ရိုးမရေဒီယိုမဂ္ဂဇင်း

ပုဏ္ဏားကျွန်း၊ အောက်တိုဘာလ ၁၈ ရက်။ ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် ကုန်ကျခံဆောက်လုပ်ထားရေ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီ ဓာတ်လှေကားအား ယခု ၂၀၁၈ ခုနှစ်ကုန်မှာ စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်တိ့က ပြောပါရေ။

“ဒီဇင်ဘာမှာ ပြီးဖို့လို့တော့ အင်ဂျင်နီယာတိက ပြောရေ။ ပြီးတော့ အဲဒီလမှာပဲ ဖွင့်လှစ်လားဖို့။ အခုတော့ စက်တစ်ခုပဲ တပ်ဖို့ ကျန်တော့ရေ။ ရာခိုင်နှုန်းနဲ့ ပြောရဖို့ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ပေါ့။ ဓာတ်စက်တပ်လို့ ပြီးရင် ပြီးပြီပေါ့။”ဟု ဦးရာဇ်တောင်စေတီ ဂေါပကအဖွဲ့ဥက္ကဌ ဦးမောင်ကျော်ဦးက ပြောပါရေ။

ထိုဓာတ်လှေကားအား ပြီးခရေ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်တည်ဆောက်ခခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလမှာ အပြီးသတ် ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းခသော်လည်း ငွေရေးကြေးရေးအပါအဝင် တစ်အချို့အခက်အခဲတိ့ကြောင့် မပြီးစီးနိုင်ခပေ။

၁၂၅ ပေ မြင့်ပြီး လျှောက်လမ်း ၂၀၀ ပေရှိရေ အဆိုပါ ဓာတ်လှေကားမှာ ဓာတ်စက်နှစ်လုံးတပ်ဆင်လားမည်ဖြစ်ပြီး တစ်လုံးစီမှာ လူ ၁၄ ဦးခန့် လိုက်ပါနိုင်မည်ဖြစ်ကာ လက်ရှိမှာ ဓာတ်စက်တစ်လုံးကို တပ်ဆင်နေပြီဖြစ်သော်လည်း နောက်တစ်လုံးတပ်ဆင်ရန် ငွေကြေးလိုအပ်ချက် ရှိနေသေးကြောင်း ဆိုပါရေ။

အလှူရှင်တိ့ထံမှ ကောက်ခံရရှိထားသော မတည်ငွေ ကျပ်သိန်း ၁၀၀၀ ကျော်ဖြင့် စတင် တည်ဆောက်ခခြင်းဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့မှလည်း ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ပီးခပါရေ။ သို့ရာမှာ ထိုငွေနှင့် မလောက်ငှရေအတွက် အနယ်နယ်အရပ်ရပ် သို့ လားရောက် အလှူခံခရကြောင်း ဂေါပကအဖွဲ့က ပြောပါရေ။

အဆိုပါ ဦးရာဇ်တော်စေတီမှာ ရခိုင်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးစေတီတိ့အနက် တစ်ဆူအပါအဝင်ဖြစ်သလို လက်ရှိ ဓာတ်လှေ ကားမှာလည်း ရခိုင်ပြည်နယ်မှာ ပထမဆုံး တည်ဆောက်နေရေ ဓာတ်လှေကားဟု ဆိုရပေမည်။

 581 total views,  1 views today