ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ကမ်းရိုးတမ်းဒေသတစ်လျှောက်ရှိ နီရာအနှံ့အပြားမှာ ပေါက်ရောက်လျှက်ရှိရေ ဒီရေတောတိ့မှာ လက်ရှိအချိန် မျိုးတုန်းလုနီးပါး အခြေ အနီနှင့် ရင်ဆိုင်နီရေအတွက် အချိန်မီ တားဆီးဖို့ လိုအပ်နီဗျာလ်လို့ စောင့်ကြည့်လေ့လာသူများက အကြံပြုပါရေ။

“ရခိုင်ပြည်နယ် ဒီရေတောတိ အနီအထားကတော့ အခုအချိန်မှာဆိုလို့ ရှိကေ ထိန်းသိမ်းမှုလုပ်ငန်း ပြန်လည်စိုက်ပျိုး ရေးလုပ်ငန်းကိုရာ အချိန်မီ မလုပ်နိုင်ဆိုကေ အေချင့်ထက်မက ပျက်စီးလာဖို့ အနီအထားရှိပါရေ။”ဟု ရပ်ရွာလူထုစွမ်းဆောင်ရေး မြှင့်တင်ရေးနှင့် ဘေးဒဏ် ခံနိုင်စွမ်း တိုးမြှင့်ရေးအဖွဲ့မှ ဒီရေတောစောင့်ကြည့် အကဲဖြတ်အရာရှိ ဦးသန်းလှိုင်က ပြောပါရေ။

ဒီရေတောများရေ သဘာဝဘေးအန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရုံသာမက သား၊ ငါး၊ ပုဇွန်ပေါကြွယ်ဝမှုများ အတွက်လည်း အလွန်တရာ အရေးပါသောကြောင့် ယင်းပိုင် သစ်တောတိ့ကို ခုတ်ထွင်သုံးစွဲနီမှုတိ့ တားဆီးပနာ ပြန်လည်အစားထိုးစိုက်ပျိုး ခြင်းများကို ပြုလုပ်ဖို့ အစိုးရအနီဖြင့်လည်းကောင်း၊ လူမှုအဖွဲ့စည်းများအနီဖြင့်လည်းကောင်း ထိန်းသိမ်းစောက်ရှောက်ဖို့ လိုအပ်နီပါရေ။

ယေလေ့သင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမှုမှာလည်း နည်းပါးနီရေအတွက် သစ်တောတိ့ကို ခုတ်ယူပနာ ထင်းအဖြစ် သုံးစွဲနီမှုတိ့ တားဆီးဖို့ အခက်ခဲတစ်ရပ်ရှိနီပြန်ကြောင်း အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က ပြောပါရေ။

ရပ်ရွာလူထုစွမ်းဆောင်ရေး မြှင့်တင်ရေးနှင့် ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးအဖွဲ့မှ ဒီရေတောစောင့်ကြည့်ပနာ ရခိုင်ပြည်နယ် အတွင်းမှ ရသေ့တောင်မြို့နယ်မှ ၂၀ ရွာ၊ စစ်တွေမြို့နယ်မှ ၁၅ ရွာ၊ မြေပုံမြို့နယ်မှ ၆ ရွာ၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ၈ ရွာနှင့် ပေါက်တောမြို့နယ် မှ ၅ ရွာတို့မှာ ဒီရေတောတိ့ကို ပြန်လည် အစားထိုးစိုက်ပျိုးထားနိုင်ဗျာလ်ဖြစ်တေပိုင် ထင်းအစားထိုးလောင်စာအဖြစ်လည်း ကျေးရွာ ပေါင်း ၃၀ ခန့်မှာ ပီးထားနိုင်ဗျာလ်လို့လည်း ဆိုပါရေ။

ယင်းအပြင် အစိုးရကလည်း နိုင်ငံတကာ အကူအညီနန့် မြေပုံမြို့နယ်မှာ တစ်နှစ်ကို ဧက ၁၀၀ ခန့် စိုက်ပျိုးဖို့ အစီစဉ်ရှိကြောင်း သိရပါရေ။

 670 total views,  1 views today