အာရ်ကန်ရိုးမ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်ရေဆိုပြီးကေ စစ်ကောင်စီဖက်က ဖမ်းဆီးထားလူ ရခိုင်ပြည်နယ်မှာ ၆ ဦးအထိရှိလာပါရေ။

ဖမ်းဆီးခံထားရလူတိထဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ၅ ဦးပါဝင်ပြီးကေ ကျန်ရေ တစ်ယောက်က တော့ခါ မြောက်ဦးမြို့နယ်က ဖြစ်ပနာ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားသုံးဦးပါဝင်ပါရေ။

ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ်၊ လူငယ်စာရေးဆရာ ကိုမင်းဒီပါ၊ အသက် (၂၄) နှစ်အရွယ် သံတွဲမြို့ခံ ကိုရဲနိုင်ဦးရို့ကို ပြီးခရေ အောက်တိုဘာလအတွင်းမှာ ဖမ်းဆီးခစွာပါ။

ဆယ်တန်းကျောင်းသူမသိမ့်အေးချမ်း၊ အသက်(၂၈)နှစ်အရွယ်မတင်စန္ဒာဝင်း၊ အသက်(၃၅)နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်ရို့ကိုတော့ခါ နိုဝင်ဘာလ ၃ ရက္နိကပင် ရဲတပ်ဖွဲ့က နိန့် အိမ်ကလာရောက် ဖမ်းဆီး ခစွာ ဖြစ်ပါရေ။

လက်ရှိ ဖမ်းဆီးထားရလူတိစွာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (စ)၊ ၅၂ (ည) စတဲ့ ပုဒ်မတိနဲ့ တရားစွဲဆိုခံထားရပြီး သက်ဆိုင်ရာမြို့နယ်၏အချုပ်တိမှာ ထိန်းသိမ်းခံထားရပါရေ။

ယေကေလေ့ အသက် (၁၇) နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းကိုတော့ခါ အသက်မပြည့်သိမ့်လို့ ဆိုပြီးကေ အမှုဖွင့်စွာ မရှိသိမ့်ပဲ ရဲစခန်းမှာယာ ထိန်းသိမ်းစစ်ဆေးခံနီရရေလို့ မိသားစုဝင်တစ်ဦးက ပြောပါရေ။

ဖမ်းဆီးခံဒေသခံတိထဲက တချို့ကို စစ်အရာရှိတိက တရားလိုလုပ်ပြီးကေ စွဲဆိုထားစွာဖြစ်ပိုင် တချို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တိက စွဲဆိုထားစွာ တွိ့ရပါရေ။

စစ်ကောင်စီကတော့ခါ အခု ဖမ်းဆီးခံထားရသူတိစွာ PDF တိ ကို ငွေလွှဲစွာ၊ ပြည်မက PDF တိနဲ့ အဆက်သွယ် ရှိရေဆိုပြီးကေ ပြောထားကေလေ့ မိသားစုဝင်တိကတော့ ယင်းချင့်ကို ငြင်းဆိုကပ်ပါရေ။

စစ်အာဏာသိမ်းပြီးခါစက သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖွဲ့စည်းကောင်း စာတစ်စောင် ထွက်ခဖူးကေလေ့ မြို့ခံတိကတော့ ထုတ်ပြန်ချက်မှာ အတုဖြစ်တေဆိုပြီးကေ ပြောဆိုခပါရေ။

ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ် ကို မအူပင်မှာ ဖမ်းမိရေ PDF တပ်ဖွဲ့ဝင်တိနဲ့ ဆက်သွယ်ရေဆိုပြီးကေ ဖမ်းဆီးခစွာဖြစ်ပြီး သူနဲ့လူမှုရေးလုပ်ငန်းတိအတူ လုပ်ကိုင်နီရေ တက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးလည်း မကြာခင်က ဖမ်းဆီးခစွာ ဖြစ်ပါရေ။

 378 total views,  1 views today