ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အမ်း ၊ ဇူလိုင် ၁၅ ရက် ။ ။ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ဒါးလက်အုပ်စုမှာ နီထိုင်ကတ်တေ လောက်တူချင်း တိုင်းရင်းသားရို့၏ လူမှုဆက်ဆံရေးနန့် ရိုးရာအစဉ်အလာတိ့အတိုင်း ဆောင်ရွက်ကတ်တေအခါ ခေါင်ရည်ကို မပါမဖြစ် တည်ခင်း ဧည့်ခံကတ်လေ့ ရှိပါရေ။

ခေါင်ရည်ကို ဇာကြောင့် အထွတ်တမြတ်ထားကတ်ရလဲ။ ခေါင်ရည်မှာ ဇာပိုင် အဓိပ္ပာယ်တိ့ ပါဝင်နီလဲ။ ခေါင်ရည်ကို ဇာပိုင် စီမံပြုလုပ်ထားလဲ စရေ အကြောင်းအရာတိ့ကို တင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

အမ်းမြို့ကနီ အနောက်ဘက်ကို ကားလမ်းအတိုင်း မိုင် ၃၀ လောက် လားလိုက်ကေ ကဇုကိုင်းကို ရောက်ဖို့ ဖြစ်ပနာ ၊ ညာဘက် လမ်းခွဲလမ်းက ဒါးလက်အုပ်စုကို ရောက်ရှိဖို့ ဖြစ်ပါရေ။ ဒါးလက်ချောင်း အရှိ့ဘက်နန့် အနောက်ဘက် ကမ်းနဖူးထက်မှာ တည်ရှိနီရေ ဒါးလက်အုပ်စုမှာ ကျေးရွာပေါင်း ၄၈ ရွာ ပါဝင်ပါရေ။

ယင်းအုပ်စုမှာ နီထိုင်သူအများစုစွာ ချင်းတိုင်းရင်းသားတိ့ဖြစ်ပနာ မျိုးနွယ်စုတိ့ ကျေးရွာအလိုက် စုစည်းနီထိုင်ကတ်စွာပါ။

ချင်းမျိုးနွယ်စုအားလုံး နီအိမ်တိုင်းမှာ ခေါင်ရည်ကို မရှိမဖြစ် ပြုလုပ်ထားကတ်တေပိုင် မွီးဖွားချိန်ကနီ သီဆုံးရေအချိန်ထိ ရိုးရာ ယုံကြည်ကိုးကွယ်မှု အခမ်းအနားတိ့မှာ ဆွေမျိုးဆက်စပ်မှုနန့် လူမှုဆက်ဆံရေး နယ်ပယ်တိ့မှာ ခေါင်ရည်ကို အသုံးပြုကတ်ပါရေ။

အစဉ်အလာ အခမ်းအနားတိ့မှာ ခေါင်ရည်ကို ဇာပိုင်တည်ခင်းရလဲ ဆိုစွာက ရှမ်းကုန်းရွာက လောက်တူမျိုးနွယ်စု နတ်ဆရာကြီး (ပဆန်းဆရာ) ဦးမောင်နှောင်းက ခုပိုင်ပြောပါရေ။

“ဟိုးအရင်ခေါက် ကမ္ဘာဦးတည်စကတည်းကနီ ဒေခေါင်ရည်စွာ အကောင်းဆုံး၊ အခုပိုင် ဖျော်ရည်တိ့ထက် ကောင်းရေ။ အားလုံးအရည်တိ့ထက် ကောင်းရေ။ ဒေထက် ကောင်းရေ အစားအစာတစ်ခုလေ့မရှိ။ အသောက်လွန်ကေတော့ မူးရေ။ ကောင်းရင်း သောက်ရင်း ကောင်းရင်းသောက်ရင်း သောက်ကေတော့ မူးဗျာလ်နင်းယာ။ ယင်းချင့် အကောင်းဆုံး ဆိုပနာ ခေါင်ရည်နန့် မိဘဘိုးဘွားတိ့ကို ပူဇော်ပါရေ။ အရင်က ရှေးထုံး နည်းလမ်းနန့်ရာ ပူဇော်ပါရေ။ ခေါင်ရည်နန့်ပဲ မိဘရိုးရာကို ပူဇော်ကေ ကျီပါရေ။ ခုံးတိ့ နတ်တိ့ကို ဒေခေါင်နန့် ပူဇော်ကေ ကျီပါရေ။ နတ်စိမ်း၊ နတ်ဝါ၊ စုန်း၊ တစ္တေ၊ မှင်စာ အားလုံးမှာ လုပ်တေ အချိန်တိုင်းမှာ ဒေခေါင် ပါရပါရေ။ ဒေခေါင်မပါကေ ဖြစ်ကို မဖြစ်။”

