ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပတ်မှာတော့ကေ ရခိုင်ပြည်နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအကြောင်းကို တင်ပြချင်ပါရေ။ သူစွာအစ္စလာမ် အမျိုးသမီးလေ့ဖြစ်ပါရေ။

ပြည်နယ်အတွင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရာထူးတော်တော်များများစွာ အမျိုးသားတိရာဖြစ်ကတ်ပြီးကေ အမျိုးသမီးအရေအတွက်စွာ လက်ချိုးရီတွက်နိုင်ရေ ပမာဏရာရှိနိုင်ပါရေ။ ယင်းအထဲကမှ အစ္စလာမ်အမျိုးသမီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအကြောင်းကို ကျွန်တော် တင်ဆက်ပီးပါဖို့။

သူကတော့ကေ ကမ္ဘာကျော်ကမ်းခြေတစ်ခုဖြစ်တေ ငပလီကမ်းခြေတည်ရှိရေ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ကျောင်းတိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ခင်အုန်းရွှေပင်ဖြစ်ပါရေ။

“အရီးသမီးက GTI မှာ ကျောင်းတက်တေ။ ယင်းအချိန်မှာ နိုင်ငံသားစီစစ်ရေးကတ်မရှိကေ ကျောင်းကလက်မခံယာလို့ ကျောင်းက ထုတ်လိုက်တေ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကမန်ရွာ ၁၉ ရွာရှိရေပိုင် GTI ကျောင်းသားကလေ့ ၁၉ ယောက် ရှိရေ။ အရီးသမီးအပါအဝင်လေ။ ဒေအချေတိစွာ စီစစ်ရေးကတ်မရှိတဲ့စွာကြောင့် အခက်ခဲတိကို ကြုံတွိ့နီရရေ။ အချေတိက ငိုလိုက်၊ ရယ်လိုက် သူရို့ပညာရေးတိအနှောင့်အယှက်ဖြစ်နီရေဆိုရေခါ အရီးလေ့မိဘတစ်ယောက်အနီနဲ့ ကကောင်းခံစားရရေ။ ဒေပိုင်ဆိုကေ ဒေနိုင်ငံသား စီစစ်ရေးကတ်ရဖို့အတွက် အရီးလှုပ်ရှားကေမှ အဆင်ပြေဖို့ယာဆိုပြီးကေ လုပ်လိုက်စွာ”

အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့စွာသူမ၏ ရည်မှန်းချက် မဟုတ်တေပိုင် အစ္စလာမ်ဘာသာရေးအရ ပြောရဖို့ဆိုကေလေ့ အမျိုးသမီး ဦးဆောင်ရေဆိုစွာ ရှားပါးလှပြီးကေ ယင်းအချိန်ကလေ့သူမစွာ နိုင်ငံရေးလောကထဲ ဝင်ဆန့်ခသူတစ်ဦးလေ့ မဟုတ်ခပါ။ ယကေလေ့ သူမကဇာကြောင့် လုပ်ဖြစ်ခရစွာပါလေ။

“ထဲထဲဝင်ဝင်ဆိုလို့ရှိကေ ကမန်ပါတီဝင်တာလေ့မဟုတ်။ ယကေလေ့ လူမှုရေးအသိုင်းအဝိုင်းအနီမျိုးနဲ့ ဦးဆောင်လုပ်ဖို့ယာဆိုပြီးကေ ရွာမှာအရီးကို ထည့်ပီးကတ်တေ။ အကျွန့် အမျိုးသားနဲ့ နောက်ထပ် ရွာထဲက ၃၊ ၄ ယောက်ပါရေ။ ရွာကိုယ်စားလှယ်အဖြစ် ဦးဆောင်ပြီးမခံချင် စိတ်ချေနဲ့ပေါ့။ အမှန်အကန်ဖြစ်ပါလျှက်နဲ့ အချေတိ၊ သား၊ သမီးတိ အနာဂတ်။ ဒေအချေတိ မျက်ရည်စာတိကို မိဘတစ်ယောက်အနီနဲ့ မခံစားနိုင်ခ။ ဒေချင့်ကိုဦးတည်ပြီးကေ လုပ်လိုက်တေ အချိန်မှာ ရွာသားတိက အရီးလုပ်ရည်ကိုင်ရည်ကို မြင်လာကတ်တေအခါ အုပ်ချုပ်ရေးမှူးဝင်ရောက် အရွီးခံပါ။ ရွာထဲမှာရှိရေဆယ်အိမ်မှူးတိ၊ ရာအိမ်မှူးတိ၊ အမျိုးသားတိကလေ့ အားလုံးကိုထောက်ပံ့ပေးကတ်တေ။ အဓိကကတော့ကေ ရွာသားတိလိုလားချက်၊ ရွာသားတိပံ့ပိုးမှုကြောင့်လေ့ အရီးအဂုပိုင်အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်စွာပါ။”

