မင်းသန့် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မြောက်ဦးမြို့နယ် တောင်ပိုင်းက လောင်းရှည်ချောင်း၊ မောင်နှမ၊ အကြီးတော်မ၊ ပျားတဲ၊ ကျောင်းတိုက် စရေ ကျေးရွာတိစော် ကိုလိုနီခေတ်ကခါ အကြီးတော်မတိုက်နယ်ဆိုပနာ ထင်ရှားခပါရေ။

မြောက်ဦးမြို့ကနိန်လောင်းလှေတိနန့်ရာလားလာနိုင်ပနာလယ်ယာလုပ်ငန်းကိုရာလုပ်ကိုင်ကတ်တေကျေးရွာတိ့လည်း ဖြစ်ပါရေ။ခမီနန့်ရခိုင်လူမျိုတိ့ နိန်ထိုင်ကတ်ပါရေ။ မြန်မာနိုင်ငံမှာ ဂျပန်ခေတ်ဆိုပနာလူသိများရေ ဒုတိယ ကမ္ဘာစစ်ကာလ၊ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုတိ့ ပြင်းထန်နိန်ရေအချိန် ရခိုင်ပြည်နယ်ထဲမှာထင်ရှားရေ တော်လှန်ရေး ခေါင်းဆောင်ဖြစ်တေ ဆရာတော်ပညာသီဟ ဦးဆောင်ရေ ရခိုင်ဖက်ဆစ် တော်လှန်ရေး တပ်ဖွဲ့ အခြေချ လှုပ်ရှားခရေ ကျေးရွာတိ့လည်း ဖြစ်ပါရေ။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နိန့်ဆိုစော် အကြီးတော်မ တိုက်နယ်သားတိအတွက် သမိုင်းဝင်နိန့်တစ်နိန့်ဖြစ်ခရေပိုင် ဒေဂုအချိန်အထိ ယင်းနိန့်က ယင်းနိန်ရာမှာဇာပိုင်ဖြစ်ခရေ။ ဇာပိုင်စွန့်စားခရေ။ ဇာပိုင်စွန့်လွှတ်ခကတ်တေဆိုရေ ဖက်ဆစ်တော်လှန်ရေး ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကတော့ အဂုအချိန်အထိ အိပ်ယာဝင်တစ်ပုဒ်ပိုင် ပြောနိန်ကတ်ပါသိရေ။

ယင်းပိုင်အချိန်ကာလတုန်းက ဂျပန်စစ်တပ် ဌာနချုပ်စော် စစ်တွေမှာဟိပနာ ကျောင်းတိုက်ရွာမှာဆိုဂေ တပ်စခန်းတခု အခြီချခပါရေ။

ဒေါ်ကြာဇံညိုစော် ကျောင်းတိုက်ရွာမှာ မွီးခါကပင် အဂုအချိန်ထိ နိန်ထိုင်တုန်းပါ။ ယင်းအချိန်က သူ့ အသက် ၉ နှစ်ဟိပနာ
တပ်စခန်း ဇာပိုင်ဟိခရေဆိုစော်ကို ကောင်းကောင်းမှတ်မိနီပါသိရေ။

“အ၀င်တံခါးက ဒေနားမှာဟိရေ၊ ရုံးက ဟိုးဘက်အထိ အငယ်ချေမဟုတ်ပါ၊ လူပေါင်း နှစ်ရာသုံးရာလောက် နိန်ဇော်ပါ၊ ဂျပန်တိက ငါးယောက်တည်း ဟိပနာ၊ ကျန်စော်မှာ အားလုံးရခိုင်တိ၊ ခမီတိလည်း ရောပနာ နိန်ကတ်ပါရေ။