ခေါင်ရည်ဆိုစွာ ဆန်၊ ခေါင်သစ်ခေါက်နန့် တဆေးရို့ကို အချိုးကျရောပနာ မြေစဥ့်အိုးထဲမှာ ရက်အကြာကြီး စိမ်ထားရစွာပါ။ ခေါင်ရည်ကို စီမံပုံကိုတော့ ဆရာ ဦးမောင်နှောင်းက ခုပိုင်ပြောပါရေ။

“ဆန်လုံးတီဆန်ကို ထမင်းချက်တေ။ ထမင်းပိုင်ရာ ချက်တယ်။ တစ်ခုလဲ မထူးခြား။ ထမင်းပိုင်ချက်ပနာ အအီးခံရသိ့ရေ။ ဖြန့်ပနာ။ သူ့ကို ခေါင်ခေါက်နန့် တဆေးနန့်ချိန်ဆပနာ နှယ်ရရေ။ မျှတအောင် နှယ်ပြီးကေ ပလုံးထဲ တောင်းထဲ ဒုံထဲမှာ ထည့်ပနာ အချိန်အကြာကြီး ဆက်ထားရသိ့ရေ။ ဒေနိ့ ဆယ်နာရီ ထည့်ရေ ခေါင်ဖတ်စွာ နက်ဖြန်ခါ ဆယ်နာရီမှာ ကြည့်ရေအချိန် ဒေခေါင်စွာ ကောင်းလား ၊ မကောင်းလား ဆိုစွာ သိရေ။ ဇာပိုင်သိလဲ ဆိုကေ အရသာစွာ ထူးခြားပနာ ပူလို့ ကြွလို့ ယင်းပိုင်ရှိရေ။ မကောင်းဆိုကေတော့ မှိုတက်ပနာ အနားတောင်မကပ်နိုင်။ အစော်နံရေ။ တိုက်ကြည့်ကေ အရည်တိ့ထွက်လို့ ယင်းပိုင်ဆိုကေ ဝေးရာဝေးသတ်ပလိုက်ဖိ့။”

ယင်းပိုင် စမ်းသပ်စစ်ဆေးပနာ ကောင်းဖို့ ခေါင်ဖတ်ကို နီပူလှန်းထားပြီးသား စဥ့်အိုးမှာ ထည့်ရရေ။

“လှုပ်ရှားထည့်ရင်း လှုပ်ရင်းထည့်ရင်း လက်နန့် ဖိပနာတော့ မထည့်ရ။ ပြီးကေ ငှက်ပျော်ဖက်နန့် ဖုံးပနာရာ နှီးနန့် စည်းရရေ။ စည်းပြီးလို့ သုံးရက်ငါးရက် ခုနှစ်ရက် တစ်ပတ်လောက်ဆိုကေတော့ ပြန်ကြည့်ရေ အချိန်မှာ ပြန်ကြည့်ကေ အောင်မြင်ရေ မအောင်မြင်ဆိုစွာ သိရရေ။ အောင်မြင်ရေဆိုကေတော့ ခေါင်ဖတ်စွာ လျော့လားတတ်ရေ။ စမ်းကြည့်ကေ အီးနီရေ။ စားကြည့်ကေ ချိုရေပေါ့။” လို့ သူက ဆက်ပြောပါရေ။

