ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ကျွန်တော် ကွမ်းသီးတောကို ရောက်ဖူးစွာ သုံးခါမက ရှိပါယာ။ ပြီးခရေ သင်္ကြန်မှာတစ်ခါ၊ ဒေဝါကျွတ်က တစ်ခါနဲ့ စတိုရီရိုက်ဖို့ အင်တာဗျူးတစ်ကြိမ်ပါ့။ အမှန်တော့ ကျွန်တော် ဒေကွမ်းသီးတောကို စရောက်လောက်ကပင် ကျွန်တော့်ကို အလည်အပတ်ခေါ်ရေ သူငယ်ချင်းမိသားစုကပြောပြလို့ စတိုရီလုပ်ချင်ခစွာပါ။

ပထမအကြိမ်စွာ ကွမ်းသီးထွက်ချိန် မဟုတ်လို့ မလုပ်ဖြစ်ခပါ ဒုတိယတစ်ကြိမ်မှာလည်း သူငယ်ချင်းတိနဲ့ အလည်အပတ်ခရီးယာ လားစွာဖြစ်လို့ အခွင့်မကြုံခပါ။ ယင်းကြောင့် ပထမအကြိမ်ကပင် စတိုရီလုပ်ဖို့ အာသီသ ရှိနီခေရ ကျွန်တော် တတိယတစ်ခေါက်မှာတော့ခါ မဖြစ်မနိန်လား ရောက်ပြီးကေ လုပ်ဖြစ်ခပါရေ။

ကွမ်းသီးတောဆိုစွာ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ မင်းပြားမြို့နယ်အစပ်က ကျေးရွာတိကို ခေါ်စွာပါ။ ကျွန်တော် ရောက်ခစွာကတော့ခါ လက်သန်းချီဆိုရေ ရွာပါ။ ဒေရွာကို မြောက်ဦးကနိန် တဆင့်လားရပြီးကေ မြောင်းဘွေကျေးရွာတံတားလွန်စွာနဲ့ ညာဖက္ကို ချိုး၊ မြေသားလမ်းထက်မှာ ကျောက်စရစ်ခဲချေတိ ခင်းထားရေ လမ်းအတိုင်း လားလိုက်ကေ ရောက်ပါရေ။

ဒေကျေးရွာဖက်ကို ဆင်းလိုက်တေ ဆိုစွာနဲ့ ကွမ်းသီးပင်တိ အုပ်ဆိုင်းနီရေ တောတန်းချေတိ တွိ့ရဖို့ ဖြစ်ပြီးကေ ရွာမဝင်ခင် ကွမ်းသီးပင်တိနဲ့ လုပ်ထားရေ ကိုယ်ထူကိုယ်ထ တံတားချေကနီ ဖြတ်ကူးလိုက်ကေ လက်သန်းချီရွာက နွီးထွီးစွာကြိုဆိုပါယင့် ရခိုင်အသံထွက်နဲ့ ရွှီးထားရေ ဆိုင်းဘုတ်ချေတစ်ခု ပြထားပါလိမ့်မယ်။

ရွာထဲကို ဝင်ရေဆိုလို့ရှိကေ နိန်အိမ်ရှေ့တိုင်းနီးပါးမှာ ကွမ်းသီးလှမ်းစင်တစ်ခုစီရှိနီပြီးကေ အိမ်အများစုကိုလည်း ကွမ်းသီးပင်တိနဲ့ပဲ ပြုလုပ်ထားခါ ထူးခြားစွာ မြင်တွိ့ကပ်ရပါလိမ့်မယ်။ ဒေရွာက မိသားစုတိုင်းနီးပါး ကွမ်းသီးစိုက်ခင်းလုပ်ငန်းလုပ်ကိုင်ကပ်ပြီးကေ ငွေကြေးချို့တဲ့သူတိကတော့ စိုက်ခင်းပိုင်ရှင်တိပါးမှာ အလုပ်သမား အဖြစ် ဝင်ရောက်လုပ်ကိုင်ကပ်ပါရေ။

