွယ်သူ ရခိုင်လူမျိုးတိနဲ့ အစ္စလမ်ဘာသာဝင် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြား ကောင်းမွန်လာရေ အနိန်အထားလို့လည်း တချို့က အေ အပေါ် မှတ်ချက်ပြုနိန်ကပ်ပါရေ။
ကနဦး ချစ်ကြည်ရေးအနိန်နဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဆောင်နိန်ရေ စစ်ဘေးရှောင်စခန်းက တက္ကသိုလ်ဝင်တန်း ဒုက္ခသည် ကျောင်းသားတိကို အဆိုပါ မွတ်ဆလင်စာရေးဆရာက အင်္ဂလိပ်စာအခမဲ့ သင်ကြားနိန်ပြီးကေ အပြန်အလှန်အနိန်နဲ့ မွတ်ဆလင်ကျေးရွာတစ်ခုမှာလည်း ကျောင်းဆောင်တစ်ခု တည်ဆောက်ပနာ ယင်းနည်းလည်းကောင်း သင်ကြားပီးလားဖို့ ဖြစ်တယ်လို့ ဆိုကပ်ပါရေ။

မွတ်ဆလင်ဆရာက သင်ကြားနိန်ရေ အခမဲ့သင်တန်းထဲ မြောက်ဦးမြို့ထက် မြတန်ဆောင်းစစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှာ နိန်ထိုင်ရေ တက္ကသိုလ်ဝင်တန်းတက်နိန်တုန်းနဲ့ အောင်ပြီးသား ဒုက္ခသည်ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးရှိပြီးကေ မင်းပြားမြို့နယ်က ဆတ်ကျားမွတ်ဆလင်ကျေးရွာက မွတ်ဆလင်ကျောင်းသား ၃၀ ကျော် အတွက်တော့ခါ စီစဉ်နိန်တုန်းသိမ့် ဖြစ်ပါရေ။

ရခိုင်ကျောင်းသားတိကို အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောနဲ့ ဘာသာပြန်စာပေတိကို သင်ကြားနိန်စွာ ဖြစ်ပြီးကေ မွတ်ဆလင်ကျောင်းသားတိကိုတော့ခါ အင်္ဂလိပ်စာအပါအဝင် ရခိုင်ဘာသာစကားကိုလည်း နားလည်နိုင်ဖို့ သင်ပီးဖို့ စီစဉ်နိန်ရေလို့ ဆိုပါရေ။
မြတန်ဆောင်း ဆရာတော် ဦးနန္ဒသာရက
“အဓိကအကြောင်းအရင်းကတော့ခါ တပ်တော် စစ်ဦးစီးချုပ်ကလည်း ပြောပါရေ။ ရခိုင်ပြည်ထဲမှာ လူမျိုးမတူ၊ ဘာသာမတူ၊ အသားအရောင်မတူတာစွာတိကို လက်ခံရေ။ အားလုံးကို တန်းတူ ဆက်ဆံဖို့။ ပူးပေါင်းပါဝင်နိုင်အောင်လုပ်လားဖို့ဆိုပြီးကေ ပြောထားစွာလည်း ရှိပါရေ။ ဒေ နေရာမှာ ကိုယ်တော်ရို့ ရခိုင်တိ ဖက်ကနိန်ပြီးကေ သဘောထားမတူသူတိလည်း ရှိနိုင်ရေ။ ယကေလေ့ စဉ်းစားရဖို့စွာက ရန်ဖြစ်နိန်ကပ်ဖို့လား။ မဟုတ်ကေ သင့်သင့်မြတ်မြတ်နိန်ကပ်ဖို့လား။ နှစ်ခုထဲက တစ်ခုကို ရွီးကပ်ရဖို့ အချိန်ရောက်နိန်ယာလို့ ကိုယ်တော်က မြင်ရေ။ တပ်တော်ဖက်ကလည်း ဒေအတိုင်းယာ မြင်ရေလို့ ထင်ရေ”လို့ မိန့်ကြားပါရေ။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတိ ရပ်တန့်လားပြီးရေနောက် ရခိုင့်တပ်တော်ဖက်က ပြည်နယ်အတွင်း နိန်ထိုင်ကပ်တေ လူမျိုးစုအားလုံးကို တန်းတူရည်တူဆက်ဆံဖို့အကြောင်း ပြောဆိုထားပြီးကေ မွတ်ဆလင်အသိုင်းအဝိုင်းကိုလည်း တပ်ယန္တရားတိမှာ ထည့်သွင်းထားပါရေ။
ယင်း ပညာဒါနအစီစဉ်ကို ပြုလုပ်နိန်ကပ်တေ အသိုင်းအဝန်းနှစ်ခုစလုံးက ပါဝင်သူတိကိုလည်း ရခိုင့်တပ်တော်က ပြောကြားပြီးဖြစ်တေ သဘောထားညွှန်ကြားမှုကနိန် စီးဆင်းလာရေ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုကြပါရေ။

