Arakan Yoma |

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်က စစ်ဘေးရှောင်စခန်းအချို့ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆန်အပါဝင် ဆီ၊ ပဲနဲ့ ဆားတိ ပါဝင်ရေ စားနပ်ရိက္ခာအချို့ကို မတ်လ ၂၇ ရက်နိက ကူညီထောက်ပံ့ပီးခပါရေ။

စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၂၃၀၀ လောက်ရှိရေ အဆိုပါ ပန်းမြောင်းဒုက္ခသည် စခန်း ၃ ခုက ဒုက္ခသည် တစ်ဦးချင်းစီအတွက် တစ်လ စားသုံးနိုင်ဖို့ ရည်ရွယ်ပနာ ဆန် ၅၉၉ အိတ်၊ ဆီ ၁၈၃ ဖာ၊ ပဲ ၇၉ အိတ်နဲ့ ဆား ၇ အိတ်ရို့ကို လှူဒါန်းခစွာဖြစ်ကြောင်း အောင်မင်္ဂလာဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးကျော်ကျော်လှက ပြောပါရေ။

“ကျောင်းတစ်ကျောင်းရဲ့ လူဦးရေကိုကြည့်ပြီးကေ လှူလားစွာပါ။ သူရို့က။ ကျနော်ရို့ကျောင်းမာ ဆန်က ၇၁ အိတ်လှူလားရေ။ ကျနော်ရို့ စခန်းမှာ ကျကေ လူ ၂၇၀ ရှိပါရေ။ လူဦးရေပမာဏကို ကြည့်ပြီးကေ ခွဲဝေစားသောက်ဖို့ ပေးလားစွာပါ။ လူတစ်ယောက်ကို တစ်ရက်မှာ ဆန်သုံးကီလိုလောက် ပျှမ်းမျှ တစ်လစာလောက် ပေးစွာပါ။”

ရွာအတွင်း တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်မှုကြောင့် မြောက်ဦးမြို့နယ် မြိုချောင်း၊ ကျောင်းတောင်နဲ့ မင်းပြား မြို့နယ် ကျေးရွာအချို့က လူဦးရေ ၂၃၀၀ ခန့်မှာ ပန်းမြောင်းအုပ်စုက ရွှေဖောင်တိန်ကျေးရွာ၊ အောင်မင်္ဂလာကျေးနဲ့ ရွာသစ်ကျေးရွာက ဘုန်းတော်ကြီး ကျောင်းတိမှာ မတ်လ ၁၉ ရက်နိကစတင်ခိုလှုံနီကတ်စွာ ဖြစ်ပါရေ။

ရခိုင့်တပ်မတော် အေအေနဲ့ မြန်မာ့တပ်မတော်ရို့ ရခိုင်ပြည်နယ်အတွင်း စစ်ရေး တင်းမာပြီးရေနောက် ပြည်နယ်အစိုးရအဖွဲ့က ရခိုင် မြောက်ပိုင်းက မြို့နယ်တိကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရို့ကအပ ကျန် NGO နဲ့ INGO တိကို လားရောက်ခွင့် ပိတ်ပင်လိုက်စွာကြောင့်လေ့ ကူညီကယ်ဆယ်ရေးတိ နည်းပါးလားရေလို့ သိရပါရေ။

 496 total views,  1 views today