အာရ်ကန်ရိုးမ

ရခိုင်မှာရှိရေ မြို့နယ်အသီးသီးက စာသင်ကျောင်းတိကို ပြန်ဖွင့်နိန်ယာဆိုကေလေ့ ကိုဗစ်ရောဂါ လျော့မကျသိမ့်ရေ ဂွမြို့နယ်စွာ စာသင်ကျောင်းတိပြန်ဖွင့်ဖို့အထဲ မပါသိမ့်ပါ။

တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်ကို ချန်လှပ်ပြီးကေ ကျန်မြို့နယ်တိက ကျောင်းတိကို နိုဝင်ဘာ ၁ ရက်နိမှာ ဖွင့်လှစ်ခကပ်စွာပါ။ ချန်လှပ်ခံရရေ ယင်းမြို့နယ်တိထဲ ရခိုင်ပြည်နယ်က ဂွမြို့နယ်လည်း ပါဝင်လာစွာပါ။

ဂွမြို့နယ်က စာသင်ကျောင်းတိ ပြန်ဖွင့်ဖို့အထဲ မပါသိမ့်ဆိုကေလေ့ ကိုဗစ်လျော့ကျရေအချိန် ပြန်ဖွင့်ပီးလားဖို့ဖြစ်တေလို့ ရခိုင်ပြည်နယ် ပညာရေးမှုးရုံးက ဒုတိယ ညွှန်ကြားရေးမှုး (စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါရေ။ ယင်းမြို့နယ်က ကျောင်းတိကို တစ်နှစ်ပတ်လုံးပိတ်ထားဖို့ မဟုတ်လို့ သူက ဆိုပါရေ။

ဂွမြို့နယ်စွာ ကိုဗစ်ကူးစက်မှုမြင့်တက်နိန်ရေအတွက် ပြီးခရေ သြဂုတ်လ ၂၅ ရက်နိကပင် ဒေသန္တရ အမိန့်ထုတ်ပြန်ပြီးကေ လားလာမှုကို ကန့်သတ်ခံထားရရေ မြို့နယ်တခုလည်းဖြစ်ပါရေ။

လက်ရှိမှာတော့ခါ ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုက ကျောင်းသား ငါးသိန်းကျော်ရှိရေအထဲ ၃ သောင်းကျော်စွာ ကျောင်းတက်နိန်ကပ်ရယာလို့ ဒေသတွင်း ဖော်ပြရေ သတင်းအချက်အလက်တိအရ သိရပါရေ။

 373 total views,  1 views today