ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အကျွန် အချေခါက အဆင်ပြေရေ မိသားစုက မွီးဖွားလာစွာ မဟုတ်ပါ။ မောင်နှမတိလည်း များပါရေ။ လွန်ခရေ နှစ်ပေါင်း ၃၀ ကျော်လောက်က တစ်ယောက်နဲ့ တစ်ယောက် နှစ်နှစ်ခြား သားသမီး ရှစ်ယောက်တာဝန်ကို ထမ်းဆောင်ပြီးရပ်တည်ရဖို့ မိဘတိ၏ စီးပွားရေးက ယလောက်ထိ မခိုင်မာခပါ။

ဒေါ်သန်းသန်းရွှေ (ခ) မသားသားဆိုစွာ စစ်တွေမြို့ အခြီစိုက် Triple E Management Institute ကို တည်ထောင်ထားသူ အမျိုးသမီးလူငယ်တစ်ယောက် ဖြစ်ပါရေ။ ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေးက အထောက်အပံ့တစ်ခုဖြစ်စီဖို့ ရည်ရွယ်ပြီးကေ လူငယ်တိကို အသိပညာနဲ့ အတတ်ပညာတိ မျှဝီပီးနိန်သူ ဖြစ်ပါရေ။

အကျွန်ရို့ Triple E Management Institute ၏ Vision ကတော့ Economics for community Development ပါ။ ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေးက အထောက်အပံ့တစ်ခု ဖြစ်စီဖို့ အတွက်ပါ။ ပြောချင်စွာက များသောအားဖြင့် ခေတ်အချိန်တိကို ဖြတ်သန်းလာရေ။ ဖြတ်သန်းလာပြီးရေနောက်မှာ စီးပွားရေးဆိုရေ အရာအတွက်ကို မြင်ကြည့်လိုက်လို့ရှိကေ သူရို့တိ၏ အမြင်မှာ ကောင်းစွာထက် မကောင်းရေ ဘက်ကို မြင့်ရေအမြင်က ပိုလို့များရေ။ အကျွန်လည်း ၂၀၁၄ ခုနှစ် လောက်အထိ ကုမ္ပဏီဝန်ထမ်းအနိန်နဲ့ ဆက်ပြီးကေ နိန်လာစွာ။ ၂၀၁၄ လောက်မှာ စီမံခန့်ခွဲမှု အခြေအနေ တစ်ခုအထိ ရောက်လာရေ။

ရောက်ပြီးရေနောက် အလုပ်လုပ်ရေ အခါကျတော့ စီးပွားရေးနဲ့ ပတ်သက်ပြီးကေ တချို့ Ethic တိ။ Ethical business မျိုးကို ပိုပြီးကေ မျှော်လင့်ထားရေ ။ စီးပွားရေးအရ လိုအပ်ချက် ဝင်ငွေအပေါ်မှီတည်မှုဆိုစွာက အရေးကြီးပါရေ။ စီးပွားရေးအရ မတောင့်တင်း၊ ဝင်ငွေအရ ခိုင်မာမှုမရှိဆိုကေ တစ်ယောက်ချင်းတိုင်းလည်း ငြိမ်းချမ်းမှုမရှိ၊ မိသားစုတစ်စုဆိုကေ လင်မယားနှစ်ယောက်ယာ ထားအုံး၊ ယောက်ျား၊ မိန်းမ နှစ်ယောက်စလုံးက သူတို့ဝင်ငွေမတောင့်တင်းဆိုကေ သူရို့အိမ် မ ငြိမ်းချမ်း။ ဆိုကေ လူတစ်ယောက်ချင်းစီကစလို့ ဒေ လောက်ကြီးကျယ်ရေ အခြေအနေအထိ အေရးပါရေ။