ခေါင်ရည်တစ်အိုး ဖြစ်မြောက်ဖို့အတွက် မရှိမဖြစ်လိုအပ်စွာက ခေါင်ခေါက်လို့ ခေါ်ရေ သစ်ခေါက်တစ်မျိုးပါ။ ယင်းချင့် သစ်ခေါက်ကို တောတိ့ထဲမှာ လိုက်ရှာပနာ အခြောက်လှန်း၊ အမှုန့်လုပ်ရပါရေ။ ခေါင်ခေါက်အမှုန့်နန့် အတူတူ ရောစပ်ဖို့ တဆေးကိုလည်း ကြိုပနာ စီစဉ်ထားရပါရေ။

“တဆေးရဖို့က ဆန်ကို အမှုန့်ထောင်းရေ။ ယင်းအမှုန့်ထဲမှာ ရိုးရိုးငရုတ်သီးထည့်ရေ။ ချင်းကိုထည့်ရေ။ ခရမ်းကစော့ အခါးအသီး၊ အသီးမရကေ အရွက်၊ မရကေ အမြစ်။ ယင်းချင့်တိ့ ထည့်ရေ။ ထည့်ပနာ ထောင်းရရေ။ ထည့်ပနာ နီပူလှန်းရရေ။ ယင်းချင့်နန့် ချက်ကေ တဗျင်းကောင်းလားရေ။” လို့ ဦးမောင်နှောင်းက ဆိုပါရေ။

ခေါင်ဖတ်ကို အိုးထဲမှာ တစ်လနီးပါးလောက် စိမ်ထားပြီးရေ အချိန်မှာတော့ ပြင်ပနာ သောက်သုံးလို့ရရေ ခေါင်အိုးတစ်လုံး ရပါဗျာလ်။ သောက်သုံးဖို့ အချိန်မှာ ခေါင်ဖတ်စိမ်ထားရေ အိုးထဲကို ရပူအသာချေ လောင်းချပနာ ငှက်ပျောဖတ်နန့် အုပ်ရရေ။ ပလူတံလို့ ခေါ်ရေ ဝါးပိုက်ချေကို ငှက်ပျောဖတ်အထက်က အိုးအောက်ခြေထိ စိုက်ထည့်ပနာ အိုးပြည့်ရေအထိ ရအီးဖြည့်ပနာ ခေါင်ရည်ကို ပလူတံနန့် စုပ်၊ သောက်သုံးလို့ ရရေပိုင် ပိုက်နန့် စုပ်ထုတ်ပြီးမှ ဘူးသီးခါးခြောက် ခေါင်အိုးမှာထည့်ပနာ သောက်ရရေအခါလည်း ရှိရေ။ အချို၊ အခါးနန့် စူးရှရှ အရသာ သုံးခု ညီနီမှရာ ခေါင်ရည်ကောင်းရည်လို့ ဦးမောင်နှောင်းက ပြောပါရေ။

“ အသာချေ ရပူထည့်ပနာ ဖက်နန့် သေသေချာချာ အသာချေ အုပ်၊ ပလူတံချေ အသာချေ့စိုက်။ သောက်တေအခါမှာလည်း အသာချေသောက်။ ခေါင်ရည်ကို သောက်ကြည့်လိုက်တေ့အခါ ချိုရေ။ ချိုရဖို့။ ငေါက်ရဖို့။ အချိုအငေါက် အခါးအရသာ သုံးမျိုးနန့် ညီညွတ်ရေ။”

