ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေ၊ အောက်တိုဘာလ ၁၇ ရက်။ ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေကို လာရောက်လေ့လာနေရေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂနာနှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှရို့ ဆက်ဆံရေးမှာ ကောင်းမွန်မှု ရှိနေပါရေ။

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ မစ္စခရစ်စတင်းဘာဂနာက ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ ရို့ကို လားရောက်တွိ့ဆုံခပြီးနောက် မီဒီယာတိ့က မေးမြန်းမှုအပြီး ယင်းအခြေအနေကို သိရှိခရခြင်း ဖြစ်ပါရေ။

“ထင်သလောက်တော့ ကောင်းမဆိုးပါဘူး။ ယင်းပိုင်မြင်ရေ။ သူရို့ ဒေကိုလာရေအခါ ဆိုးဆိုးဝါးဝါးကြီးတိ့ ရှိဖို့လားလို့ ထင်ရေ။ လက်တွီ့မှာ ယင်းပိုင်က မဟုတ်။ သူရို့က ဒေမှာရှိရေ နိုင်ငံတော် အကြီးအကဲတိနဲ့ တွိ့ရေ။ တပ်မတော် ပိုင်းကလည်း တွိ့ရေ။ သူရို့ ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ဒေတစ်ခုတည်းမဟုတ်။ ရခိုင်မှာဖြစ်ရေ ကိစ္စတစ်ခုတည်း မဟုတ်။ တစ်နိုင်ငံလုံးမှာဖြစ်ရေ ငြိမ်းချမ်းရေးကို သူရို့ စိတ်ဝင်စားရေ။ သူရို့ ဆောင်ရွက်ချင်ရေ။ တတ်နိုင် သလောက်လည်း ကူညီပီးချင်ရေ။ ပြောစွာပဲ။”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောပါရေ။

ယင်းပြင် နိုင်ငံတကာအား ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ကြိုဆိုကြောင်းနှင့် သို့ရာတွင် သတိရှိရှိဖြင့်သာ ကြိုဆိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုပါရေ။

မစ္စဘာဂနာနှင့် တွိ့ဆုံခရေ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ မူဆလင်ရပ်မိရပ်ဖတစ်ဦးကလည်း ၎င်းမှာ တင်ပြရေ အချက် တိ့ကိုသာ နားထောင်ခြင်းဖြစ်ပြီး သူမအနေနှင့် တစ်စုံတစ်ရာ ပြောကြားခခြင်း မရှိကြောင်းနှင့် သူမ၏ ယခုခရီးစဉ်မှာ ရခိုင်ပြည်နယ် အရေးအပါအဝင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုပါရေ။

“သူကပြောစွာ ကောင်းမရှိလေ။ အမြင်ကတော့ ရခိုင်ပြည် (နယ်) တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းဖို့အတွက် အချက်အလက်ရှာဖို့လာစွာလို့ ထင်ရေ။”ဟု စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ မူဆလင် ရပ်မိရပ်ဖ ဦးအောင်သိန်းက ပြောပါရေ။

မစ္စဘာဂနာနှင့် အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်ကို ရောက်ရှိနေခြင်းဖြစ်ပြီး မောင်တော ဒေသနှင့် စစ်တွေ အပါအဝင် တစ်ချို့မြို့နယ်တိ့မှ ရခိုင်လူမှုအဖွဲ့အစည်း၊ မူဆလင် ဒုက္ခသည်စခန်းတိ့သို့ လားရောက် တွိ့ဆုံခပါရေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် ရခိုင်ပြည်နယ်သို့ မရောက်ရှိမှီကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဆိုင်ရာ အကြီးအကဲတိ့နှင့်လည်း တွိ့ဆုံခပြီး နောက်ထပ် မြန်မာနိုင်ငံ၏ တစ်ချို့ဒေသတိ့သို့ လားရောက်ရန် စီစဉ်ထားကြောင်း သိရပါရေ။

 403 total views,  1 views today