ရိုးမရေဒီယိုမဂ္ဂဇင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးဖြစ်စဉ်တိ့မှာ အမျိုးသမီးတိ့အနေနန့် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းပါဝင်လာအောင် ဆောင်ရွက်ပီးဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မှာ မူဝါဒ ချမှတ်ထားပါရေ။

ယေလေ့သင့် လက်တွီ့မှာ ပါဝင်မှု အားနည်းနီပနာ မူဝါဒါကို အခြေခံရေ စည်းမျဉ်းစည်းကမ်းတိ့၊ ဥပဒေတိ့ ပြန်ပနာ ချမှတ်ဖို့ လိုနီရေလို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဌ စောစံငြိမ်းသူက ပြောပါရေ။

“မူဝါဒတစ်ရပ်အနေနန့် လက်ခံရေသဘောရှိဖို့ ယင်းမူဝါဒတိ့က စာရွက်မှာရာ ရှိရေ။ အရေးကြီးစွာက ချမှတ်ထားရေ မူဝါဒကို လက်တွီ့အကောင်ထည်ဖော်ဆောင်ဖို့ အရေးကြီးရေ။ ယင်းချင့်ကို ဖော်ဆောင်ရေအခါ NCA မှာတည်းက အမျိုးသမီး သုံးဆယ်ရာခိုင်နှုန်းပါဝင်ရေးကို ဖော်ဆောင်လားဖို့ ဆိုပနာ ညွှန်းထားရေ။ ဒေငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပံ့ပိုးပီးဖို့ CSO အဖွဲ့အစည်းတိ့ စသဖြင့်။ ဒေအုပ်စုတစ်ခုချင်းစီမှာ မူဝါဒကို အခြေခံရေ စည်းမျဉ်းစည်းကမ်းတိ့၊ ဥပဒေတိ့ ပြန်ပနာ ချမှတ် လက်တွီ့ပါဝင်လာအောင် ကြိုးပမ်းမှ သုံးဆယ်ရာခိုင်နှုန်းမူဝါဒ ဖော်ဆောင်ဖို့ မူဝါဒက အထမြောက်ဖို့။”

စက်တင်ဘာ ၂၁ ရက်နိ့က စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ ကျင်းပပြုလုပ်ခရေ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနိ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒေါ်စောစံငြိမ်းသူက ယင်းပိုင် ထည့်သွင်းပြောကြားခစွာလဲ ဖြစ်ပါရေ။

လက်ရှိမှာ အစိုးရအပါအဝင် နိုင်ငံရေးပါတီနန့် အရပ်ဖက်အဖွဲ့အစည်းတိ့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတိ့ ပူးပေါင်းပါဝင်ရေးကို ဖော်ဆောင်နီကေလေ့သင့် အရည်အချင်းရှိပနာ ပူးပေါင်းပါဝင်နိုင်ရေ အမျိုးသမီးတိ့ကို ကမ်းလှမ်းမှုက အားနည်းနိသိ့ကြောင်း ဒေါ်စောစံငြိမ်းသူက ပြောပါရေ။

ကျင်းပပြုလုပ်ခရေ ယင်းအခမ်းအနားကိုတော့ နိုင်ငံစနစ်ကို တိုးတက်ပြောင်းလဲစီဖို့ ဥပဒေ၊ မူဝါဒတိ့နန့် တည်ငြိမ်အေးချမ်းရေ စနစ်တစ်ခု ပေါ်ထွန်းလာရေးကို သတိမူစီဖို့ ရည်ရွယ်ပနာ သူ့ မိခင်အဖွဲ့အစည်း ရခိုင်အမျိုးသမီးအစည်းအရုံးက ဦးဆောင် ကျင်းပပြုလုပ်ခစွာပါ။

အခမ်းအနားကို ရခိုင်အမျိုးသမီးအစည်းအရုံး RWU တာဝန်ရှိသူတိ့၊ အမျိုးသမီးငယ်တိ့အပါအဝင် ခမီတိုင်းရင်းသား စုစုပေါင်း ၂၀၀ နီးပါးလောက်က တက်ရောက်ခကတ်ပါရေ။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတိ့ ကျကျယ်ပပြန့် ပူးပေါင်းပါဝင်လာနိုင်ဖို့ အမျိုးသမီးတိ့ကို ဖယ်ချန်မထားဘဲ အားလုံးတန်းတူညီမျှ ငြိမ်းချမ်းရေးအတွက် လက်တွဲမြှင့်တင်ပီးဖို့ လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနိ့ အခမ်းအနားကို တက်ရောက်လာရေ မဝါဝါစိုးက ပြောပါရေ။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနိ့ကို ကမ္ဘာ့ကုလသမဂ္ဂက ၁၈၈၁ ခုနှစ်မှာ သတ်မှတ်လိုက်စွာဖြစ်ပနာ အထိမ်းအမှတ်နိ့ အခမ်းအနားတိ့ကိုတော့ ၂၀၁၃ ခုနှစ်လောက်ကမှ စပနာ ကျင်းပလာကတ်စွာပါ။

 515 total views,  1 views today