ဂျပန်တိ မြန်မာနိုင်ငံကို သိမ်းပိုက်ပနာ ဖက်ဆစ်စနစ်နန့် အုပ်ချုပ်နီရေအချိန် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ဖက်ဆက် စနစ်ကို ဆန့်ကျင့်ဖို့ ကြိုးပမ်းနီရေ အချိန်၊ ရက္ခိုင်ပြည်မှာလေ့ ဖက်ဆစ်ဆန့်ကျင်ရေး ဆောင်ရွက်ဖို့ တော်လှန်ရေးအင်အားတိကိုလည်း စုစီးပြီးဖြစ်နီပါဗျာလ်။ ဆရာတော် ဦးစန္တာ၊ ဆရာတော်ပညာသီဟ၊ ဘုံပေါက်သာကျော် စရေ တော်လှန်ရေး ခေါင်းတောင်တိမှာ ထင်ရှားသူတိဖြစ်ကတ်ပါရေ။ ယင်းအချိန် ဆရာတော် ဦးပညာသီဟ ဦးဆောင်မှုအောက်မှာ ပါဝင်ခရေ အကြီးတော်မ တိုက်နယ်က တော်လှန်ရေး ခေါင်းဆောင်တိလည်း ဟိခရေလို့ မောင်နှမရွာသား ဦးစိန်လှကျော်က ပြောပါရေ။

“ဦးအောင်ဘန်း၊ အကြီးတော်မရွာသား၊  ကျောင်းတိုက်က ဦးအာဝင်း၊ မောင်နှမကျေးရွာက ကျနော့်အဖိုးအရင်း ဦးအင်္ဂါရို့က ဦးဆောင်ဗျာလ်၊ ယပြီးဂေ ဆရာတော် ဦးပညာသီဟ သြဇာအောက်မှာ နာခံပြီးခါမှ တိုက်ပွဲဝင်ခရေ ဆိုစော်ကို ကျနော်ရို့ အဖိုးတိ ပြောပြလို့ သိရပါရေ။”

ယင်းအချိန်ကပင် အကြီးတော်မ တိုက်နယ်သူကြီးကတော့ခါ ကျောင်းတိုက်ရွာက ဦးအာဝင်းဖြစ်ပနာ၊ သူရသတ္တိနန့် ပြည့်စုံသူ၊ ဂျပန်တပ်နန့် အဆင်ပြေအောင် ဆက်ဆံနီရဂေလေ့ တဖက်ကလေ့ ဖက်ဆစ်တော်လှန်ရီးဖွဲ့မှာ ခေါင်းဆောင်ဖြစ်နီပါရေ။ ဆရာတော် ပညာသီဟ မွီးစားဖခင်လေ့ ဖြစ်ပါရေ။ ဒေါ်ကြာဇံညိုက သူ့အဖိုးအရင်း ဦးအာဝင်းအကြောင်း အဂုပိုင်ရှင်းပြပါရေ။

“ဒေရွာမှာဆိုဂေ အဖိုးက ခေါင်းဆောင်ပါ။ တော်လှန်ရေး အဖွဲ့မှာဆိုဂေလည်း အစည်းအဝေး တစ်ခုခုလားဖို့၊ ထိုလားဖို့၊ ဒေလားဖို့ဆိုဂေ အဖိုးဘားကို ပတ်ပနာ လာရရေ။”

ရခိုင်ပြည်မှာရှိရေ ဖက်ဆစ်တော်လှန်ရေးသမားတိ့နန့် မြန်မာပြည်က တော်လှန်ရေးတိ့ ချိတ်ဆက်ပနာ ဂျပန်ကို တော်လှန်ကတ်ဖို့ဗျာယ်ဆိုရေအကြောင်း ရိမ်မိရေ အချိန်မှာ ဆရာတော်ပညာသီဟနန့် တော်လှန်ရေး ခေါင်းဆောင်တိ့ကို ဂျပန်တိက ဖမ်းဆီးဖို့ ပြင်ဆင်လာပါဗျာယ်။ ဒေသတင်းကို သိရေအချိန်မှာ တိုက်နယ်သူကြီး ဦးအာဝင်းက ဆရာတော် ဦးပညာသီဟကို လွတ်မြောက်အောင် စီစဉ်ရပါဗျာယ်။ ဦးအာဝင်း မြေးဖြစ်ရေ ဦးအောင်ထွန်းကျော်က သူသိဟိမှတ်မိနိန်စော်ကို အဂုပိုင်ပြောပါရေ။

