ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းတိ့မှာ တိုင်းရင်းသားစာပေ သင်ကြားဖို့ အတွက် နေ့စား လပေးဆရာ၊ ဆရာမဝန်ထမ်းတိ့ကို ခေါ်ယူထားရာ လျှောက်ထားသူပေါင်း ၈၀၀၀ ကျော်ခန့် ရှိကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနရခိုင်ပြည်နယ် ညွှန်ကြားရေး မှူးရုံးမှ သိရပါရေ။

“ယင်းချင့်က ကျနော်ရို့ စာရင်းပြုစုတုန်းပါ။လျှောက်ထားသူတိက များနိန်တော့စာရင်းတိ့ကို အတိကျ ပြန်ကောက်နိန်ရရေ။  ၈ ထောင်ကျော် လောက်တော့ ရှိဖို့ထင်ရေ။ ရခိုင် ၈ ထောင်ကျော်တင်ရေ။”လို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြား ရေးမှူး ဦးဦးကျော်ဝင်းက ပြောပါရေ။

ကျောင်းသားဦးရေ ၁၀၀ ကိုဆရာ၊ ဆရာမတစ်ဦးနှုန်းနန့် သင်ကြားရဖို့ဖြစ်ပနာ KG တန်းကစဗျာယ်ပထမတန်းနန့် ဒုတိယတန်း အဆင့်ဟိ ကျောင်းသူ၊ ကျောင်းသားတိ့ကိုသင်ကြားရဖို့ ယင်းအစီစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဆရာ၊ ဆရာမဦးရေ ဇာလောက်ခန့်ထားဖို့ဆိုစော်ကို မသိရသိလို့ ဆိုပါရေ။

ယင်းပိုင်သင်ကြားနိုင်ဖို့ လျှောက်လွှာခေါ်ယူခါက ပညာအရည်အချင်းကို ၉ တန်းအောင် အထိရာသတ်မှတ်ထားခကေလည်း လျှောက်လာသူတိ့ထဲမှာ ဆယ်တန်းအောင်နှင့် ဘွဲ့ရတိ့လည်း များစွာပါဝင်နီကြောင်း သိရပါရေ။

ရခိုင်နှင့် ချင်းတိုင်းရင်းသားရို့၏ ကိုယ်ပိုင်စာပေသင်ကြားခွင့်ကို လွန်ခရေ ၂ နှစ်ဝန်းကျင်ကတည်းက တရားဝင် သင်ကြားဖို့ ခွင့်ပြုခစော် ဖြစ်ပါရေ။ ယကေလည်း ချင်းတိုင်းရင်းသားရို့မှာချင်းတိုင်းရင်းသားစာပေကို စာသင်ချိန်အတွင်း သင်ကြားခွင့်ရခကေလည်း ရခိုင်တိုင်းရင်းသားစာပေကိုတော့ ယင်းပိုင်ခွင့်မပြုခပါ။

ရခိုင်ပြည်နယ်မှာရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးရှိပြီးကေယင်းအထဲကရခိုင်လူမျိုးကလွဲပြီး ကျန်တိုင်းရင်းသား မျိုးနွယ်စုရို့၏ ကိုယ်ပိုင် စာပေသင်ကြားမှုမှာ လုံးဝနိမ့်ကျနိန်သိရေလို့ ခမီတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးလေသာအောင်က ArakanYoma သို့ ပြောဆိုထားပါသိရေ ။

 425 total views,  1 views today