“ကိုယ်တော်ရို့ ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ အတွိ့အကြုံတိက ပြောပခပြီးယာ။ ဒေနိဒေအချိန်မှာ နိုင်ငံရေးအပြောင်းအလဲတစ်ခုကို လားနိန်ကပ်တေ။ ဒေကာလမှာ ယပိုင်ပုံစံမျိုးဖြစ်ကေဝါ သင့်တော်ဖို့လား။ ကိုယ်တော်မြင်စွာကတော့ခါ ကိုယ်တော်ရို့ ရန်ဖြစ်ပြနိန်စွာထက် ချစ်ပြနိန်စွာက ပိုကောင်းဖို့ထင်ရေ။ ယင်းကြောင့် မွတ်ဆလင်နဲ့ ရခိုင်အသိုင်းအဝိုင်းကြားမှာ ပိုပြီးကေ Harmony ဖြစ်ဖို့၊ သဟဇာဖြစ်ဖို့အတွက် မွတ်ဆလင်ဆရာတစ်ယောက်ကို ခေါ်ပြီးကေ ရခိုင်အချေတိကို ပညာသင်ခိုင်းစွာဖြစ်ပါရေ။ အေချင့်က အဓိက ရည်ရွယ်ချက်ပါ”လို့ မြတန်ဆောင်း ဆရာတော်က မိန့်ပါရေ။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခရေ အဆိုပါ လူမျိုးစုနှစ်ခုကြား တင်းမာမှု ပဋိပက္ခတိကြောင့် ယင်းအချိန်က အာဏာရ စစ်တပိုင်း ပြည်ခိုင်ဖြိုး (USDP) အစိုးရစွာ မွတ်ဆလင်တိကို အလားအလာကန့်သတ်ပြီးကေ ကျေးရွာတိမှာ သီးသန့်သော်လည်းကောင်း၊ IDP စခန်းတွေမှာသော်လည်းကောင်း ထားရှိခပါရေ။
လက်ရှိမှာလည်း ယင်းအနိန်အထားအတိုင်းယာ ရှိနိန်သိမ့်ပါရေ။ မွတ်ဆလင်တစ်ဦးဖြစ်တေ ဦးအောင်ခင်ကကော ရခိုင်ပြည်နယ်ကို လာလို့သင်ကြားစွာမှာ လွတ်လပ်စွာလားလာနိန်ထိုင်ခွင့် ရပင်ရဖို့လားဆိုရေ မီးခွန်းကို မီးကြည့်ရေအခါ

