ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့ ခေါင်းဆောင်မှုနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး  စတဲ့ နယ်ပယ်အသီးသီးမှာ ပါဝင်ဆောင်ရွက်မှု စွမ်းဆောင်ရည်များ မြှင့်တက်လာနိုင်ဖို့ကို ရည်ရွယ်ပြီး Youth Camp အစီစဉ်တစ်ရပ်ကို ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

“အဓိကတော့ Youth Camp ပြီးသွားလို့ရှိရင် အဲဒီက လူ ၂၀၀ ၊ ၂၅၀ ကို ဒီမှာ ပါဝင်ဆွေးနွေး၊ သူတို့ကြားမှာ ရင်းနှီးမှုရ၊ ယုံကြည်မှုရ၊ ပြီးရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပိုပြီးတော့မှ သဟဇာတဖြစ်အောင်ကြိုးစားကြတဲ့ အစီစဉ်ပဲ ဖြစ်တယ်ပေါ့။ ဒါပေမယ့် Youth Camp ပြီးသွားလို့ရှိရင် အဲဒီကနေတော့မှ အလားအလာရှိတဲ့ အယောက် ၃၀၊ အယောက် ၉၀၊ အယောက် ၆၀ ရွေးပြီးတော့မှ ကျွန်တော်တို့ စောနကပြောသလို နောက်တစ်ဆင့်ပေါ့။

ဒါကတော့ Youth Camp ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီးတော့ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူငယ်အဝိုင်းအဝန်း ဒါရိုက်တာ ကိုစောထွန်းထွန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အဆင့်ဆင့်တွေ လုပ်ဆောင်သွားနိုင်ဖို့အတွက်ကိုလည်း ဒီဇင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ ဒီနှစ်အတွင်းမှာ UNFPA ၊ ဆွေသဟာ၊ GPS နဲ့ လူငယ်အဝိုင်းဝန်းတို့က ရခိုင်ပြည်နယ်အတွင်း ပူးပေါင်းလုပ် ဆောင်မယ့် Youth Camp အစီစဉ်အတွက် အစိုးရအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့စည်းတွေ၊ တိုင်းရင်း သားမျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံးပြီးတော့ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေအပေါ် မူတည်ပြီး မကြာခင်မှာ သင်တန်းတစ်ခု ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

လူငယ်တွေ ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ကဏ္ဍပေါင်းစုံက သင်ကြားပေးမယ့် အဲဒီသင်တန်းမှာ အနည်းဆုံး လူငယ် ၂၅၀ ခန့် အထိ သတ် မှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဒီ Skill ပေးတဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို ဆက်လုပ်ဖို့ ရှိတယ်။ နောက်ပိုင်း ရက် ၂၀ သင်တန်း၊ ၁၅ ရက်သင်တန်းရှိတယ်။ အဲဒီ သင်တန်းတွေ ပြီးသွားရင် ပြန်လာရင် ဒီလူငယ်တွေက သူ့ရပ်ကျေးရွာ၊ သူ့ရပ်သူ့ဒေသမှာ သူတို့ ဦးဆောင်ပြီးလုပ်မယ့် အစီစဉ်တွေကို ကျွန်တော်တို့ဘက်ကနေပြီးတော့မှ နည်းပညာအရရော၊ ရံပုံငွေအရရော ပံ့ပိုးပေးပြီး ဆက်လုပ်မှာ ဖြစ်တယ်။” လို့ ကိုစောထွန်းထွန်းက ဆက်ပြောပါတယ်။

အဲဒီသင်တန်းကို ရခိုင်ပြည်နယ်အပြင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ စတဲ့ ဒေသတွေမှာ လည်း ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

မတူညီတဲ့အရာတွေကို တစ်ဦးနဲ့ တစ်ဦး အသိမှတ်ပြုလေးစားပြီးတော့ တိုင်းပြည်တည်ဆောက်ရေးမှာ တတ်နိုင်တဲ့ အခမ်းကဏ္ဍက နေ ပါဝင်ဖို့ အရေးကြီးသလို လူမှုပတ်ဝန်းကျင်မျှတဖို့ လူငယ်တွေက ဦးဆောင်မှ ဖြစ်မှာကြောင့် ရခိုင်လူငယ်တွေကို နွေးထွေးစွာ ကြိုဆိုကြောင်း လည်း ကိုစောထွန်းထွန်းက ပြောဆိုခဲ့ပါတယ်။

 441 total views,  1 views today