“ဂျပန်တိက ဆရာတော်ပညာသီဟကို လိုက်ရှာကတ်တေ။ အဖိုးကဝှက်ထားရေ။ မကြောက်ကတ်ကေ့လို့ ပြောရေ။ ဟိုကလာရေအခါ သင်္ကန်းနီနီနန့်မြင်ခါ ဂျပန်တိက လိုက်ရှာကတ်တေ။ အဖိုးကဝှက်ထားရေ။ အင်္ကျီနန့် ပုဆိုးနန့်၊ ဘောင်းတီနဲ့ ဆင်ပီးထားရေလို့ ပြောပါရေ။ အယင်ကဆို ဒေနေရာတိ့အားလုံး ကျွန်တော်ရို့ အဖိုးပိုင်ဆိုင်ခစော်တိပါ။”

တော်လှန်ရေးသမားတိစော် ဖြစ်လာရေအခြီအနိန်တိကို တိုင်ပင်ဆွေးနွေးကတ်ပနာ ဇိာပိုင်ဆက်လုပ်ကြဖို့လဲဆိုစော် ဆုံးဖြတ်ရဖို့ပါဗျာယ်။ ဦးစိန်လှကျော်က သူ့အဖိုးပြောပြခရေ အကြောင်းတိ့ကို အမှတ်တရနန့် ပြောပြပါရေ။

“ဒေကောင်တိ့ကို ဒီဇင်ဘာ ၂၅ ရက်နိန့် ဖမ်းရဖို့ဆိုပြီး အမိန့်ထုတ်ရေ။ ကျွန်တော်ရို့ ဂျပန်တိ့ဘားမှာ အဖမ်းခံပြီး သီဖို့လား၊ မဟုတ်ကေ တိုက်ပွဲဝင်ပနာ သီဖို့လားဆိုပနာ မေးခွန်းထုတ်တေအခါ အဖွဲ့ခေါင်းဆောင် ဦးပညာသီဟနန့် ကျွန်တော်ရို့ အဖိုးတော်လှန်ရေး ခေါင်းဆောင်တိ့က တိုက်လို့သီဖို့ဆိုပနာ ဆုံးဖြတ်ချက်ချရေအတွက်  အဝပြင်ရွာဟောင်းက ဦးကျော်ဖြူရို့ကို တာဝန်ပီးချက်အရ ဦးကျော်ဖြူရို့က ဦးဆောင်ပနာ ၁၉၄၄ ခု၊ ဒီဇင်ဘာလ ၂၅ ရက်နိန့်မှာ ကျောင်းတိုက်ကုန်းမှာ စခန်းချနိန်ရေ ဂျပန်ဗိုလ်ကြီးကို တိုက်လို့ နိုင်ခရေလို့ ကျွန်တော့အဖိုးပြောပြလို့  သိရရေ။”

အဂုပိုင် ဒီဇင်ဘာလ ၂၅ ရက်နိန့်မှာ ဝင်တိုက်ဖို့ ဆုံးဖြတ်ပြီးခရေနောက်မှာ လောင်းရှည်ချောင်းရွာက မိန်းမဒေါ်ကြာဥနန့် ဒေါ်လာဆောင် ဦးဆောင်ရေ မိန်းမ ၁၀ ကျော်က ကျောင်းတိုက်စခန်းကို ဒီဇင်ဘာလ ၂၄ ညဥ့်မှာ ပရိယာယ်နန့် စခန်းထဲဝင်ပနာ ကြိုတင်ပြင်ဆင်ဖို့ ကြိုးပမ်းခရပါရေ။ မိန်းမတိ့က ဂျပန်တပ်ဖွဲ့ဝင်တိကို ကပွဲနန့်ဧည့်ခံဖို့လားခပနာ ယင်းအချိန်မှာဗျာယ် မိန်းမတချို့က သူရို့ဘဝတိ့ကို စတေးခကတ်ရရေလို့ ပြောပါရေ။