ခေါင်ရည်ကို နီ့စိုဉ် လူမှုဆက်ဆံရေးမှာ အသုံးချရေပိုင် ရိုးရာအစဉ်အလာအရ ဆောင်ရွက်ရရေ မင်္ဂလာပွဲ၊ မိဘ ဘိုးဘွား ပူဇော်ပွဲ၊ စုန်း၊ နတ်ပသပွဲ၊ ကောက်သစ်စားပွဲတိ့ကအစ အသုဘအခမ်းအနားအထိ မပါမဖြစ် ထည့်သွင်းရပနာ သောက်သုံးရရေ နီရာမှာလည်း စည်းကမ်းချက်တိ့ ရှိပါရေ။ လောက်တူ ချင်းတိုင်းရင်းသားတိ့မှာ ကိုယ့်ထက် အသက်ကြီးရေ ဘိုးဘွား၊ မိဘ၊ အကိုအမကြီးရို့ကို လိပ်ပြာကြီး သားသမီး မြီးမြစ်တိ့၊ ညီညီမတိ့ကို လိပ်ပြာငယ်လို့ သတ်မှတ်ကတ်ပနာ ခေါင်ရည်ကို တည်ခင်းရေ နီရာမှာတော့ ဆွေမျိုးတော်စပ်မှု လိပ်ပြာကြီးငယ် သတ်မှတ် စည်းကမ်းအတိုင်း သောက်သုံးရရေလို့ ဦးမောင်နှောင်းက ဆိုပါရေ။

“ဒေအိမ်မှာ ခေါင်ရည်ကို မသောက်အပ်။ ဇာဖြစ်လို့လဲ မသောက်အပ်ဆိုကေ အဖိုးက ဒေပိုင်၊ အဘောင်က ဒေပိုင်။ သူ့အမိနန့် ကျွန်တော့်အမိက ဒေပိုင်ရှိရေ။ ကျွန်တော်မသောက်ရဲ။ မိဘ ခေါင်ရည်ကို အပြန်ကြီး မသောက်နိုင်။ ယင်းပိုင် အပြန် မသောက်ရအောင် ဇာပိုင်လုပ်ရဖို့လဲဆိုစွာ လူကြီးတိ့နန့် ပြန်ပနာ တိုင်ပင်ရရေ။”

တကယ်လို့ ဆွေမျိုးတော်စပ်ပုံအရ လိပ်ပြာကြီး ခေါင်ရည်ကို လိပ်ပြာငယ်လူက မဖြစ်မနီ သောက်ရဖို့အကြောင်း ပေါ်လာခရေဆိုကေတော့ လျော်ကြေးအနေနန့် ပီးပနာ သောက်ရရလို့ သူက ဆိုပါရေ။

“သူ မိဘ ဘိုးဘွားခေါင်ရည် လိပ်ပြာကြီးရေ ခေါင်ရည်ဆိုစွာနန့် သူမသောက်ရဲဗျာလ်။ အခု သူ့မယားနန့် နင်နန့် ညီအစ်မဖြစ်တယ်ဆိုကေတော့ သောက်ပီးလိုက်ပါ။ လျော်ကြေးနန့်။ လှံနန့်၊ ဘီးနန့်။ ဘီးလဲ သုံးဆယ့်သုံးသိန်းလောက်တန်လား မသိ့။ ယင်းချင့်ကို ခေါင်းမှာ တပ်ပနာရာ သောက်လို့ရရေ။ လျော်ကြေးပီးပနာ သောက်တယ်။”

ဒေပိုင် လျော်ကြေးပီးရပြီးမှ သောက်ရရေ ဆိုကေလေ့သင့် တန်ဖိုးကို လိုချင်လို့ မဟုတ်ဘဲ ရိုးရာအစဉ်အလာကို လေးစားရေအနေနန့်ရာပီးရစွာပါ။

“ယင်းချင့်တန်ဖိုးရှိလို့ မဟုတ်။ နောက်တစ်ခါ အသိအမှတ်မပြုရေ အကြောင်းအရာတိ့ကို ပြန်ပနာ ပြောနိုင်ဖို့အတွက် ဒေခေါင်ရည်မှာ ပြဿနာစွာ အများဆုံးရှိရေ” လို့ ဦးမောင်နှောင်းက ဆိုပါရေ။

ယင်းအပြင် အချေမွီးစွာ သီဆုံးစွာတိ့အတွက်လည်း ခေါင်ရည်နန့်ရာ သန့်စင်အောင် ကင်ပွန်းပီးရပနာ အစဉ်အလာပျက်ကေတော့ ထိခိုက်စွာတိ့ ဖြစ်တတ်တေလို့ ဆိုပါရေ။

