ဇင်ထွန်း

ကိုင်း ဒေတစ်ခါမှာတော့ ကျွန်တော်က ငါးပိငါခြောက်လုပ်ငန်းခွင်ထဲက အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြချင်ပါရေ။ သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ဖက်ကမ်းမှာ ရှိရေ သဲခုံကျွန်းကပါ။

ဒေသအခေါ်အရတော့ ပိုက်လုပ်ငန်းလို့ခေါ်ရေ ငါးပိငါးခြောက်လုပ်ငန်းကို လုပ်ကိုင်သူတစ်ယောက်ဖြစ်ပါရေ။

“မိုးလင်းစွာနဲ့ ငါးကို ထမ်းသယ်ရပါရေ။ လှမ်းရရေ။ မိုးထက် ၁၁ နာရီကနေ ၁၂ နာရီထိပေါ့။ ထမင်းစား တအောင့် နားရေ။ ပြီးကေ လှမ်းထားရေ ငါးတိ့ မှောက်လှန်ရေ။ ပြန်ရေပေါ့။ မွန်းလွှဲ ၂ နာရီ၊ ၃ နာရီ ရောက်ရေ အခါ ငါးတိ့ကို နေလှမ်းထားစွာကနေ ပြန်ရုပ်သိမ်းရပါရေ။ ညနေစောင်း ဒီရေကျရေအချိန် ၆ နာရီလောက် ထိုးရေ အချိန်ထိ လုပ်ရရေအခါလည်း ရှိပါရေ။ ပြီးရေအခါကျမှပဲ ညကျ တအောင့်ခဏလောက် အနားယူ အိပ်ရေ။ ပြီးကေ မိုးထက် ထလုပ် ဒေတိုင်းပေါ့။”

အသက် ၁၂ နှစ်အရွယ်ကတည်းက ပိုက်လုပ်ငန်းမှာ လုပ်ကိုင်လာစွာ အခုဆိုကေ လုပ်သက်က ၉ နှစ်နီးပါး ရှိလာပါယာ။

စလုပ်ခါစကတော့ ပင်ပင်ပန်းပန်းနဲ့ လုပ်ခရရေ အချိန်ဖြစ်ပါရေ။

နွေရာသီတစ်ရာသီကို အခြေခံထားလုပ်ရေအတွက် မိုးနဲ့ဆောင်း အလုပ်ချိန်ကတော့ နည်းပါရေ။ ယင်းကြောင့် ပိုက်လုပ်ရေ လူတစ်ယောက် ဝင်ငွေ ကောင်းစွာ မကောင်းစွာကလည်း ရာသီဥတုအပေါ် အများကြီး မူတည်နေပါရေ။

“ပထမဆုံး စလုပ်ခါစမှာတော့ အသည်းအသန် လုပ်ခရစွာပါ။ နားချိန်လုံးဝမရပါ။ အခုမှ ငါးတိ့ စုံစုံလင်လင်ပါလာစွာပါ။ ဆောင်းရာသီမှာတော့ နည်းနည်းပဲ လုပ်ရပါရေ။ နွေရာသီနဲ့ ဆောင်းရာသီနဲ့ မတူပေါ့။”

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပနာ အချေတစ်ဖက်နဲ့ အလုပ်လုပ်ရစွာကြောင့် ပိုပနာ ပင်ပန်းရေ လို့လည်း ဆိုပါရေ။ ခင်ပွန်းသည်ကတော့ သူ့ပိုင်ဗျာလ် ပိုက်လုပ်ငန်း လုပ်ကိုင်သူ တစ်ယောက် ဖြစ်ပါရေ။

