ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်တေ စစ်တွေမြို့ကနီ ဆတ်ရိုးကျချောင်းကို ဖြတ်ထိုးထားရေတံတားကို ဖြတ်ပနာ ဆတ်ရိုးကျ မြို့သစ်ရပ်ကွက် (ကယ်ဆယ်ရေး) ကိုလားကေ ချောင်းထဲမှာ ရပ်နားထားရေ ဘုတ်ကြီး၊ ဘုတ်ချေတိအပါအဝင် ကုန်တင်ကုန်ချ လုပ်သားအများကြီးကို ခါတိုင်းပိုင် မြင်တွိမိကတ်ပါဖို့။

ယင်းပိုင်မြင်တွိနီကျမဟုတ်ဘဲ နွီရာသီရောက်လာကေ ထထူးဆဆန်းမြင်တွိရဖို့ အရာတစ်ခုရှိနီပါရေ။ ယင်းချင့်ကတော့ကေ ဆတ်ရိုးကျ တံတားအောက်က ဘဝကို ထူးဆန်းစွာ ဖြတ်သန်းရုန်းကန်လှုပ်ရှားနီကတ်ရရေ နွီရာသီ ဂုံးကောက်လုပ်သားတိဖြစ်ပါရေ။ ဒေတစ် ပတ်မှာတော့ သူရို့က ဂုံးတိကို ဇာအချိန်မှာ၊ ဇာပိုင်ကောက်ပြီးကေ ဇာနီရာတိမှာ ရောင်းချကတ်တယ်။ တစ်နိ့အတွက် ဝင်ငွေ ဇာလောက်ရနိုင်ရေ။ စစွာတိကို လားရောက်မီးမြန်း တင်ဆက်ပီးလားပါဖို့။

နွီဦးပေါက်ရာသီတပေါင်းလကို ရောက်ယာဆိုစွာနဲ့ စစ်တွေမြို့နယ် ဆတ်ရိုးကျတံတားအောက်က ချောင်းမှာလူတစ်ယောက်စီဝါးတစ်လုံးစီကိုထူပြီးကေဝါးမှာ ချုပ် (ပိုက်ဖြင့်ဖြစ်စေ၊ ဝါးနှီးဖြင့်ဖြစ်စေတစ်စုံတစ်ခုထည့်လို့ရနိုင်စေရန် ပြုလုပ်ထားသောအရာ) တစ်ခု၊ ခြံချေတစ်ခုကိုချိုင်ပနာဝါးကိုကိုင်ပြီးငုပ်လိုက်၊ ပေါ်လာလိုက်လုပ်နီကတ်တေလူတစ်ချို့ကိုတွိမြင်ရပါလိမ့်မယ်။

သူရို့တိစွာစစ်တွေတစ်ဖက်ကမ်းကအောင်ချမ်းသာ၊ ဆတ်ရိုးကျနဲ့ မင်းဒရားချိတ်စရေကျေးရွာတိကလက်လုပ်လက်စားလုပ်ကိုင်လူတိဖြစ်ပြီးကေတံတားအောက်မှာဂုံး (ဒေသအခေါ် ဂုံးဖြူ) လကောက်ကတ်စွာပါ။ဂုံးကိုဇာပိုင်ပုံစံမျိုးကောက်ရပါလေ။

“ပထမဆုံးရီထဲမှာဝါးစိုက်တယ်။ စိုက်လို့ပြီးစွာနဲ့ ခြံတိ၊ အိတ်တိကိုဝါးမှာချိုင်ထားရေ။ ရီငုပ်ပြီးကေကိုယ့်လက်တိကိုပြတ်နိုင်ဖို့ပုလင်းကွဲတိ၊ သံတိုသံစတိရှိလားစမ်းကြည့်ရရေ။ ရှိရေလို့ဆိုကေနည်းနည်းသိမ်းပလိုက်တယ်။ ပြီးကေတစ်ဖက်ကာနဲ့ ဂုံးရှိလား။ မရှိလား။ စမ်းကြည့်ရေ။ ရှိတယ်ဆိုကေဇာလောက်ရှိရေ။ အများရှိလာ။ အနည်းရှိလာ။ ယူခပြီးကေအထက်မှာချင့်ချိန်ကြည့်ရေ။ ဂုံးသီးသန့်ရှိရေဆိုကေနောက်တခေါက်မှာခြံကိုချပြီးကေလက်နှစ်ဖက်နဲ့ကျုံးပါယာမနားယေ။”

ပက်ခုံးထက်မှာထမ်းလာရေဂုံးအိတ်ကိုမြေမှာအိမ့်ကနဲပစ်ချနာပစ္စည်း၊ ပစ္စယတိကိုသေချာအောင် ထုတ်ပိုးရင်းနဲ့ အောင်ချမ်းသာကျေးရွာကခုံးလာကောက်တေဦးမောင်ကျော်ဆန်းကရီထဲမှာဂုံးကောက်ပုံကိုရှင်းပြစွာဖြစ်ပါရေ။