ရွာကနေတဆင့် ကွမ်းသီးစိုက်ခင်းကို လားဖို့ဆိုကေ လက်လှော်လောင်းချေနဲ့ ထပ်ဆင့်စီးလားရပြီးကေ လားဖို့ နီရာရောက်ကေ လောင်းကိုချည်ထားခရပါရေ၊ ကုန်းထက်ကို တက်လိုက်ကေ အစိမ်းရောင်၊ အမှည့်ရောင်တိ ပြွတ်ခိုင်သီးနီရေ သိန်းပေါင်းလောက်ရှိရေ ကွမ်းသီးပင်တိကို တွိရပါယာ။

စိုက်ခင်းတစ်ခုစီမှာတော့ခါ ယာယီတဲအိမ်ချေတိ ကိုယ်စီဆောက်လုပ်ထားကပ်ပါရေ။ တနားချေ လမ်းလျှောက်ပနာ ပြီးကေ ၆ စက္ကန့်လောက်ကို ကွမ်းသီးတစ်လုံးနှုန်းနဲ့ အခွံခွာနိုင်ကပ်ကေ ဒေသခံ အမျိုးသမီး တစုကို မြင်တွိ့ရပါရေ။

ဒေထဲက အမျိုးသမီးတစ်ဦးကို မီးကြည့်ခါ “ အိမ်က နီ မိုးထဖက် ၄ နာရီလောက်က ထ လာရပါရေ။ ညဇာပိုင်း ၆ နာရီလောက်အထိ လုပ်ရပါရေ။ အကျွန်ရို့က ကွမ်းသီး သီးချိန်ဆိုကေ ကွမ်းသီးခွဲလို့ လုပ်စားရပါရေ။ ဟင်းခင်းပွဲကေ အလုပ်မရှိပါယာ။ တနိကို ကွမ်းသီး ၅ ထောင်၊ ၆ ထောင်စီ ခွဲကပ်ပါရေ။ အစ်မကတော့ ၆ ထောင်စီခွဲပါရေ။ (ဖေသာ) ၉ ထောင်ရပါရေ။ ဓါးပြတ်ဖို့စွာကြောက်လို့ လက်မှာ အ၀တ်ပတ်ပြီးကေ ခြဲစွာပါ။ တစ်ခါတစ်လီ လက်ပြတ်ပါရေ။ ထမင်းကို ဆွဲချိုင့်နဲ့ သယူလာပြီးကေ စားရေလို့” ပြောပြပါရေ။

ဇီးဇာကျွမ်းလို့ ဒေသက ခေါ်ဝေါ်ရေ အဆိုပါ ကွမ်းသီးအခွာလုပ်ငန်းကို အသက် (၁၄) နှစ်လောက်က နီ (၆၀) ကျော်အရွယ်အထိရှိရေ အမျိုးသမီးတိက လုပ်ကိုင်ကပ်ပြီးကေ ကွမ်းသီးပေါ်ရေရာသီချိန်အတွင်း တနိကို ကွမ်းသီး အလုံးရေ ၅ ထောင်ကနေ ၁ သောင်းလောက်ထိ အခွံခွှာနိုင်ကပ်ကာ တစ်နိကိုတော့ ဝင်ငွေတစ်သာင်းဝန်းကျင် လောက်ထိ ရရှိကပ်ပါရေ။

အခွံခွာစွာကို အမျိုးသမီးတိက လုပ်ကိုင်ကပ်တေပိုင် ကွမ်းသီးပင်တက်ပြီးကေ ကွမ်းသီး တက်ဆွတ်စွာ အခွံခွါရေ နီရာအထိ ထမ်းယူရေ၊ နီလှမ်းရေ၊ ရွာကိုရောက်ရေအထိ လောင်းနဲ့ ပြောင်းယူပြီးကေ စရေကဏ္ဍဍကိုတော့ခါ အမျိုးသားတိကပင် တာဝန်ယူကပ်ပါရေ။