“ဆယ့်ရှစ်နှစ်ခါ လင်ရရေ။ အစ်မ အိမ်မှာနေရင်းနဲ့ပေါ့။ အလုပ်လုပ်ရေအခါ အချေကို အစ်မရို့နဲ့ ထားပါရေ။ အခုတော့ အစ်မရို့နဲ့ အတူလုပ်ပါရေ။ ယောက်ျားက ငပြီကျွန်းက။ အချေတစ်ဖက်နဲ့ အလုပ် လုပ်ရစွာဆိုတော့ နေပူပြင်းရေအခါကျကေ အချေကို အရိပ်ရရေ နေရာတစ်ခုမှာ ထားခရရေ။ ကျန်ချိန်ဆို ချီထားရေပေါ့။ တစ်ခါ အချေကို ထမင်းလာခွံ့ကျွေးရရေ။ ပြန်လားရရေ။ ချော့သိပ်ရရေ။ ငါးလုပ်ရရေ။ ယင်းပိုင်ဗျာလ်”

ရာသီဥတုအပေါ် အများကြီး မူတည်ရေအလုပ်ဆိုခါ မိုးတွင်းမုန်တိုင်းကျရေအချိန်တိ့ဆိုကေ ဒုက္ခက များရပြန်ပါရေ။ ငါးရမှ ထမင်းစားရစွာဆိုခါ ငါးမရရေအချိန်က စိတ်ပင်ပန်းရေအချိန်တိ့။

“ဇာလောက်ထိ ခက်ခဲလဲဆိုကေ လေမုန်တိုင်းရာ ရှိကေ ဟိုပြေးရ၊ ဒေပြေးရ။ ငါးလဲမရ။ ငါးတိ့ ဇာကို ရွေ့လားလဲပေါ့။ စိတ်လဲပင်ပန်းရရေ။ ပြီးကေ ငါးရစွာက နည်းရေအခါ နည်းရေ။ များရေအခါ များရေ။ ယင်း ငါးကရမှပဲ စားရစွာလေ ထမင်း။ ငါးမရကေ စိတ်ပင်ပန်းရရေ။ အခက်အခဲဆိုစွာက လုပ်လို့ကိုင်လို့ အဆင်မပြေစွာပါ။ စိတ်ပင်ပန်းရပါရေ။ အိမ်မှာလဲ စားဖို့ မရှိကေ ပူရပါရေ။ ဒေအလုပ်က ရမှပဲ အကျွန်ရို့ စားရစွာပါ။ လေမုန်တိုင်းနဲ့ ထွက်လုပ်ရရေအခါမှာ ဆိုကေ ထမင်းတောင် ငတ်ရေ။ လုပ်လို့ကိုင်လို့ ရပြီးမှ အဆင်ပြေပါရေ။ စိတ်ထဲ မွန်းကြပ်လာရေအထိ ဖြစ်လာရေ။ စိတ်ပင်ပန်းပါရေ။”

ရာသီဥတုက နှိပ်စက်ရေအပြင် ပိုက်ကွန်ထဲမှာ မိလာရေ ငါးတိ့ထဲမှာလည်း အဆိပ်ပါရေ ငါးတိ့ ဆူးတောင် ထိုးမိစိုက်မိရေအခါ ဆိုကေလည်း အဆိပ်တက်ပနာ အိပ်ရာထဲ လှဲရပြန်ပါရေ။

“ဆူးများရေ ငါးတိ့ပါကေ လက်ကိုစူးရေ။ တစ်ချို့ အဆူးတိ့က အဆိပ်ရှိရေလေ။ နှစ်ရက် သုံးရက်နဲ့ တောင် တစ်ခုလေ့ မလုပ်နိုင်ဖြစ်လားရေ။ အဆိပ်ပြေလားမှ ပြန်လုပ်နိုင်ပါရေ။ ရိုးရိုးပုံမှန်အတိုင်းဆိုကေတော့ တစ်ခုလေ့သင့် မဖြစ်ပါဘူး။ မသိဘဲ စူးဝင်သွားဗျာလ်ဆိုကေတော့ မလုပ်နိုင်ယာပေါ့။”