၁၉၉၅ မတိုင်ခင်ကာလတိက ကမန်တိုင်းရင်းသားတိစွာ အမျိုးသားမှတ်ပုံတင် (၃ခေါက်ချိုး) ကဒ်နဲ့ မြန်မာနိုင်ငံအပါအဝင် နီရာတိုင်းကို လွတ်လွတ်လပ်လပ်လားလာလို့ ရခကတ်ကေလေ့ ရခိုင်မှာအစ္စလာမ်မရှိဆိုပြီးကေ သတ်မှတ်တေနောက်မှာ ပိတ်ပင်ခံခကတ်ရပါရေ။ ၂၀၁၅ ခုနှစ်မှာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ရွီးချယ် အနိုင်ရရှိခကေလေ့ နိုင်ငံသား စီစစ်ရေးကတ် မရှိသိရေအတွက်နဲ့တစ်နှစ်ကြာရေအချိန်မှရာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခစွာပါ။

“ပထမ ၂၀၁၅ က ရွီးရေအခါ အုပ်ချုပ်ရေးမှူးဖြစ်တေ။ယကေလေ့ မခန့်ဘဲနဲ့ တစ်နှစ်နီခရရေ။ နိုင်ငံသားစီစစ်ရေး ကတ်မရှိလို့။ နိုင်ငံသားမဟုတ်ပါ ဆိုပြီးကေဟိုးအရင်ကကိုင်ခရေအမတ ၃ ခေါက်ချိုးရှိရေ။ နိုင်ငံသားကတ် မရှိဆိုပြီးကေ တစ်နှစ်အုပ်ချုပ်ရေးမှူး မခန့်ဘဲထားရေ။ ၂၀၁၇ ဧပြီလတစ်ရက်နိမှာမှ တာဝန်စပြီးထမ်းဆောင်ရရေ”

လူဝင်မှုကြီးကြပ်ရေးဌာနက စီမံချက်နဲ့ ကွင်းဆင်းလာရေအခါမှာလေ့ သံတွဲမြို့နယ်မှာရှိရေ ကမန်ရွာ ၁၉ ရွာက လူဦးရေစာရင်းပြုစုပြီးကေ စီမံချက်ချလိုက်တေအခါမှာ ၃၂၂၈ ဦး နိုင်ငံသားကတ်ပေးခကေလေ့ ယင်းအထဲမှာ ဒေါ်ခင်အုန်းရွှေက မပါဝင်ခရေအတွက်လေ့ စိတ်ညစ်ခရသိမ့်ပါရေ။

“လဝကဝန်ကြီးဌာနကနိုင်ငံသားစီစစ်ရေးကဒ်လုပ်ပီးဖို့အတွက် ကွင်းဆင်းလာရေ။ စီမံချက်နဲ့လာရေအခါ သံတွဲမြို့နယ်မှာ ရှိတဲ့ ကမန်ရွာ ၁၉ ရွာကလူဦးရေးစာရင်းကိုပြုစုပြီးကေစီမံချက်ချလိုက်တေခါ အားလုံးပေါင်း ၃၂၂၈ ယောက်ပါတယ်။ အရီးရို့ရွာအပါအဝင်ပေါ့။ အားလုံးကလေ့နိုင်ငံသားစီစစ်ရေးကဒ်ရလားကတ်တေ။ အရီးကတော့ ယင်းကွင်းဆင်းမှာ ပါစွာမဟုတ်။ ယင်းပိုင်မျိုး လုပ်ပေးလိုက်ပါဆိုရေ အတိုင်းအတာမျိုး ကမန်တိုင်းရင်းသားတိကို နိုင်ငံသားစီစစ်ရေး ကဒ်ပြားထုတ်ပီးပါ ဆိုရေအတွက် ၂၀၁၆ ဒီဇင်ဘာ ၂ ရက်နိမှာမှ အရီး နိုင်ငံသားစီစစ်ရေးကဒ်ရခရေ။”

