ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မီတာဖတ်တေ စနစ်ကို အသုံးပြုပြီးကေ ရီပီးဝီဖို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့က စီစိုင်နီပါရေ။

စစ်တွေမှာလက်ရှိ အသုံးပြုနီရေစနစ်စွာလစိုင် ပုံမှန်သတ်မှတ်ထားရေ ဈေးနှုန်းအတိုင်းရာ ငွေကြေး ကောက်ယူစွာဖြစ်ပြီးကေ မီတာဖတ်တေ စနစ်ကတော့ သုံးကေသုံးသလောက် ကုန်ကျဖို့စွာဖြစ်ပါရေ။

“ပုံသီဈီးနှုန်းနဲ့ ကောက်နေစွာကျကေ ဇာလောက်ပင်သုံးသုံး၊ ဇာလောက်ပင် မသုံးသုံး ယင်းနှုန်းအတိုင်းရာ လားနီရေ။ ရီပြည့်ကေလေ့ ပိတ်ချင်မှပိတ်ဖို့။ ရီပိုက်ခေါင်းတော့ တပ်ခိုင်းထားရေ။ ယကေလေ့ပြည့်ကေလေ့ ပိတ်ချင်မှပိတ်ဖို့လေ။ ဖွင့်ချင်ဖွင့်ထားဖို့။ ကားရီဆီးချင်လေ့ဆီးဖို့။ အပင်ရီလောင်းချင်လေ့လောင်းဖို့။ယင်းပိုင် အပိုင်းတိရှိရေ။ နောက်ပိုင်း မီတာပိုက် ဆိုကေတော့ ကိုယ်သုံးကေသုံးသလောက် ပီးရဖို့ ဖြစ်တေအတွက် သုံးစွဲသူအနီနဲ့လေ့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လားဖို့ အနီအထားရှိရေ။” လို့ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မိုးကပြောပါရေ။

စစ်တွေ တစ်မြို့လုံးအတွက် ရီပီးနီရေ ကန်တော်ကြီးမှာ မိုးတွင်းရာသီမှာ ရီအလုံအလောက် သိုလှောင်ထားနိုင်ကေလေ့ နွီရာသီ အစပိုင်းလောက်ရောက်ကေ နှစ်တိုင်းနှစ်တိုင်းရီစတင်ခမ်းခြောက်စ ပြုလာတတ်ပါရေ။ ယင်းပိုင်ဖြစ်လာရစွာကလေ့ ပြည်သူတိက စည်းကမ်းမရှိ အသုံးပြုမှုတိပါဝင်နီရေပိုင် စည်ပင်သာယာရေးအဖွဲ့က ထိန်းသိမ်းမှု အားနည်းစွာကြောင့်လို့ လေ့ဆိုရဖို့ ဖြစ်ပါရေ။

ရီမီတာဖတ်တေစနစ်စွာ ဖွံ့ဖြိုးတိုးတက်တေ မြို့နယ်တိုင်းမှာ အသုံးပြုနီရေ စနစ်တစ်ခုဖြစ်ပြီးကေ ယင်းစနစ်ကို အသုံးပြုလာကေ သုံးစွဲသူတိကိုယ်တိုင်ကလေ့ ထထိန်းသသိမ်း အသုံးပြုလာဖို့ဖြစ်တေပိုင် အလွယ်ချေသုံးစွဲနိုင်ဖို့ စနစ်တစ်ခုလေ့ဖြစ်ပါရေ။

“ယင်းပိုင်ပီးလာဖို့ဆိုကေအဆင်ပြေပါရေ။ မရို့ဖက်ကဇာပိုင်မဆို။ သူရို့ ဒေပိုင်လုပ်ပီးလာကေ တစ်ဖက်တစ်လမ်းက ဝမ်းသာမိဖို့ပေါ့။ ကန်တော်ကြီးရီလေ့ သုံးရဖို့ပေါ့။ အဂုက စစ်တွေမြို့တစ်ခုမှာ မင်းဂံရွာကမရသိပါလေ။ ယင်းချင့်က ကန်တော်ကြီးနဲ့ အနီးဆုံးနေရာလေ။”လို့ စစ်တွေဒေသခံ တစ်ဦးဖြစ်တေ မသိင်္ဂီကပြောပါရေ။

ယင်းစနစ်ကို အသုံးပြုဖို့ ကြိုးပမ်းနီကေလေ့ ဇာအချိန် စတင်နိုင်ဖို့လေး ဆိုစွာကိုတော့ကေ မသိရသိပါ။ ယကေလေ့ ရီလလုံလလောက်ပီးနိုင်ရေ အချိန်ကျကေတော့အသုံးပြုလားဖို့လို့ စည်ပင်အဖွဲ့ကပြောပါရေ။

 462 total views,  1 views today