ကွမ်းသီးပင်တက်ရေ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုရေ အသက် (၄၅) နှစ်အရွယ် ဦးမောင်ညွှန့်တင်က ကျွန်တော်ရောက်ခရေအချိန်မှာတော့ ၆ ပေကနီ ၈ ပေလောက်ထိစီလှမ်းရေ ကွမ်းသီးပင်တစ်ပင်နဲ့ တစ်ပင်ကို လှမ်းကူးပြီးကေ အသင့်ယူဆောင် ယူဆောင်လားရေ ဝါးမျှားချိတ်နဲ့ ကွမ်းသီးခူးဆွတ်နီပါယာ။

နဖူးထက်က ချွဲလုံးကို လက်နဲ့ တချက်သုက်လိုက်ပြီးကေ ဦးမောင်ညွှန့်တင်က “ကွမ်းသီးပင်တက်ပါရေ။ လူများပါးမှာတက်စွာပါ။ ကိုယ့်စိုက်ခင်း မဟုတ်ပါ။ တစ်နိတက်ကေ ဖေသာ ၂ သောင်းခွဲလောက်ရပါယေရ။ ဝါးတစ်ရာကျော်၊ နှစ်ရာနီးပါးလောက်က အပင်တိကို တက်ပီးပါရေ။ အပင်တက်ဖို့အတွက် ထွေထွေထူးထူး မလိုပါ။ ထူးနဲ့ ချိတ်နဲ့ ပါကေရပါယာ။ အသက် (၂၃) နှစ် လောက်ကပင် တက်လာစွာပါ။ ကွမ်းသီးပင်တက်စွာက အခက်ခဲတော့ရှိပါရေ။ အပင်ထက်က ပြုတ်ကျကေ သီဖို့ပါ့။ သတိထားရေရ။ တခါတေလေတာ့ အေပိုင် မကြုံဖူးသိမ့်ပါ။ သူများတိ တက်တုန်း အပင်ကျိုးစွာ မြင်ဖူးရေ။ ကွမ်းသီးပင် တစ်ပင်ကနီ တစ်ပင်ကူးဖို့ဆိုကေ အပင်ခြေရင်းကို လှုပ်ကြည့်ရပါရေ။ အပင်ခြီရင်းက ထွန့်ရေဆိုကေ ကူးလို့မရပါ။ ယင်းအပင် ကျိုးဖို့သိမ့်။ ဆယ်ပင်လေ့ ကူးလို့ရရေ။ အပင်နှစ်ဆယ်လည်း ကူးလို့ရရေ။ အပင်ထက်မှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်တော့ ခံနိုင်ရေ”လို့ ဆိုပါရေ။

ကွမ်းသီးပင်တိကို မိုးဦးပိုင်းမှာ စိုက်ပျိုးလေ့ရှိကပ်ပြီးကေ ကွမ်းသီးပင်မစိုက်ခင်မှာတော့ခါ အပင်မြေသြဇာအတွက် ကသစ် အကူအပင်နဲ့ စိုက်ပျိုးကပ်ရကာ ရီ သွင်း မြောင်းဖောက်ရေ၊ ကွမ်းသီးခင်းမှာ ပေါက်ရောက်လာရေ တောကိုခွတ်ထွင်ရှင်းလင်းရေ၊ ကွမ်းသီးထွက်လာကေ ကွမ်းသီးခြံမှာ စောင့်ဆိုင်းစွာတိနဲ့ တစ်နှစ်ပတ်လုံးး မအားမလပ် အလုပ်များကပ်ပါရေ။

ကွမ်းသီးပင်တိမှာ နှစ်တိုင်း ဆယ်လပိုင်းလောက်ကနီ စတင်အဖူးပွင့်ပြီးကေ မိုးအလယ်ကနီ ဆောင်းဦးဝင်စအထိ ၄ လောက် ကွမ်းသီးတိ ဆွတ်ကပ်ရပါရေ။ ဆွတ်းပြီးပြီးချင်း အစိမ်းလိုက် ရောင်းသူတိရှိပြီးကေ နီလှမ်းပြီးမှ ရောင်းချရေလူတိလည်း ရှိပါရေ။