အထူးသဖြင့်တော့ကေမိုးထပိုင်းဖြားရီကျချိန်မှာကောက်ရစွာဖြစ်ပြီးကေဖြားရီစွာတစ်ရက်ထက်တစ်ရက် (၁၅ ရက်တစ်ကြိမ်စီမှာ) တစ်နာရီစီပုံမှန်နောက်ကျလေ့ ရှိရေအတွက် သူတို့စွာလည်းဒီရေ၏အလျဉ်းအတိုင်းလိုက်ပြီးလားရပါရေ။တစ်လဆိုကေရက်ပေါင်း ၂၀လောက်ရာ လုပ်ကတ်ရပါရေ။

“(လဆုတ်) ၃၊ ၄ ရက်နဲ့လည်းမရသိပါ။ဖြားရီကကြမ်းသိပါရေ။ ၅ ရက်၊ ၆ ရက်လောက်ဆိုကေငုပ်လို့ရပါယာ။ ၅ ရက်နိလောက်ကနီဆင်းရေဆိုလို့ရှိကေ ၁၃ ရက်၊ ၁၄ ရက်လောက်ထိငုပ်တယ်။ ဖြားရီကတစ်ရက်ထက်တစ်ရက် ၁ နာရီနောက်ကျပါမလား။ ယင်းနန့် ဒေနိမှာ ၉ နာရီကလာရေဆိုလို့ရှိကေနောက်နိမှာ ၁၀ နာရီမှာလာရရေ။”

တစ်ရက်မှာအချိန် ၂ နာရီလောက်ရာလုပ်ရပြီးကေဖြားရီပြန်တက်လာစွာနဲ့ လက်စသတ်ကတ်လေ့ရှိပြီးကောက်တေအချိန်မှာတော့ ကောက်ယူပုံကိုနားလည်ကေနားလည်သလောက် ရက်တွက်ကိုက်ကတ်ပါရေ။

“ကြားမှာ ၂နာရီခွဲ၊ ၂ နာရီအပိုင်းဆက်လောက်ရာငုပ်ရရေ။ ငုပ်နီကျလူတိဆိုကေတော့ခါတစ်ရက်ငုပ်လိုက်ကေအများကြီးရကေရသလောက် မြေဆီအိတ်နဲ့ တစ်အိတ်လောက်ရတယ်။ ယင်းတစ်အိတ်ကိုရောင်းလိုက်ကေဖဲသာ ၃ သောင်း၊ ၂ သောင်းခွဲလောက်တော့ ရရေ။ ပုံမှန်တော့ကေမဟုတ်ပါ။ ဂုံးနဲ့တွိကေတွိသလောက်ပေါ့။”လို့ ဦးမောင်ကျော်ဆန်းကပြောပါရေ။

ရီငုပ်လာရေသက်တမ်းအတွိအကြုံအရအကြာကြီးရီငုပ်ခံနိုင်လူတိရှိရေပိုင်ခံနိုင်ရည်မရှိလူတိလည်းရှိပါရေ။ ဆယ်စုနှစ် ၃ ခုလောက် ယင်းလုပ်ငန်းလုပ်ကိုင်လာရေအသက် ၄၀ ကျော်အရွယ် ဦးမောင်ဖြူချေကအငယ်ချေကနီလုပ်ကိုင်လာရေအကြောင်းကိုအခုပိုင်ရယ်ကာသွမ်းကာနဲ့ ပြန်ပြောပါရေ။

“ယင်းချင့်ကိုတော့ ပြောလို့ မရ။ အငုပ်ခံနိုင်သူလည်းရှိရေ။ အငုပ်မခံနိုင်လူတိလည်းရှိရေ။ အရင်ကပင်ငုပ်နီကျလူတိဆိုကေခံနိုင်ရည်ရှိရေ။ အခုလတ်တလောငုပ်ရေလူတဆိုကေယလောက်ထိမခံနိုင်။ ကျနော်ဆိုကေကကောင်းအငယ်ချေခါကပင် ဒေချောင်းမှာငုပ်လာစွာ။ အခု (အသက်) ၄ ဆယ်ကျော်နီယာ။ နာရီပတ်ပြီးတော့ ငုပ်တယ်။ လူတစ်ယောက်က ၄၊ ၅ မိနစ်ခံနိုင်ဖို့စွာမလွယ်။ ကျနော်ကတော့ ၃ မိနစ်ပေါ့။”

ရခဲတင်၊ ကုန်တင်ကုန်ချ၊ ဝါး၊ ကျောက် အမျိုးမျိုးသောပစ္စည်းတိတင်ဆောင်လာတတ်တေဘုတ်ကြီး၊ ဘုတ်ငယ်မျိုးစုံရို့ဝင်ရောက်ရာလမ်းကြောင်းဖြစ်တေယင်းဆတ်ရိုးကျချောင်း၏အလယ်မှာဂုံးရှာနီကတ်ရသူတိအတွက်ကအသက်အန္တရာယ်ကိုလည်းစိုးရိမ်ရပြန်ပါသိရေ။

