အာရ်ကန်ရိုးမ ၊ စစ်တွေ

ရခိုင်မြောက်ပိုင်းကို ပဋိပက္ခတိနဲ့ တိုက်ပွဲတိကြား နှစ်ကာလ ဆယ်စုနှစ်တစ်ခုကြာ မြင်တွိ့ခရကေလေ့ အဂုအချိန်မှာတော့ ပြန်လို့စည်ကားလာစွာကို တွိ့လာရပါရေ။

လက်နက်ကိုင် တိုက်ခိုက်မှုတိ တည်ငြိမ်လာခရေပိုင်၊ ကိုဗစ်ရောဂါ ကူးစက်မှုတိ လျော့ကျလာခပြီးကေ နောက်ပိုင်း ပွင့်လင်းရာသီမှာ လာရောက်လည်ပတ်ကပ်သူ အများကြီးရှိလာပြီးကေ နိညမပြတ် ပွဲတော်တိနဲ့ စည်ကားလာခကပ်စွာပါ။

အပတ်စဉ် စနီ၊ တနင်္ဂနီ အားလပ်ရက်တိဆိုစွာ ဘုရားဖူးတိနဲ့ ပြည့်နိန်ရေပိုင်၊ ပျော်ပွဲစား ထွက်ကပ်တေ လူငယ်ချေတိကိုလည်း မြို့တိုင်း၏ အထင်ကရနိန်ရာတိမှာ တွိ့မြင်နိန်ရပါရေ။

ဒေနှစ် ဝါကျွတ်ကာလ ရုံးပိတ်ရက်တိမှာဆိုကေ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်တိမှာ လာရောက်လည်ပတ်သူ အယင်နှစ်တိကထက် ပိုလို့များခရေလို့ ဂေါပက လူကြီးတိက ပြောကပ်ပါရေ။

ပြီးခရေနှစ်တိက ဘုရားဖူးလာရောက်သူ နည်းခပြီးကေ အဂုနှစ်မှာတော့ခါ လပြည့်နိ တစ်ရက်တည်း မှာတောင် မဟာမုနိဘုရားကို လာရောက်ဖူးမြော်သူ သောင်းချီရှိခရေလို့ မဟာမုနိဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသာလှအောင်က ပြောပါရေ။

စစ်ရေးနဲ့ ကိုဗစ်အခြေနေတိကြောင့် ၂ နှစ်ကြာ ဘုရားဖူးလာရောက်သူ မရှိသလောက်နည်းခရေ မြောက်ဦးမြို့မှာဆိုကေလည်း ဒေနှစ်မှာတော့ခါ မီးပုံးပျံလွှတ်ပွဲ၊ ဆီမီးတစ်ထောင်ပွဲ စသဖြင့် ကျင်းပခပြီးကေ လည်ပတ်သူ များပြားစွာကို တွိ့ရပါရေ။

ပြီးခရေ နှစ်တိကဆိုကေ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတိ ရှိနိန်ခရေပိုင် စစ်ပွဲရပ်ဆိုင်းနိန်ဆဲ ကာလမှာလည်း တပ်စွဲထားစွာတိ ရှိလို့ ရခိုင်ဒေသခံတိစွာ တန်ခိုးကြီး ဘုရားတချို့ကို လည်ပတ်ဖူးမြော်ဖို့ အခက်အခဲရှိခကပ်ပါရေ။

အဂုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်အခြေနေနဲ့ ပဋိပက္ခတိ တည်ငြိမ်နိန်လို့ ရခိုင်က တန်ခိုးကြီး ဘုရားတိကို ဝါကျွတ်လပြည့်နိမှာ လာရောက် ဖူးမြော်ကပ်စွာ သောင်းနဲ့ချီရှိနိန်ပါရေ။

ဘုရားဖူး လည်ပတ်ခရေ ဒေါ်မဖြူက ဒေဂုပိုင် ဖူးမျှော်လည်ပတ်ခွင့်ရလို့ ဝမ်းသာပြီးကေ နောက်နှစ်တိမှာလည်း တည်ငြိမ်အီးချမ်းနိန်စီချင်ရေလို့ ပြောပါရေ။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတိ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနိန် ဖြစ်ပွားခပြီးကေ ၂၀၂၀ အောက်တိုဘာလမှာ နှစ်ဘက်တိုက်ပွဲတိ ရပ်စဲခရေအထိ ရခိုင်ဒေသခံတိ အနိန်နဲ့ ဘုရားဖူးလည်ပတ်မှုတိ မရှိသလောက် နည်းခပါရေ။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အလားအလာ ကန့်သတ်ထားရေ အတွက် ပွဲတော်တိ မကျင်းပခရပါ။ ယကေလေ့ ဒေနှစ်မှာတော့ခါ ရခိုင်က ရှေးဟောင်းဘုရားပုထိုးတိ ရှိရေ မြောက်ဦးအပါအဝင် မြို့နယ်တချို့မှာ နိခင်းဘက် ချရေ ပွဲတိနဲ့ ညဇာဖက်ချေရပွဲတိကိုပါ လွတ်လွတ်လပ်လပ် ဆင်နွှဲနိန်ကပ်စွာကို တွိ့ရပါရေ။

စည်ကားခစွာထဲမှာ မြောက်ဦးမြို့နယ်က ဘုရားပုထိုးတိ၊ ကျောက်တော်မြို့နယ်က မဟာမုနိဘုရား၊ ပုဏ္ဏားကျွန်းက ဦးရာဇ်တော်ဓာတ်၊ မင်းပြားမြို့နယ်က ကျိန်းတောင်စေတီအပြင် AA ထိန်းချုပ်တေဒေသတိထဲက တစ်ခုဖြစ်တေ ကျောက်တော်ဆည်ရို့မှာလည်း စည်ကားခပါရေ။

 381 total views,  1 views today