သူက “အာဏာပိုင်အဖွဲ့အစည်းတိနဲ့ အန္တရာယ်မရှိဆိုစွာက ကျွန်တော့်ကို ၁၉၉၀ ခုနှစ်ထဲမှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားပီးရေအခါ ကျွန်တော်ရို့ မိသားစုကို ရခိုင်လူမျိုးအနိန်နဲ့ ပီးလိုက်ပါရေ။ ၂၀၁၂ ပဋိပက္ခကျခါမှ မလိုရေ လူတချို့က စလိုက်လို့ ရန်ကုန်တိုင်းလဝကရုံးက ကျွန်တော်ရို့ မိသားစုကို ပြန်လို့စိစစ်ပြီးကေ နိုင်ငံသားဖြစ်ထိုက်တေ မိသားစုဖြစ်ပြီးကေ ရခိုင်စကားပြောရေ အတွက်ကြောင့် ကျွန်တော်ရို့ကို ရခိုင်လူမျိုးအနိန်နဲ့ နိုင်ငံသားပီးစွာ မှန်ကန်ရေဆိုပြီးကေ နိုင်ငံသားကဒ်ပြားမှာ ရခိုင်လူမျိုးလို့ပါရေ။” လို့ ဆိုလာပါရေ။

ရန်ကုန်တိုင်းမှာ နှစ်ပေါင်း ၄၀ ကျော်နိန်ထိုင်လာခရေ အသက်(၇၃)နှစ်အရွယ် ဦးအောင်ခင်ကို လက်ရှိမှာတော့ခါ မြတန်ဆောင်း ဆရာတော်က သူ့စစ်ဘေးရှောင်စခန်းမှာ မိသားစုနဲ့အတူနိန်ထိုင်ဖို့ ခွင့်ပီးထားပြီးကေ ဦးအောင်ခင်ကလည်း မွီး ရပ်ဇာတိ ရခိုင်ပြည်နယ်မှာယာ ပြန်လို့ အခြေချနိန်ဖို့ ဆန္ဒရှိနိန်ပါရေ။
“ရခိုင်စကားပြောရေ အတွက်ကြောင့် ဒေနိအထိ ကားလမ်းနဲ့လည်း အများကြီး လားဖူးယာ။ လေယာဉ်နဲ့လည်း စစ်တွေမြို့ လေဆိပ်ကနိန် လားဖူးပါရေ။ လွန်ခရေ ၃ နှစ်လောက်ကနိန် ရခိုင်ပြည်နယ် လဝက ဦးစီးမှူးအဖြစ်ကျခရေ ဦးအောင်မင်း၊ လက်ရှိ စစ်တွေမြို့နယ် လဝကမှူးလုပ်နိန်ရေလူ အားလုံးက ကျွန်တော်ရို့ကို မွတ်ဆလင်မိသားစုကနိန် မွီးဖွားလာပြီးကေ ရခိုင်လူမျိုးအနိန်နဲ့ နိုင်ငံသားကဒ်ပီးထားစွာ သိပါရေ။ ယကေလေ့ ကျွန်တော်ရို့က အစ္စလာမ်ဘာသာကို သပ်သပ်ကိုးကွယ် သူအဆင့်လည်း မဟုတ်ပါယာ။ အခုခေတ်အနိန်နဲ့ ပြောရဖို့ဆိုကေ ဘာသာမဲ့ပုံစံမျိုး ကျွန်တော်ရို့ မိသားစုက နိန်ကပ်စွာပါ။ လူ့ဘဝဖြစ်တေအချိန်မှာ ဘာသာယုံကြည်မှုဆိုစွာထက် လူပီသဖို့ကြိုးစားရေအတွက် ဇာအခက်ခဲလေ့ မရှိပါ။”

လတ်တလောမှာတော့ခါ ဒေချင့်ကို အကောင်းမြင်သူတိရှိရေပိုင် တဖက်မှာလည်း ဝေဖန်မှုတိ ရှိနိန်ကေလေ့ ဘာသာမတူ၊ လူမျိုးကွဲရေ ယင်းအသိုက်အဝန်းနှစ်ခုကြား ရင်ကြားစိ သဟဇာတကျလာစီရေးအတွက် ဦးနန္ဒသာရနဲ့ ဦးအောင်ခင်ရို့ နှစ်ဦးသားကတော့ခါ အတူတကွ ပူးပေါင်းဆောင်ရွက်ယင်းနဲ့ ငြိမ်းချမ်းရေး စာသင်ဝိုင်းတိ ထပ်တိုးလာဖို့ ဆောင်ရွက်လားဖို့လို့ ဆိုပါရေ။

 422 total views,  1 views today