ကွမ်းသီးပင်တစ်ပင် ကြီးပြင်းဖို့အတွက် ၇ နှစ်ကနေ ၁၀ နှစ်လောက်ထိ စောင့်ဆိုင်းကပ်ရပြီး တစ်နှစ်ကို အပင်တစ်ပင်ကနေ ကွမ်းသီး အလုံးရေ ၄၀၀၊ ၅၀၀ လောက်အထိ သီးကြောင်း စိုက်ခင်းလုပ်ငန်းရှင်တိက တွက်ချက်ထားကပ်ပါရေ။ စိုက်ခင်းတစ်ဧကစီမှာ အပင်ပေါင်း ၆၀၀ လောက်ထိ စိုက်ပျိုးကပ်ပြီး တစ်ဧကကနေ နှစ်စဉ်အထွက်နှုန်း ပိဿချိန်ပေါင်း ၆၅၀ လောက်ထိထွက်ရှိရေလို့ ဆိုကပ်ပါရေ။

“ကွမ်းသီးခင်းတိစွာ အစကေတာ့ လယ်ပြင်တိပါ။ လယ်ပြင်တိကို ကွမ်းသီးခြံစိုက်ဖို့အတွက် မြောင်းဖောက်ပီးရရေ။ ရီဆင်းဖို့၊ ရီဝင်ဖို့အတွက် ပြီးကေ ကသစ်ပင် စိုက်တေ။ ၅ ထောင်မှာ တစ်ပင်စိုက်စွာပါ။ တစ်ဧကဆို တစ်ဧကကို အပြီးစိုက်ရေ။ ပြီးစွာနဲ့ တစ်နှစ်လောက်စောင့်ရရေ။ ကသစ်ပင် ရှင်လားဖို့လိုရေ။ အရိပ်ရဖို့လိုရေ။ တစ်နှစ်ပြည့်လို့ မိုးသီးပေါက်နည်းနည်းကျစွာနဲ့ ကွမ်းသီးပင်တိကို နှုတ်စိုက်ဖို့ “လို့ စိုက်ခင်းတိကို လိုက်လံပြသပီးရေ လက်သန်းချီဒေသခံ ဦးကျော်ဇံကတော့ Arakan Yoma ကို ရှင်းပြပါရေ။

ဒေနှစ်မှာတော့ ကွမ်းသီးအထွက်နှုန်းမှန်နီပိုင် ဈီးကောင်းနီရေအတွက်လည်း စိုက်ခင်းလုပ်ကိုင်သူတိ အနေနဲ့ အဆင်ပြေဖို့လို့ မျှော်လင့်နီကပ်ပါရေ။ အယင်နှစ်တိမှာ ကွမ်းသီးတစ်မောင်းကို ၈ သောင်းကနီ တစ်သိန်းလောက်ထိသာရရှိခကေလေ့ ဒေနှစ်မှာတော့ခါ ကွမ်းသီးပေါက်ဈီးစွာ ၁ သိန်း ၅ သောင်းနဲ့ အထက်မှာ ရှိနီစွာလေ့ ဖြစ်ပါရေ။

“ကြာရေလို့ဆိုရဖို့ပါ့။ မိဘလက်ထက်ကနီ ထိန်းသိမ်းလုပ်ကိုင်လာစွာ။ ယင်းလောက်ထိလေ့ မဟုတ်ပါ။ ၂ ဧကလောက်ကျန်ခစွာပါ။ အချေဘဝကနီ လုပ်ကိုင်လာကပ်စွာ ဒေနိထိပါ့။ ဒေနှစ်တော့ ကွမ်းသီးဈီးကောင်းနီရေ။ လက်ရှိ တစ်မောင်းကို ၁၅၅၀၀၀ လောက်ရေလို့ပြောရေ။ ရောင်းတော့ မရောင်းဖြစ်သိမ့်။ ဒေနှစ်မှာ ကွမ်းသီးအထွက်နှုန်းလည်း မှန်ရေ။ ဈေးကလေ့ ကောင်းရေဆိုကေ အရင်က ဒေလောက်ထိ တစ်ခါလေ့ မဖြစ်ဖူးပါ။” အဆင်ပြေဖို့လို့တော့ ထင်ရေလို့ စိုက်ခင်းပိုင်ရှင် ဦးစံညွှန့်က ပြောပါရေ။