ဒေပိုင် ရေလုပ်ငန်းက လူရောစိတ်ပါ ပင်ပန်းရရေအလုပ်ပါ။ ပင်လယ်ထဲက ရလာရေ ငါးတိ့ကို တစ်ချို့ကို ငါးပိသိပ်၊ တစ်ချို့ကို ငါးခြောက်လှန်းရစွာဟာ လွယ်ရေအလုပ်တော့ ဇာဟုတ်ဖို့လဲ။

နေပူထဲမှာ ငါးတိ့ကို ခြောက်ကပ်သွားအောင် လှန်းရစွာဆိုတော့ ကိုယ်တိုင်လဲ နေပူထဲမှာ လှုပ်ရှားရပြန်ပါရေ။

“တစ်ခြားလုပ်ငန်းနဲ့ ဇာကွာခြားလဲဆိုတော့ ငါးလှန်းရရေအခါ အခက်အခဲရှိရေ။ စိတ်လဲ ပင်ပန်းပါရေ။ နေပူရေ အချိန်မှာ ငါးရပြန်ရင်ကေလဲ နေပူထဲမှာ ငါးလှန်းရရေ။ လူလဲ ဒဏ်ဝင်ရေ။ လူလဲဒဏ်ဝင်ရေ။ စိတ်လဲ ညိုးနွမ်းရပါရေ။ ငါးမပါရေအခါလည်း စိတ်ပင်ပန်းရပါရေ။ ရရေအခါတော့ ဝမ်းသာရရေပေါ့။ ငါးပိအတွက် ငါးတိ့ကို ပွဲရုံကို ပို့ပါရေ။ ငါးခြောက်တိ့ဆိုကေလည်း ဒေမှာ ဝယ်လက်မရှိကေ စစ်တွေမြို့ကို ပို့ရပါရေ။ ငါးပိလုပ်ရေ ငါးနဲ့ ငါးခြောက်လှန်းမယ့် ငါး သီးသန့်ခွဲပါရေ။ ပုစွန်ကိုပြုတ်ပနာ လုပ်ရေအခါလည်း ရှိပါရေ။ ရေခဲရိုက်ပနာ တင်ပို့ရေအခါလည်း ရှိပါရေ။ စစ်တွေကို ပို့စွာကတော့ ဖြားကို ကြည့်ပနာပို့စွာပါ။ ဖြားကျပနာ အားလုံး လုပ်ကိုင်ပြီးမှပဲ စစ်တွေကို ပို့စွာပေါ့။”

အိမ်မှာကျန်ခပနာ ငါးပိသိပ် ငါးခြောက်လှမ်းကြရရေ အိမ်ရှင်မတိ့ အတွက်ကတော့ ပင်လဲထဲ လားရေ ခင်ပွန်းသည်တိ့ သားတိ့အတွက် ပူပန်ရစွာတိ့လဲ ရှိပြန်ပါရေ။ ဒေပိုင် ပူပင်မှုတိ့ ၊ ပင်ပန်းမှုများစွာနဲ့ လုပ်ရရေ အလုပ် ဆိုလေ့သင့် ရရေဝင်ငွေကတော့ ပုံမှန်ရယ်လို့ မရှိပါဘူး။ တစ်လမှာ ဒီရေအတက်အကျ နှစ်ကြိမ် ဖြစ်ပေါ်ရေ အပေါ် မူတည်ပနာ ဝင်ငွေအနည်းအများကလည်း ကွာခြားလားပါရေ။