အလုပ်နဲ့ဝင်ငွေ၊ ယင်းချင့်နဲ့ ဆက်စပ်တေ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာပါ့။ ယင်းအရာတိအပေါ် မှာ ဇာကြောင့်မကောင်း ရေ ဘက်ကို မြင်လို့ရဖို့လဲ။
အမှန်ရာ ငြိမ်းချမ်းဖို့အတွက်ကို ကြည့်ကြည့် တိုးတက်ဖို့အတွက်ယာ ကြည့်ကြည့်၊ ရပ်တည်ဖို့အတွက်ယာ ကြည့်ကြည့် လူတစ်ယောက်ချင်းစီကနိန် နိုင်ငံအဆင့်ထိ ၊ ကမ္ဘာအဆင့်ထိလုပ်ငန်းနဲ့ ပတ်သတ်စွာက ဝင်ငွေနဲ့ ရပ်တည်ဖို့စွာက အရေးကြီးရေ ။ ဒေစီးပွားရေးလုပ်ငန်းတစ်ခု၏ ရပ်တည်မှုစွာ ကိုယ့်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အပံ့ပီးနိုင်ရေ စီးပွားရေးတစ်ခုယာ ဖြစ်ခဖို့ဆိုကေ အမြင်ကို ပြောင်းလဲပီး နိုင်ဖို့။ ဆိုကေ ဒေပိုင်မျိုး စိတ်ကူး၊ စိတ်သန့် ရည်ရွယ်ချက်တိနဲ့ အကျွန်လုပ်ချင်ရေ စီးပွားရေးစွာ Ethical business ဖြစ်ချင်ရေ။ ယင်းစီး ပွားရေးကနိန် ရလာရေ အကျိုးဆက်တိ အားလုံးကို လူ့အဖွဲ့ အစည်း ဖွံ့ဖြိုးရေးမှာ ပံ့ပိုးပေးနိုင်ရေ စီးပွားရေးတစ်ခုဖြစ်အောင်။ ယပိုင်မျိုးစဉ်းစားပြီးကေ စာတမ်းရေးခပါရေ။ နောက်ဒေ အလုပ်ကို စပြီးကေ လုပ်စွာပါ ။

မပြည့်စုံရေ မိသားစုကနိန် မွီး ဖွားကြီးပြင်းခကေလေ့ နောက်မဆုတ်တမ်း ကြိုးစားခမှု ရလာဒ်တိကြောင့် အဂုအချိန် နယ္ပယ္တစ္ခုမွာ အတိုင်းအတာတစ်ခုထိ ရပ်တည်နိန်နိုင်ယာ ဖြစ်ပါရေ။

သူမ၏ အငယ်ဘ၀ ဖြတ်သန်းခရပုံက ဇာပိုင်ပါလဲ။

အကျွန့်ကို မမွီး ခင် အစ်မနှစ်ယောက်လက်ထက်အထိတော့ မိသားစုစီးပွားရေးကောင်းခရေလို့ ကြားပါရေ။ ယကေလေ့ အကျွန်ရို့ မွီးလာရေ အချိန်မှာ ဘာဘာက
မေမေက စီးပွားရေးကျရေ။ ရုန်းကန်ရရေပါ့။ ရုန်းကန်ရရေအထဲမှာမှ သားသမီးက ၈ ယောက်၊ ဒေ၈ ယောက်လုံး၏ ပညာရေး၊ စားဝတ်နိန်ရေး အားလုံးကို ရုန်းကန်ရရေ။

ယင်းအချိန်မှာ အဆင်ပြေရေ မိသားစုတော့ မဟုတ်ပါ။ မေမေက အထက်တန်းကျောင်းရှေ့မှာ အကြော်ရောင်းရေ။ ဘာဘာက လက်သမားလုပ်တေ။ အယင်ကတော့ ဘာဘာနဲ့မေမေက ဆန်ကုန်သည် ဆန်ပွဲရုံလုပ်တယ်လို့ ပြောရေ။ ယကေလေ့ စီးပွားရေးကျလခရေနောက်ပိုင်း ယပိုင်မျိုးနဲ့ အသက်မွီးရေ ။ယင်းအချိန်မှာ မေမေနဲ့ ညီမနှစ်ယောက်က ထောက်ပံ့ပီးရေ။

အကျွန်ရို့ ပညာရေးကတော့ ဆက်လားခရေ။ အကျွန် ခုနှစ်တန်းတက်ရေအချိန် ၁၉၉၆ ခုနှစ်မှာ ဘာဘာ သီဆုံးပါရေ။ ယင်းခါက ပညာရေးက အဂုပိုင် ငွေကြေးကင်းလွတ်ခွင့်နဲ့ ပညာရေးမျိုး မဟုတ်ပါ။ ငွေကြေးစိုက်ထုတ်ပြီးကေ တက်ရရေ ပညာရေးမျိုး။ ဆိုကေ ဒေသားသမီးတိ ပညာရေးအားလုံးအတွက် မေမေက ပင်ပန်းရေ။ ယင်းအချိန် အဆင်မပြေခါ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတိ ကပါ ဇာပြောလဲဆိုကေ ကျောင်းထုတ်ပြီးကေ ရာသီစာ ဖရဲသီး၊ အညှင်းသီး ယပိုင်ရောင်းပြီးကေ ရုန်းကန်ရဖို့ဆိုပြီးကေ ပြောရေအထိရှိရေ။‌

