ရိုးမရေဒီယိုမဂ္ဂဇင်း

ဂျာမနီနိုင်ငံက အထူးကုဆရာဝန်ကြီးတိ့က ရခိုင်ပြည်နယ်အတွင်းရှိ လည်ပင်ကြီး၊ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ အဆီကျိပ်၊ မီးလောင်ဒဏ်ရာနှင့် ခြေပူးလက်ပူးစရေ ရောဂါဝေဒနာရှင်တိကို နိုဝင်ဘာလ ၂၄ ရက်နီ့မှ ဒီဇင်ဘာလ ၆ ရက်နီ့ထိ ၁၃ ရက်တိုင်တိုင် အခမဲ့ လာရောက် ခွဲစိတ်ကုသပေးလားဖို့ ဖြစ်ရေ။

ယင်းအစီစဉ်ကို အလိုတော်ပြည့်ဆရာတော်ကြီး၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ ကမကထပြုလုပ်ပနာ ရခိုင် ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုနှင့် စစ်တွေမြို့ခုတင် ၅၀၀ ဆန့် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ပြုလုပ်လားဖို့လေ့ ဖြစ်ပါရေ။

အဂုပိုင် ဂျာမနီမှ ဆရာဝန်ကြီးများ ရခိုင်ပြည်နယ်သို့ အခမဲ့ လာရောက်ကုသပီးခြင်းမှာ ၆ ကြိမ်မြောက်ရှိဗျာလ်ဖြစ်ပနာ အရင်က တစ်ကြိမ် စီမှာ လူနာ ၁၅၀ ခန့်ကို ခွဲစိတ်ပေးနိုင်ခပနာ လက်ရှိမှာ စာရင်းပီးသွင်းထားသူ ၂၅၀ ဝန်းကျင် ရှိနီဗျာလ်လို့ သိရပါရေ။

ခွဲစိတ်ကုသမှု လာရောက်ခံယူကတ်ဖို့ လူနာတိ့နန့် လူနာစောင့်တိ့ကို စစ်တွေမြို့ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းတိုက်မှာ တည်းခိုခွင့် ပြုထားရေပိုင် စားဝတ်နီရေးကိုလည်း တာဝန်ယူလားဖို့ ဖြစ်ကြောင်း ဆိုပါရေ။

စာရင်းပေးသွင်းထားရေ လူနာများအနီဖြင့် နိုဝင်ဘာလ ၂၄ ရက်နီ့ နံနက်ပိုင်းမှာ စစ်တွေမြို့အထွေထွေ ဆေးရုံကြီးမှာ ဆေး မှတ်တမ်း လားရောက်ယူရဖို့ ဖြစ်ကြောင်းနှင့် လာရောက်ပြသရေ လူနာတိ့ထဲကမှ အထူးကုရောဂါအနီဖြင့် ဦးနှောက်နှင့် ပတ်သတ်ပနာ ခွဲစိတ်ကုသရဖို့ ဝေဒနာရှင်တိ့ကို ရန်ကုန်မြို့သို့ လားရောက်ကုသမှု ခံယူနိုင်ဖို့ စီစဉ်လာဖို့ ဖြစ်ကြောင်း သိရပါရေ။

 481 total views,  1 views today