ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာလ ၁၇ ရက်။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတိ့ကို အပြီးတိုင်ဖျက်သိမ်း၍ အေးအေးချမ်းချမ်းဖြင့် နေရပ်ကို အမြန်ပြန်စီချင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ(Christine Schraner Burgener) က ပြောကြားခပါရေ။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဘာဂနာနှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌရို့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက လွှတ်တော်ဥက္ကဌ ဧည့်ခန်းမမှာ သီးသန့်တိ့ဆုံကြစဉ် ယင်းသို့ပြောကြားခခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ် တော်ဥက္ကဌ ဦးစံကျော်လှက ပြောပါရေ။

“ဒုက္ခသည်တိကို စခန်းတိ အပြီးတိုင်ဖျက်သိမ်းပြီးတော့ သူရို့ဒေသကို အမြန်လားစေချင်ရေ သဘောရှိရေ။ နောက်တစ်ချက်က သူရို့ဟာ ရခိုင်တိလိုဘဲ နေရာအသီးသီးကို လွတ်လွတ်လပ်လပ် လားစေချင်ရေ သဘောရှိရေ။ ဒါတိကို ပြောပါရေ။”ဟု ၎င်းက ဆိုပါရေ။

ယင်းအပြင် ခရစ္စတင်းဘာဂနာက မူဆလင်တိ့အနေဖြင့် ကျန်းမာရေး ဆေးကုသရန်အတွက် လွတ်လွတ်လပ်လပ် လားလာခွင့် မရရေ အခက်ခဲတိ့ရှိနေသောကြောင့် လွှတ်တော်အနေဖြင့် အဆိုပါ ကိစ္စရပ်တိ့အပေါ် တတ်နိုင်သလောက် ဖြေရှင်းပီးရန် ပြောခကြောင်းလည်း ဆိုပါရေ။

မစ္စဘာဂနာ ဦးဆောင်ဆောင်သော အဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေဟိုတယ်မှာ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတိ့နှင့် တွိ့ဆုံခပြီး ယင်းမှတဆင့် သက္ကယ်ပြင်ကျေးရွာသို့လားရောက်ပြီးနောက် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် လားရောက်တွိ့ဆုံခခြင်း ဖြစ်ပါရေ။

လက်ရှိ မောင်တောမြို့နယ်မှာ ဖွင့်လှစ်ထားသော ပြန်လည်လက်ခံရေး စခန်းတိ့မှာ လက်ခံရန်အသင့်အနေအထားမှာ ရှိနေရေအတွက် နေရပ်စွန့်သူတိ့အနေဖြင့် ပြန်လာလျှင် လာ၍ရနေပြီဖြစ်ကြောင်းနှင့် ဆေးဝါးကုသရန်အတွက် လားလာခွင့် အခက်ခဲရှိလျှင် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပီးမည်ဟု ပြောဆိုခကြောင်း သိရပါရေ။

 370 total views,  1 views today