လောင်းရှည်ချောင်းဇာတိ ဦးလေကျော်အောင်ကလည်း သူသိဟိထားရေ အကြောင်းအရာတိ့ကို အဂုပိုင်ရှင်းပြခပါရေ။

“ပွဲကျင်းပနီရေအချိန်မှာ ထိုဖက်က ဗိုလ်ကျော်ဖြူ ဦးဆောင်ရေ တပ်ဖွဲ့ကလာပနာ တိုက်ခိုက်တေ။ ခမီတိုင်းရင်းသားကျေးရွာဆိုခါ ခမီတပ်ဖွဲ့ရာ ဦးဆောင်ပနာ ယင်းလမ်းကဗျာယ် တိုက်ခိုက်ရေအချိန်မှာ ယင်းမှာရှိရေ ဗိုလ်မှူးတယောက်၊ ဗိုလ်ကြီး ကျဆုံးခရေ။ အရာတပ်သားတစ်ယောက် အားလုံး လေးယောက်လို့ကြားရေ။”

ဒီဇင်ဘာလ ၂၅ ရက်နိန့်မှာ တိုက်ဖို့ဗျယ်လို့ သိရေအချိန်မှာ တိုက်နယ်သူကြီး ဦးအာဝင်းက လိုအပ်တေ အစီအမံတိ့ဆောက်ရွက် ကူညီခပါရေ။ ဒေါ်ကြာဇံညိုက ယင်းနိန့်က အဖြစ်အပျက်ကို မှတ်မိနီပါရေ။

“အဖိုးက မကြောက်ကေ့လို့ ပြောရေ။ သူရို့မှာ ကဇတ်နိန်ကတ်တေ။ လူတိ့နာစော်မဟုတ်ပါ။ ယင်းပိုင်ကြောက်စိတ်မဝင်အောင် ပြောလို့လည်း တတိတ်ချေ နိန်ကတ်စော်လေ။ ဟိုမှာတိုက်ရေအချိန် သီလား၊ မသီလားဆိုစော် မသိ။ နောက်တစ်ရွာကို ပို့ထားရေ။ မိုးထက်ဖ မိုးလင်းမှ ပြန်လာရရေ။”

အမျိုးသမီးတိ့နဲ့ ကခုန်ပျော်ပါးနိန်ခကြရေပိုင် သောက်စားမူးယစ်နိန်ကတ်တေ ဂျပန်တပ်သားတိ့စော် သူရို့ကံတရား ဇာပိုင်ဖြစ်လာဖို့ သိခဖို့မဟုတ်။ ခမီအမျိုးသား ဖက်ဆစ်တော်လှန်ရေး တပ်သားတိ့ တိုက်ခိုက်မှုအောက်မှာ အတုံးအရုံး ကျဆုံးခကတ်တေပိုင် အသက်ရှင်ဗျာယ် လွတ်မြောက်ခရေ တပ်သား ၂ ယောက်ကလည်း ချောင်းခဲမှာ လောင်းမှောက်ပနာ သေဆုံးခကတ်ပါရေ။ ကျဆုံးရေး ဗိုလ်မှူး ညာဖက်လက်ကိုလည်း ထွက်ပြေးလွတ်မြောက်ခသူတိက ဖြတ်ယူလားခပနာ အလောင်းကို တော်လှန်ရေးတပ်သားတိ့က ရွာအစွန်က လယ်ကွင်းပြင်မှာ မြှုပ်ထားလိုက်ကတ်တေ။ ကျောင်းတိုက်စခန်းကို  သိမိးပိုက်ပြီး နောက်တစ်ရက်ကျော်မှာစာ အဂီလိပ်စစ်တပ်က အရာရှိတိ့ ရဟတ်ယာဉ်နန့် ကျောင်းတိုက်ရွာကို ရောက်လာခတ်ကတ်တေလို့ ဒေါ်ကြာဇံညိုက ပြောပြပါရေ။

