ရိုးမရေဒီယိုမဂ္ဂဇင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုဘဝရသ သရုပ်ဖော် ဆောင်းပါးများကို မြန်မာ၊ ရခိုင်၊ ဘင်္ဂလီ (၃) ဘာသာဖြင့် တင်ဆက်နေသည့် မီဒီယာတစ်ခုဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ နေထိုင်သူများအားလုံးအနေဖြင့် ဤဌာနမှ တင်ဆက်သည့် ရေဒီယိုထုတ်လွှင့်မှုပါ အကြောင်းအရာ များကြောင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်နိုင်စေရန် ရည်သန်လျက် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ သက်မွေး ဝမ်းကြောင်းမှုများ၊ ဒေသတစ်ခု၏ ချစ်စဖွယ် ဓလေ့များ၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ် အလာတို့၏ အဖိုးတန်မှုများကိုသာ ရှာဖွေ တင်ဆက်နေသော အသံလွှင့်ဌာနတစ်ခုလည်း ဖြစ်ပါသည်။

ဤဌာနမှ ထုတ်လွှင့်သော ရေဒီယိုအသံလွှင့်ဆောင်းပါးများနှင့် သတင်းများကို http://www.arakanyoma.org/ နှင့် https://www.facebook.com/arakanyomaorg/ တို့တွင် ဝင်ရောက် ဖတ်ရှုနိုင်သလို ဒေသတွင်း ထုတ်ဝေနေသော ရိုးမတိုင်းမ် မဂ္ဂဇင်းတွင်လည်း ထည့်သွင်းပုံနှိပ်ဖြန့်ဝေလျှက်ရှိပါသည်။

လက်ရှိတွင် ရိုးမရေဒီယိုမဂ္ဂဇင်းအနေဖြင့် အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသော ဝန်ထမ်းများအား အလိုရှိနေပါသည်။

အယ်ဒီတာ (၁) ဦး

  • သတင်းစာပညာဖြင့် လုပ်ကိုင်ဖူးသော အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ခန့် ရှိရမည်။
  • ဒေသတွင်း ဖြစ်ပေါ်နေသော သတင်းများကို ဌာန၏ မူဝါဒနှင့်အညီ ရေးသားထုတ်လုပ်နိုင်ရန် သတင်းသမားများအား ကူညီနိုင်သူဖြစ်ရမည်။
  • အင်တာနက်၊ အီးမေးလ်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
  • ရေဒီယို/ရုပ်သံ သတင်းနှင့် သတင်းဆောင်းပါးများကို ကိုယ်တိုင် ထုတ်လုပ်/တည်းဖြတ်နိုင်ရမည်။
  • ဒေသတွင်း အသုံးပြုသော ရခိုင်/မြန်မာ/ဘင်္ဂလီ ဘာသာစကားကို (ရေး/ပြော) ကျွမ်းကျင်သူ ဖြစ်ရမည်။
  • ရခိုင်ပြည်နယ်တွင် နေထိုင်သူအား ဦးစားပေးမည်။ (ခြွင်းချက်။ ။ အခြားပြည်နယ်/တိုင်းဒေသကြီးတွင် နေထိုင်သူ ဖြစ်သည်ဆိုပါက အဝေးမှ ကြီးကြပ်နိုင်ရမည်။ လိုအပ်ပါက ကိုယ်တိုင် သွားရောက်နိုင်သူ ဖြစ်ရမည်။)

သတင်းထောက် (၁) ဦး

  • အခြေခံသတင်းစာပညာကို တတ်မြောက်ထားသူဖြစ်ရမည်။
  • ရခိုင်ပြည်နယ်အတွင်း နေထိုင်သူဖြစ်ရမည်။
  • ပြည်နယ်အတွင်းရှိ ဒေသများသို့ သွားရောက်သတင်းရယူနိုင်သူ ဖြစ်ရမည်။
  • အင်တာနက်၊ အီးမေးလ်ဖြင့် ဆက်သွယ်အသုံးပြုတတ်သူဖြစ်ရမည်။
  • ဒေသတွင်း အသုံးပြုသော ရခိုင်/မြန်မာ/ဘင်္ဂလီ ဘာသာစကားကို (ရေး/ပြော) ကျွမ်းကျင်သူ ဖြစ်ရမည်။

ခံစားခွင့်

ထိုက်တန်သည့် လစာကို ခံစားခွင့် ရှိသည်။ အရည်အချင်းပေါ်မူတည်၍လည်း ညှိနှိုင်းနိုင်သည့်အပြင် ဒေသတွင်း သတင်း ရယူစဉ် ကာလများအတွက် ခရီးစရိတ်အပါအဝင် ခံစားခွင့် ရှိသည်များအားလုံးကို ခံစားခွင့် ရရှိမည် ဖြစ်ပါသည်။

ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီပြီး ရိုးမရေဒီယိုမဂ္ဂဇင်းတွင် ဝင်ရောက်လုပ်ကိုင်လိုသော မြန်မာနိုင်ငံသား မည်သူ မဆိုသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်ရေးအချက်အလက်အပါအဝင် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများအား [email protected] သို့ အီးမေးလ်ဖြင့် ပေးပို့ လျှောက်ထား နိုင်ပါသည်။ ထပ်မံ၍ သိရှိလိုသည်များ ရှိပါက 09255165762 သို့လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 862 total views,  1 views today