ဦးမောင်ကျော်ဆန်းက “တစ်ယောက်ကိုတစ်ယောက်ပြောထားကတ်တေ။ ဘုတ်လာကေငုပ်နီကေလည်းဝါးကိုလှုပ်ပလိုက်။ ငုပ်နီကေလည်းယင်းပိုင်တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပီးလို့ ငုပ်ကတ်တယ်။ ရီထဲမှာငုပ်နီကေဝါးကိုလှုပ်လိုက်စွာနဲ့ ဘုတ်လာရေဆိုစွာကိုအချိန်းပီးစွာပါလေ။”လို့ ဆိုပါရေ။

ဒေအလုပ်ကိုအဆင်ပြေလို့ လုပ်နီရစွာလားဆိုရေမီးခွန်းကိုတော့ ဦးမောင်ဖြူချေက“အဆင်ကဇာပြေပါဖို့လဲယေ။ ယပိုင်လုပ်နီကတ်စွာ။ ပြေရေယပိုင်လို့ကမရှိ။ အလုပ်မရှိကေအဆင်မပြေ။ နောက်ထပ်အလုပ်တိကကောင်းမလုပ်ဖူး။ ထမ်းကမထမ်းနိုင်။သူများတိပိုင်။ သူများတိကတော့ကေလားထမ်းကတ်တယ်။ ဈေးတိမှာ။ ယပိုင်လည်းမထမ်းနိုင်။”လို့ သောက်လက်စ ၅ သုံးလုံးဆေးလိပ်ပိုင်းတိုကိုလက်ကြားညှပ်ပြီးကေဖြေပါရေ။

အမျိုးသားတိရီထဲကိုဆင်းပြီးကေအလုပ်လုပ်နီချိန် ကုန်းထက်ကနီပြီးစောင့်ဆိုင်းနီတတ်တေအမျိုးသမီးတော်တော်များများကိုမတွိရကေလေ့ဆတ်ရိုးကျတံတား၏ အောက်ဖက်ဖောင်တော်မှာထိုင်ပြီးကေသား၊ သမီးငယ် ၃ ယောက်နဲ့အတူအမျိုးသားကိုစောင့်မျှော်နီသူကတော့ မင်းဒရားချိတ်ကျေးရွာကဒေါ်တင်တင်ဦးပါ။

“သူရို့တိဂုံးငုပ်ကေအထက်ကိုတင်ပီးစွာကိုအကြီး၊ အငယ်ရွီးရေ။ အကြီးတဈီးရောင်းရေ။ အငယ်တစ်ဈီးရောင်းရေ။ အကြီးဆိုရင် ၁ ထောင်ကျ။ အငယ်ဆိုကေ ၄၊ ၅၊ ၈ ရာ။ ဂုံးတိကိုဖြားနဲ့လိုက်လို့ ငုပ်ရရေ။ ဖြားရီတက်ကေမငုပ်ရ။ မတက်ကေငုပ်ရရေ။”လို့ အမျိုးသားက ကုန်းထက်ကိုတင်ပီးထားရေဂုံးတိကိုအငယ်၊ အကြီးဆိုဒ်နှစ်မျိုးခွဲနီရင်းကျန်လက်တစ်ဖက်က ၃ နှစ်သားအရွယ်သားငယ်ကိုဖက်ပနာဒေါ်တင်တင်ဦးကပြောပြပါရေ။

အမျိုးသားတိကခုံးကောက်ပြီးရေအချိန်မှာတော့ ရလာတဲ့ ဂုံးကောင်တိကိုတချို့က အိမ်ကိုယူလားကတ်တေပိုင်တစ်ချို့ကလည်းနီးစပ်ရာဈီးတွိမှာဖြစ်ဖြစ်၊ လမ်းမှာအော်လို့ပဲဖြစ်ဖြစ် ဝင်ရောင်းခကတ်ပါရေ။

ဒေါ်တင်တင်ဦးနဲ့အတူဖခင်ဖြစ်သူကိုကုန်းထက်ကနီပြီးကေကူညီပီးနီရေဆယ်နှစ်ကျော်အရွယ် သမီးငယ်က “ပတ်လို့ရောင်းပါရေ။မီးချေရို့က။”လို့ မိခင်ဖြစ်သူ၏စကားကြားဖြတ်ဝင်ပြောပါရေ။

ဆောင်းရာပိုင်ရီအေးရေအချိန်၊ မိုးရာသီပိုင်ရီချိုရေအချိန်တိမှာဂုံးဖြူကိုရှာမရဘဲနီရာသီပိုင်ရီငံရေအချိန်တစ်ခုတည်းမှာရာရှာဖွေတွိရှိနိုင်စွာဖြစ်ပါရေ။ ဦးမောင်ဖြူချေရို့ပိုင်ဂုံးကောက်သမတိကတော့ကေနီရာသီကုန်ဖို့စွာကိုစိုးရိမ်းခရီးဆက်နေသူတိပါရာ။

 586 total views,  1 views today