“မိုးလင်းစာနန့် အင်္ဂလိပ်တိရောက်လာရေ။ အရပ်အရှည်ကြီးတိ့။ ပြီးကေ ယင်းသီလားရေ ဂျပန်တိ သေနတ်နန့် ဓါးကို ယူဖို့လာကတ်စာ။ သူရို့က မီးကတ်တေ။ ဇာပိုင်လည်း မီးရေ။ အဖိုးက လက်တဖက်ကို သူရို့ဖြတ်ယူလားခကတ်တေလို့ ပြောရေ။ သူရို့က ရခိုင်စကားလည်း ပြောတတ်ပါရေ။”

လွတ်လပ်ရေးရပြီးရေနောက်မှာ အဂုပိုင်တိုက်ခိုက်ခကတ်ရေ တော်လှန်ရေး ရဲဘော်တိ့က လွတ်လပ်ရေးမော်ကွန်းဝင်တိ့အဖြစ် အသိအမှတ်ပြုခံရရေပိုင် ဆုတံဆိပ်တိလဲ ရခကတ်တေလို့ သိရပါရေ။ လွတ်လပ်ရေး မော်ကွန်းဝင် ဦးရေတစ်ရာနီးပါးဟိကေလည်း ကျောင်းတိုက်တိုက်ပွဲမှာ ဘဝကိုစတေးခံခကတ်ရစော်တိကို ပတ်ဝန်းကျင်မှာ အထင်အမြင်သေး ခံရဖို့လား၊ ဆွေးမျိုးသားချင်းတိ့ကို ဂုဏ်သိက္ခာထိစီဖို့လားဆိုရေ စိုးရိပ်စိတ်တိ့ကြောင့် ရေငုံနှုတ်ပိတ်နိန်ခကတ်ရရေလို့ ကျန်ဟိနိန်သိရေ ဆွေမျိုးမိသားစုဝင်တိ့က ပြောကတ်ပါရေ။ အဂုအချိန်မှာခါ ယင်းခါက ပါဝင်ခရေ မိန်းမတိ့လည်း သီလားခကတ်ဗျာယ်။ ဦးစိန်လှကျော်က မော်ကွန်းဝင်ရရေ မှတ်တမ်းကို စုစီးရမိသလောက်ကို ရှင်းပြပါရေ။

“ပထမအဆင့် တယောက်၊ ဒုတိယအဆင့်က ၁၃ ယောက်၊ တတိယအဆင့်က ၇၇ ယောက်၊ စုစုပေါင်း ၉၁ ယေက်ကို မော်ကွန်းဝင်မှတ်တမ်းဂုဏ်ပြုလွှာပီးခရေ။ နာမည်စာရင်းမှာ မပါသိရေ လူတိ့လည်း ဟိသိရေ။ ယင်းတိ့ကို ကျွန်တော်ရို့ လူငယ်တိ့က စာရင်းတိ ဆက်ကောက်ပနာ တစုတစီးတည်း ထားဖို့လို့ ဆုံးဖြတ်ထားပါရေ။”

အကြီးတော်မ တိုက်နယသားတိ့ကတော့ သူရို့မိဘ၊ ဘိုးဘေးတိ့စော် ဖက်ဆစ်တော်လှန်ရေးနန့် မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတိ့မှာ ပါဝင်ခကတ်စော်ကို ဂုဏ်ပြုရေအနိန်နန့် ဗိမာန်တစ်ခုကို အကြီးတော်မရွာမှာ တည်ထောင်ဖို့ စီစဉ်နိန်ကတ်ပါဗျာယ်။