၂၀၁၇ ဧပြီလ ၁ ရက်နိမှာအုပ်ချုပ်ရေးမှူး တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးကေအဂုဆိုကေ၃ နှစ်ဝန်းကျင် ကြာမြင့်နီဗျာလ်ဖြစ်ပါရေ။ ဒေါ်ခင်အုန်းရွှေ အုပ်ချုပ်ရေ ကျောင်းတိုက်ကျေးရွာအုပ်စုထဲမှာ ကျောင်းတိုက်နဲ့ ဇာဒီပြင်ဆိုပြီးကေရွာ ၂ ရွာပါဝင်ပြီးကေ အစ္စလာမ်ဘာသာ ကိုးကွယ်ရေ ကမန်တိုင်းရင်းသားလူဦးရေ ၁၀၀၀ ကျော်နီထိုင်ပါရေ။ သက်မွီးဝမ်းကျောင်းအနီနဲ့ လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကတ်ပြီးကေ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်လူ အနည်းအကျဉ်းရှိပါရေ။

အုပ်ချုပ်ရေးမှူး ရွီးချယ်ခံရေအခါ ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိခပုံကို“ပထမဆုံးရွီးရေအခါ ဆယ်အိမ်မှူးကမဲထည့်ရရေ။ ဆယ်အိမ်မှူးက ၂၉ ယောက်ရှိရေ။ အရီးက ၂၇ မဲရတယ်။ နောက်တချိန် ဒုတိယအကြိမ်ပြည်သူလူထုတိ ထည့်ရေအချိန်မှာ အားလုံးက ၂ ရွာပေါင်း ၂၂၅ မဲမှာ အရီးက ၂၁၅ ရရေ။ ကျန်ရေ ၁၀ ဦးက မထည့်။ အရင်က အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အရီးနဲ့ပြိုင်စွာ။ သူကယောက်ျားလေ။”လို့ ပြန်ပြောင်းပြောပြပါရေ။

ယင်းအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းစွာ အမျိုးသားတစ်ဦးဖြစ်ကေလေ့ သူစွာ ယင်းလူကိုကျော်လွန်ပြီးကေ အနိုင်ရရှိခစွာလေ့ဖြစ်ပါရေ။

“ပြဿနာတစုံတရာ ဖြစ်လာရေ အချိန်မျိုးမှာ ကိုယ်တယောက်တည်း လားလို့ရရေအချိန်က အဆင်ပြေရေ။ တခါတလေကျကေတော့ အိမ်မှာလေ့လူက အမြဲတမ်းမရှိ။ သားရှိရေ။ အမျိုးသားရှိရေ။ သမက်ရှိရေ။ ယကေလေ့ သူရို့မရှိရေအချိန်မျိုးမှာဆိုတော့ကေ ရွာထဲမှာရှိရေ ဆယ်အိမ်မှူးတိ၊ ရာအိမ်မှူးတိခေါ်ရကေ ကိုယ်ကရောက်ချင်ရေ ဆန္ဒစောနီရေ။ သူရို့ကိုစောင့်ရရေအခါမှာ စိတ်အနှောင့်ယှက်ဖြစ်ရရေပေါ့။ ယင်းပိုင်မျိုးအခက်ခဲတိရှိရေ။”

အသက် ၅၂ နှစ်ရှိဗျာလ်ဖြစ်တေ ဒေါ်ခင်အုန်းရွှေကတော့ သူလုပ်ဆောင်နီရေလမ်းမှာ အခက်အခဲတိရှိလာကေလေ့ နောက်ဆုတ်ပီးတတ်တေ လူစားမျိုးလေ့ မဟုတ်ပြန်ပါ။