ကွမ်းသီးစိုက်ခင်းတိမှာ ကွမ်းသီးပြီးကေ အလည်ကျပေါက်ရောက်ရေ စားပင်ဟင်းတိလေ့ ရရှိတတ်ရေပိုင် အထွက်နှုန်း မရှိသလောက် နည်းပါးရေ အပင်တိကို ခွတ်လှဲလိုက်ယာဆိုကေလေ့ နီအိမ်တိမှာ တိုင်အဖြစ်လည်းကောင်း၊ ကြမ်းခင်းအဖြစ်လည်းကောင်း အသုံးပြုကပ်ပြီးကေ ကွမ်းသီးပတ်ကိုလေ့ ဆီးလိပ်ပတ်အဖြစ်အသုံးပြုဖို့အတွက် ပြန်လည်ရောင်းချလို့ ရရှိရေလို့ ဒေသခံတိက ပြောကပ်ပါရေ။

ဒေကျေးရွာတိမှာ လမ်းပမ်းဆက်သွယ်ရေးပါ၊ လျှပ်စစ်ရရှိမှုအပိုင်းမှာပါ၊ အင်တာနက်နဲ့ မိုဘိုင်းအင်တာနက် ရရှိမှုပါ မရှိသလောက် နည်းပါးနီစွာဖြစ်လို့ ကွမ်းသီးစိုက်ခင်းလုပ်ငန်းပြီးကေ အလုပ်အကိုင် မရှိကပ်ပါယာ။ ယင်းကြောင့် ရပ်ရွာတိုးတက်ကောင်းမွန်လာဖို့ ဆောင်ရွက်ပီးကပ်ဖို့လည်း တာဝန်ရှိသူတိပါး Arakan Yoma က တဆင့် တောင်းဆိုကပ်ပါရေ။

“လမ်းမကောင်းရေအတွက် လူတိက တဝပင်ပန်းကပ်ရေ။ အိမ်ကို လိုသလောက်ပစ္စည်းကို သယ်လို့မရ။ အခုဆိုကေ ကျနော် အိမ်ဆောက်ချင်နီရေ။ တံတားရှိရေ။ လမ်းပေါက်ရေဆိုကေ ကားနဲ့ တိုက်ရိုက်ဝင်လို့ရရေ။ အခုကျကော့ လောင်းမပါကေ တစ်ခုကိုလေ့ လားလို့မရ။ တံတားကို ရွာသားတိအတိုင်းအတာနဲ့ မနှစ်က လုပ်ကပ်ရေ။ သိန်းလေးငါးရာလောက် ကုန်ကျလားရေ။ ယေကေလေ့ အပြီးအစီးကို ရောက်မလား။ အခု အချေတိ ကွန်းသီးပင်တိနဲ့ ယာယီတံတားချေ ဆောက်ထားရရေ။ ဟိုလေးငါးရက်ကတောင် အသစ်ပြန်မွမ်းမံထားရရေ။ ရွာကအချေတိ ဆိုင်ကယ်နဲ့ လားကပ်ကေ အန္တရာယ် များပါရေ။ ပြုတ်ကျကေ သီကပ်ဖို့စွာစိုးရိမ်ရရေ။ ယင်းချင့်တိက အခက်ခဲတိပါ။ တံတားချေတစ်ခုနဲ့ မီးတခု ရရှိစီချင်ရေ။”လို့ ဦးကျော်ဇံက ပြောပါရေ။

ရခိုင်စစ်ပွဲကာလအတွင်းမှာလေ့ ကွမ်းသီးစိုက်ခင်းတိဖက်မှာ တိုက်ပွဲဖြစ်စွာ မရှိခကေလေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကွမ်းသီးပင်တိ ပျက်စီးဆုံးရှုံးလိုက်ရသူတိလည်း လက်သန်းချီရွာမှာ ရှိနီပါရေ။

 1,003 total views,  1 views today