ရိုးမရေဒီယိုမဂ္ဂဇင်း

မြန်မာတစ်နိုင်ငံလုံးမှာ ရှိရေ ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပနာ ရခိုင်လုပ်ငန်းရှင်များ အသင်း ဗဟိုကို ဖွဲ့စည်း လိုက်ပါရေ။

ရခိုင်အမျိုးသားစီးပွားရေးလုပ်ငန်းရှင်တိ့ အနီဖြင့် ယခု လုပ်ကိုင်နီရေ ပုံစံတိ့ကနီ ပိုမို ကျယ်ပြန့်ရေ ချိတ်ဆက် မှုများနှင့် လုပ်ငန်းများ ကြီးထွား လာစေဖို့ ရည်ရွယ်ကြောင်း အသင်း အတွင်းရေးမှူး ဒေါက်တာ အောင်ရဲဇော်က ပြောပါရေ။

“ ရခိုင်လုပ်ငန်းရှင်တိ့အသင်း တည်ထောင်ခြင်း လက်ရှိ ရှိနီရေ စီးပွားရေးလုပ်ငန်းတိကို ပိုပြီးကေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လာရေ။ နည်းပညာပေါ့။ နည်းပညာပိုင်းဆိုင်ရာမှာဆိုကေလည်း ပိုပနာ Update ဖြစ်ရေစွာတိကို သုံးလာနိုင်ရေ။ Information ကလည်း ကျွန်တော်ရို့ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်လက်တိ ရလာနိုင်ရေ။ စီးပွားရေးကိုဖော်ဆောင်ရာမှာ ပိုပြီးကေ အထောက် အကူဖြစ်ပါရေ။ ပြီးလို့ရှိကေ ကျွန်တော်ရို့ Supporting ပေါ့။ လုပ်ငန်းရှင် တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ပနာ ပိုမို လုပ်ကိုင် လာနိုင်ပါဖို့။”

ယင်းအသင်းကို နိုဝင်ဘာ ၁၈ ရက်နီ့က ရန်ကုန်မြို့မှာ ဖွဲ့စည်းခစွာပါ။

ယင်းပိုင် ဖွဲ့စည်းနိုင်ဖို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး မြန်မာ တစ်နိုင်ငံလုံးမှ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ကြားခပနာ ဂုပိုင် ရခိုင်လုပ်ငန်းရှင်များအသင်း ဗဟိုကို ဖွဲ့စည်းခဲ့စွာလည်း ဖြစ်ပါရေ။

“ကျွန်တော်ရို့ ဒေ အသင်းအဖွဲ့တိုးတက်မှုကလည်း မြန်မာပြည် တိုးတက်မှုလို့ ပြောလို့ရပါရေ။ ရခိုင်လုပ်ငန်းရှင်များကလည်း မြန်မာပြည် တစ်ပိုင်းတစဖြစ်ရေအတွက် ကျွန်တော်ရို့ မြန်မာနိုင်ငံ GDP ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေ နီရာမှာ အထောက်အပံ့ တစ်ခု ဖြစ်ဖို့ပေါ့။ ရခိုင်လုပ်ငန်းရှင်တိ စီးပွားရေးတိုးတက်လို့ ရှိကေ မြန်မာနိုင်ငံတိုးတက်မှုလို့ ကျွန်တော်ရို့ ပြောလို့ရပါရေ။” လို့ ဒေါက်တာ အောင်ရဲဇော်က ဆက်ပြောပါရေ။

အခု ဖွဲ့စည်းလိုက်ရေ အသင်းမှာ ရခိုင်လုပ်ငန်းရှင်များအသင်း (ဗဟို)ဥက္ကဋ္ဌ အဖြစ် ဦးကျော်သိန်းခိုင် (မန္တလေး)၊ ဒုဥက္ကဋ္ဌများအဖြစ် ဒေါက်တာ စောမြအောင် (ရန်ကုန်) ၊ ဦးခင်မောင်ကြီး (စစ်တွေ)၊ ဒုဗိုလ်မှူးကြီး အငြိမ်းစား ရဲရင့်သွေး (ပဲခူး)၊ ဦးတင်ဝင်း( ဧရာဝတီ) ရို့ ဖြစ်ပန အထွေထွေအတွင်းရေးမှူး အဖြစ် ဒေါက်တာအောင်ရဲဇော် (ရန်ကုန်)၊ အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ဦးကြည်စိုး (ဧရာဝတီ)၊ ဦးကျော်လင်းငြိမ်း (ပဲခူး)၊ ဦးစောထင်သိန်း (မန္တလေး)၊ ဦးကျော်မင်းထွန်း (ရခိုင်) တို့ ပါဝင်နီပါရေ။

အသင်းအနီဖြင့် ရှေ့ဆက်လုပ်ကိုင်နီချင်ရေ ဆန္ဒပုံစံကိုလည်း ဒေါက်တာ အောင်ရဲဇော်က ခုပိုင် ဆက်ပြောပါရေ။

“ လက်ရှိမှာတော့ ကျွန်တော်ရို့ လုပ်ငန်း အသေးအလတ်အကြီး အားလုံး တစ်ပြိုင်တည်းတွီ့အောင်လုပ်ဖို့ လိုပါရေ။ ဇာကြောင့်လဲ ဆိုကေ လုပ်ငန်းအသေးနဲ့ လုပ်ငန်းအလတ်ကို လုပ်ကိုင်နီသူတိက များပါရေ။ သူရို့ စီးပွားဖွံ့ဖြိုးတိုးတက်အောင်၊ သူရို့ကို မိသားစု အသွင် စီးပွားရေးပုံစံ လုပ်နီစွာကနီ စနစ်ကျရေ စီးပွားရေး အသွင်ဖြစ်လာအောင် ကျွန်တော်ရို့ ကူးပြောင်းပီးရပါဖို့။”

လုပ်ငန်းငယ်တိ့ကို ပိုမိုစနစ်တကျရှိလာစီဖို့ကို ဦးစားပေးရင်း မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းအတော်များများကို တိုးတက်အောင် လုပ်ဖို့ ရည်ရွယ်ထားရေ ဒေ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကိုတော့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ အပါအ၀င် ရခိုင်စီးပွားရေး လုပ်ငန်းရှင် အများအပြား တက်ရောက်ခကတ်စွာကို တွိ့ရပါရေ။

 547 total views,  1 views today