“ကိုယ်ကဒေချင့်ကို လက်ခံလိုက်စွာ မှားလားယာဆိုစွာမျိုး တခါတလီတော့ကေဝင်မိရေ။ ယကေလေ့ ကိုယ်လုပ်ဖို့လို့ ရည်ရွယ်ချက်နဲ့ လုပ်ထားပြီးယာ ဆိုတော့ကေ ဖြစ်အောင်လုပ်ဖို့ဆိုရေ အတိုင်းအတာမျိုးနဲ့ ဖြေသိမ့်လိုက်ကေ အဆင်ပြေလားရေ။”

သူမစွာ ၁၉၉၃ ခုနှစ်မှာ စစ်တွေဒီဂရီကောလိပ်က တရိစ္ဆာန်ဗေဒအထူးပြု (Zoology) ကို ဂုဏ်ထူး ၅ ခုနဲ့ ဘွဲ့ရရှိ အောင်မြင်ခဲ့သူပါ။ ယကေလေ့သင့် ယင်းအချိန်ကဖြစ်ခရေ ၈၈ အရေးအခင်းကြောင့်ရော ရရေလစာကြောင့်ပါ အစိုးရဝန်ထမ်းအလုပ်ကို မရွေးချယ်ခဘဲနဲ့ သူနီထိုင်ရေရွာချေမှာ ကျူရှင်ပြ၊ မုန့်ရောင်းစတဲ့ အလုပ်တိကို ကျဘမ်းလုပ်ကိုင်ခပါရေ။

“အရီးရို့ဘွဲ့ရရေအချိန်လောက်က အစိုးရအမှုထမ်းဝင်လုပ်ကတ်တေ။ အရီးကမလုပ်ဖြစ်ခ။ ယင်းအချိန်ခါက လစာအတိုင်းတာနဲ့။ အရီးရို့နဲ့ အရွယ်တူတိက အခုဆိုလို့ရှိကေ တက္ကသိုလ်တိမှာ ကထိကတိ၊ ပါမောက္ခတိ ဖြစ်နီကတ်ယာ။အရီးရို့အစ္စလာမ်ဘာသာကို ကိုးကွယ်ကေလေ့ ပညာရေးလောကမှာ အနှောင့်ယှက် မရှိခ။”

သူမ၏ ခံယူချက်ကတော့ကေ“အရီးက ပွင့်ပွင့်လင်းလင်းပြောရဖို့ဆိုလို့ရှိကေ ကိုယ့်ရပ်ကိုယ့်ရွာအတွက် ဖွံ့ဖြိုးဖို့ဆိုလို့ရှိကေ ဇာပိုင်အတိုင်းတာမျိုးရင်ဆိုင်ရရ အတိုက်အခံပြောဖို့။ ကိုယ့်မှန်တရားအတွက် ကိုယ့်ရပ်ရွာအတွက်ဆိုလို့ ရှိကေတော့ မားမားမတ်မတ်ရပ်ပြီးကေ လုပ်ဆောင်ဖို့လို့ အရီးမှာ ရည်ရွယ်ချက်ကရှိပြီးသား။”လို့ ပြောပါတယ်။

သူ့အနီနဲ့ ကိုယ်ကျိုးတိထက် ကျေးရွာဒေသဖွံ့ဖြိုးရေး၊ အများအကျိုးသယ်ပိုးရေးတိကိုပိုလို့ ဦးစားပီးနီရရေအတွက်နဲ့ တခါတလီမှာအိမ်ရှင်အတွက် အိမ်ရှင်မကောင်းမပီသူ၊ သား၊ သမီးတိအတွက် မိခင်ကောင်းမပီသသူဖြစ်ရကေလေ့သင့် သူ၏ အုပ်စိုးမှုအောက်မှာ နီထိုင်လျှက်ရှိနီကတ်တေ ဒေသခံပြည်သူတိအတွက်ကတော့ကေ တန်ခိုးတိပီးစွမ်းနိုင်သူတစ်ဦး အလားပါ။

 384 total views,  1 views today