ယေကေလေ့ ကံကောင်းစွာက အစ်မတိရှိစွာ အရီးမတိ ရှိစွာ ကကောင်း ကံကောင်းရေ။ တက္ကသိုလ်တက်နိန်ရေ အစ်မတိက လုံးဝမဖြစ်စီရ၊ ငါ့ညီမတိကို လုံးဝကျောင်းမထုတ်ပေါ့။ အစ်မတိက ဇာလုပ်လဲဆိုကေ ယင်းအချိန်က ပုဇွန်ဒိုင်တိ ခေတ်စားရေ။ အစ်မတိက နိပါ ညပါ အလုပ်လုပ်ပြီးကေ လက်တိ ပေါက်တေအထိ အလုပ်လုပ်ပြီးကေ ငါ့ညီမတိကို လုံးဝကျောင်းမထုတ်ပေါ့။ အကျွန်ရို့ ဆယ်တန်းနှစ်လောက် ကျူရှင်ဆိုစွာ မတက်ဖူး။ အစ်မတိက စာပြန်ပြရေ။ ယပိုင်နဲ့ ကျောင်းတက်ပြီးကေ ဆယ်တန်းအောင်ရေ။ ဆယ်တန်းအောင်ရေနှစ်မှာ အစ်မတိက ရန်ကုန်လားပြီးကေ အလုပ်လုပ်စွာနဲ့ အများကြီး ထောက်ပံ့ပီး နိုင်စွာနဲ့ အရီးမတိဘားက ထောက်ပံ့မှုထပ်ရစွာနဲ့ဆိုကေ ယပိုင်နဲ့ ဆယ်တန်းအောင်လာရေ။

သူမပိုင် ရုန်းကန်လှုပ်ရှားပြီးကေ ဖြတ်သန်းရရေ လူငယ်ချေတိကိုတော့ ဒေဂုပိုင် အားပီး စကား ပြောလိုက်ပါရေ။

အကျွန် ကြီးပြင်းခစွာကို ပြောပြနားထောင်ပြီးရေ အချိန်မှာ ဒေပိုင် မျိုးကြီးပြင်းပြီးကေ ကြိုးစားလာရရေ အဂုအချိန် ဒေ နေရာမှာ အတိုင်းအတာတစ်ခုအထိ ရပ်တည်နိန်နိုင်ရေ။ ယင်းချင့်ကိုကြည့်ပြီးကေ အားကျရေ စိတ်နဲ့ မဟုတ်ကေ ခံစားချက်တစ်ခုခုနဲ့ အကောင်းဘက်ကို
ရောက်လားရေဆိုကေ ဝမ်းသာပါရေ။

အကျွန့်ပိုင် ကြိုးစားပြီးကေ အကျွန့်ပိုင်ဖြစ်ပါလို့ မပြောလိုပါ။ ယကေလေ့ အဂုလက်ရှိ ကမ္ဘာကြီးစွာ အသိပညာနဲ့ ယှဉ်ပြီးလားရဖို့ ကမ္ဘာကြီး ဖြစ်လာရေ။ အသိပညာနဲ့ ယှဉ်ပြီးလားရဖို့ ကမ္ဘာကြီးထဲမှာ မိရိုးဖလာလုပ်ရိုးလုပ်စဉ်တိနဲ့ လားနိန်ရေ ပုံစံမျိုးနဲ့ဆိုကေ လိုက်မီဖို့ ကကောင်း ခက်ခဲပါဖို့။ အကျွန်ရို့၏ ဆောင်ပုဒ်အတိုင်း အနာဂတ်မှာ အသိပညာနဲ့ ယှဉ်ပြိုင်ရဖို့ နိန်ရာမှာ အသိပညာတိနဲ့ အတတ်ပညာတိနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် အဂုကပင် အရင်းအနှီးလုပ်ပါ။ အနာဂတ်ဆိုရေအချိန်မှာ ပိုကောင်းဖို့အတွက်တော့ ဒေ ပုစ္စုပန်က အရေးကြီးပါရေ။ လက်ရှိအချိန်မှာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ ဖြတ်သန်းကပ်ပါလို့။

 376 total views,  1 views today