“တစ်ပိဿာကို ၄၅၀၀ ရရေအခါရရေ။ ၁၀၀၀၀ ကျပ် ရရေအခါ ရရေ။ ၆၀၀၀ ရရေအခါ ရရေ။ ဖြား တစ်ကြိမ်မှာ အမှန်ရဗျာလ်ဆိုကေ သုံးသိန်းကနေ လေးသိန်းထိ ရပါရေ။ မရရေအခါ တစ်သိန်းတောင်မရပါ။ လေးငါးခြောက်သောင်းပဲ ရရေ။ ငွေမရှိလို့ လုပ်ငန်းတိုးချဲ့ဖို့တော့ မရှိပါ။ ဒေလုပ်ငန်းကလဲ ရရေအခါ ရရေ။ မရရေအခါမရ။ ယင်းသဘောပါ။ ရရေအခါ နှစ်သိန်းသုံးသိန်းရလိုက်ရေ။ မရရေအခါ မရဘူးပေါ့။ ဆောင်းရာသီ ဆိုကေ မရယာ။ အနည်းချည်းယာရရေ။”

ရရေဝင်ငွေကို ရလိုက်စားလိုက်နဲ့ပဲ လည်ပတ်နေကတ်ရစွာပါ။ တစ်ရွာလုံး ဒေပိုက်လုပ်ငန်းကို လုပ်ကိုင်နေစွာ ဖြစ်ကေလေ့ သူတို့ရွာမှာ ဈေးမရှိရေအတွက် ငါးအစိမ်းတွေကတော့ ဝယ်သူမရှိပါဘူး။ ယင်းကြောင့်လည်း ငါးပိ ငါးခြောက်ကို အဓိကထား လုပ်ကိုင်ကြစွာပါ။ တစ်ခါတစ်လေ ငါးခြောက်တွေကိုတော့ ဝယ်သူတွေ ရှိတတ်ပါရေ။ ယင်းပိုင် မရောင်းရရေ ငါးအစိမ်းတိ့ကိုတော့ ငါးပိလုပ်ပနာ ပြန်ရောင်းကတ်ရပါရေ။

“မပုပ်မသိုးခင်ကတည်းက လတ်လတ်ဆတ်ဆတ် လုပ်စွာက ငါးပိကောင်းပါရေ။ ပုပ်လားရေဟာကို လုပ်ကေတော့ မကောင်းဗျာလ်။ ခြေဖနောင့်မှာ ငါးဆူးတိ့ စူးစွာတော့ ရှိရေပေါ့။ ယေလေ့သင့် နာကေလဲ လုပ်ရရေလေ။ မဟုတ်ကေ ငါးတိ့က ပုပ်လားဖို့ပေါ့။ ပုပ်ကေအားလုံး ဝေးပလိုက်ရဖို့။ ဒေဇောနဲ့ပဲ လုပ်ရရေ။ ဖေ့သာ ရဖို့အတွက်ပဲလေ။ ဒေပိုင်ဗျာလ် ဖြားတစ်ကြိမ်တိုင်းမှာ ဒေပိုင် လုပ်နေရစွာပဲ။ ဇောနဲ့ချည်း လုပ်နေရရေအတွက် ထမင်းကိုတောင် စိတ်မဝင်စားနိုင်ပါ။”

ဒေအလုပ်က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရပါဘူး။ အိမ်ရှိလူအကုန် ဝိုင်းပနာ လုပ်ကိုင်ရစွာ ဖြစ်ပါရေ။ မိသားစုဝင် နည်းရေသူတိ့ဆိုကေ လူငှားနဲ့ လုပ်ကိုင်ရပါရေ။

“လုပ်ဖို့ မတတ်ခင်မှာတော့ အထက်က လူကြီးတွေက သင်ပေးစွာပေါ့။ ငါးပိကို ဇာပိုင်ချက်ရေ။ ငါးခြောက်ကို ဇာကြောင့် ခြောက်အောင်လှန်းရဖို့ စသဖြင့်ပေါ့။ ဒေပိုင်ပဲ တဖြည်းဖြည်း တတ်လာစွာပဲ။ ခုတော့ ကိုယ့်ဘာသာ ကိုယ်လုပ်တတ်နေပါယာ။ အိမ်က သင်စွာကို မတတ်ကေလည်း ကိုယ့်ဥာဏ်မီသလောက် ကြိုးစားပနာ ရှာကြံလုပ်ကိုင်ရေ။ ဒေပိုင်နဲ့ တတ်လာစွာပဲ။”