“တိုက်ပွဲဝင်ခရေ ရဲဘော်ဟောင်းတိ့က အကြောင်းအမျိုးမျိုးကြောင့် တခြားဒေသမှာ ပြောင်းရွှေ့နိန်စော်လည်း ဟိရေ။ တခြားမြို့နယ်တိမှာ သီလားစော်တိလဲ ဟိရေ။ အဂုဆို ယင်းပုဂ္ဂိုလ်တိ့ မဟိသလောက်ဖြစ်နိန်ဗျာယ်။ သီလားခကတ်ဗျာယ်။ ယင်းချင့်တိကို ဆွေမျိုးတိ့က တစ်စုတစီးတည်း နိန်ရာသတ်မှတ်ပြီးခါမှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂၅ ရက်နိန့်ဆိုစော် ဖက်ဆစ်ဂျပန်ကို တော်လှန်ခကတ်တေနိန့် မော်ကွန်းဝင် ရဲဘော်တိ့နိန့်ဆိုပနာ သတ်မှတ်ပြီးကေ မော်ကွန်းဝင်ရဲဘော်တိ့ကို တစုတစီးတည်း ကောင်းမှု၊ ကုသိုလ်လုပ်ပီးဖို့ ရီရွယ်ချက်နန့် မြောက်ဦးမြို့နယ် တောင်ပိုင်းအကြီးတော်မ ကျေးရွာမှ ၂ ဧကလောက် မြေကိုဖို့ပနာ ဗိမာန်ကုန်းတစ်ခုလုပ်ကေ ကောင်းဖို့ဆိုပနာ စိတ်ကူးနန့် အဂုပိုင်စီစဉ်ပါရေ။”

မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရီးမှာ အစောဆုံးဆန့်ကျင်တိုက်ခရေ တိုက်ပွဲတစ်ခုဖြစ်ကေလည်း သမိုင်းမှာတော့ စာတင်ရေတိုက်ပွဲမဖြစ်ခပါ။ အဂုပိုင်ဗျာယ် မှတ်တမ်းတင်လူ တချို့မှားယွင်းမှုတိကြောင့် ကျောင်းတိုက်ရွာတိုက်ပွဲ ဇာနေရာမှာ ဖြစ်ခရေဆိုစော်တောင် ထုတ်ဝေရေ စာအုပ်တိ့မှာလွဲမှား ဖော်ပြနိန်ပါသိရေ။ ဇာပိုင်ပင် ဖြစ်ဖြစ် အကြီးတော်မ တိုက်နယ်သားတိ့ကတော့ ကျောင်းတိုက်မှာကျန်ခရေ ဦးအာဝင်း အုတ်ဂူကို သက်သီပြရင်း သားစဉ်မြေးဆက် ဂျပန်တော်လှန်ရီး ဇာလမ်းကို အိပ်ယာဝင်ပုံပြင်အဖြစ် ပြောနိန်ကတ်ရဖို့သိပါ။

“ကျောင်းတိုက်ကျေးရွာဆိုပနာ မသိဘဲနဲ့ ပျားတဲကျောင်းတိုက်ရာ၊ ကျောင်းတိုက်ရာလို့ ဖြစ်နိန်ပါရေ။ ပျားတဲ့ကျေးရွာ၏ ကျောင်းတိုက်နိန်ရာဖြစ်နိန်ပါရေ။ အမှန်က မဟုတ်ပါ။ ကျောင်းတိုက်ကျေးရွာစော် သီးခြားရွာတရွာ၊ ယင်းပျားတဲကျေးရွာစော် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလကလည်း အိမ်ခြေ ၂၀၊ အဂုလည်း ၂၀၊ ယင်းအချိန်ကလည်း ဒေတိုင်း၊ အဂုလည်းဒေတိုင်း၊ လူဦးရေ အိမ်ခြီအတိုးအလျှော့မဟိ။ ရခိုင်ပြည်မှာ ဂျပန်စစ်ဌာနချုပ်က စစ်တွေမြို့၊ ဌာနချုပ်ခွဲက အဂုကျောင်းတိုက်ကျေးရွာမှာပါ။”

 

 579 total views,  1 views today