“မှတ်မှတ်ရရနဲ့ ပတ်သက်ပြီးတော့ ဒေနေရာကို လေမုန်တိုင်းဝင်ဗျာလ်ဆိုရင် အထက်ဘက်ကို ပြေးရရေပေါ့လေ။ မုန်တိုင်းစဲမှပဲ ဒေနေရာကို ပြန်လာ၊ ပြန်လုပ်ပေါ့။ ဒေရေပြည့်လာရင် ငါးလှန်းရစွာ အဆင် မပြေဘူးလေ။ ကုန်းပေါ်မှာ လှန်းထားရေ ငါးတိ့ကိုလည်း ရောက်လာကေ အားလုံးပြန်ကောက် ပြန်သိမ်းပနာ သိမ်းရရေပေါ့။”

မလှနှင်းကြည်က သူငယ်တန်းအထိပဲ အတန်းပညာကို သင်ကြားခရကေလေ့ စိတ်ကူးတိ့ ရည်မှန်းချက်တိ့ကလဲ ရှိလို့ နေပြန်ပါရေ။

  “ကျောင်းဆရာမ ဖြစ်ချင်ခစွာပါ။ မိဘတွေက ပိုက်ဆံမတတ်နိုင်တော့ စာမသင်ခရ။ အတန်းပညာ ကတော့ သူငယ်တန်းပဲ ရောက်ခပါရေ။ ကျွန်မသားကိုတော့ ပညာရှိတစ်ယောက် ဖြစ်စေချင်ရေပေါ့။ ဒေမှာတော့ ကျောင်းရှိရေ။ ဒေမှာ စာသင်ခိုင်းဖို့။ ဒေအလုပ်က ဇာပိုင်အလုပ်လဲဆိုကေ တံငါသည်အလုပ်ပေါ့။ ငါးအလုပ်ကို လုပ်ရေအခါ စားရရေ။ မလုပ်ရေအခါ မစားရ။ ငတ်လားရေ သဘောလဲ မဟုတ်ပါဘူး။ အကုသိုလ် အလုပ်လဲ ဖြစ်ပါရေ။ ယင်းကြောင့် အလှူအတန်းတိ့ရှိကေ လှူပါရေ။ ဆွမ်းကျွေးအလှူတိ့ရှိကေလဲ လှူပါရေ။ တစ်ဖက်က သတ္တဝါတိ့ကို သတ်ရေ။ တစ်ဖက်က လှူရေ။ စိတ်ထဲမှာတော့ အေချင့်ကတော့ အလုပ်ပေါ့ဆိုပနာ ဖြေသိမ့်ပါရေ။ အခွင့်သာကေတော့ ကိုယ်နဲ့ ထိုက်တန်မယ့် အလုပ်တစ်ခုကို ရွေးချင်ပေမယ့် ရွေးခွင့်မရှိတော့ ပါဘူး။”

အချေခါ ဖြစ်ချင်နေခစွာတိ့ကို စွန့်လွှတ်ပနာ ဖြစ်သင့်စွာတိ့ကို ရင်မှာပိုက်ခရကေလေ့ လင်ကလွဲပြီး သားဖြစ်သူကိုတော့ ပညာတတ်တစ်ယောက်အဖြစ် ရည်မှန်းရင်း အဆုံးအစမရှိ ကျယ်ပြောလှရေ ပင်လယ်ပြင်ကို ဦးမော့ရင်းနန့် မလှနှင်းကြည်တစ်ယောက်ကတော့ ဆက်လက် လုပ်နီရဦးဖို့ပဲ ဖြစ်ပါရေ။

 449 total views,  1 views today