“ကင်ပွန်းမမိရအောင် ဒေခေါင်နန့် ကျေပါစီလို့ မွမ်းမံ ပြောဆိုပြီးခါမှ သားဖွားရေ ဆရာမကို ဒေ ခေါင်မှာတည်ပနာ သောက်ရေအချိန်မှာ ဇာပိုင်သောက်ရလေ့ ဆိုကေ ဒေခေါင် သောက်ရစွာသည် ဒေအိမ်မှာ သားဖွားလို့၊ သားကောင်းရတနာ ၊ သမီးကောင်းရတနာ ဖွားမြင်ပနာ စိန်ရွှေရတနာ ကျောက်သံ ပတ္တမြားနန့် အတူ ဖြစ်ပါစီသားလို့ ဓိဌာန်မွမ်းမံပနာ သောက်တေအခါ နတ်လဲကြားရေ။ စုန်းကလဲ ကြားရေ။ ကြားရေအခါ သူ့မှာလဲ ကင်ပွန်းကျီရေ။ လုပ်ချင်ပိုင်လုပ် တစ်ခုလေ့မဖြစ်။ ယင်းပိုင်မလုပ်ခကေတော့ ကိုင်းက ဆီးတိ့ အားလုံး နူးလာရေ။ အသီးအရွက်တိ့ အားလုံး ပြုန်းလားရေ။ မရ”

မီးဖွားချိန်မှာ မထိရ မကိုင်ရစွာ၊ မကျော်မနင်းရစွာတိ့ကို အမှတ်တမဲ့ လုပ်မိရေဆိုကေလေ့ ကင်ပွန်းမိရေလို့ သတ်မှတ်ပနာ ကင်ပွန်းကျီအောင် ခေါင်ရည်နန့် ကင်ပွန်းသီးရည်ကို ရောပနာ ပက်ဖျန်းလို့ ကင်ပွန်းခြေပီးရပါရယ်။

“ကင်ပွန်းရာမိရေဆိုကေတော့ ယင်းပိုက်မှာ တစ်ခုငါးလဲ မကျ။ ကိုင်းထောင်လဲ မကျရာ။ ကင်ပွန်းမိဗျာလ်လေ။ ယင်းကင်ပွန်းကို ဇာနန့် ဖြေရလဲ ဆိုကေ ကင်ပွန်းသီးချေကို ရီနန့် ဖျော်ပနာ ဒေနိ့ ဒေရက်ကစပနာ ခေါင်ရည်နန့် ကျီပါစီလို့ ပိုက်မှာ ဖြန်းပီးလိုက်လို့ရှိကေ ငါးစွာ မကန်အောင် ပြန်ရရေ အယူထုံးစံ ရှိရေ။”

အလည်လာရေ သာမန် မိတ်ဆွေအပေါင်းအသင်းရို့ကို ဧည့်ခံရေအချိန်မှာ ထူးထူးခြားခြား သတ်မှတ်တေ စည်းကမ်းတိ့ မရှိကေလေ့သင့် ရိုးရာ အစဉ်အလာအတိုင်း တည်ခင်းရေ အချိန်မှာတော့ သတ်မှတ်တေ နီရာ၊ သတ်မှတ်တေ စည်းကမ်းအတိုင်း သောက်သုံးရရေလို့ ဆိုပါရေ။ ခေါင်အိုး အလည်ခေါင်တည့်တည့်မှာ ပန်းတိုင် လို့ခေါ်ရေ အမှတ်အသားဝါးတံချေ ထိုးစိုက်ရပနာ ညာဘက် ဘယ်ဘက် ခွဲပနာ သောက်ရရေ။

မှားယွင်းမှု ရှိခကေတော့ ပဆန်းဆရာလို့ ခေါ်ရေ ကျေးရွာက နတ်ဆရာကြီးက ဆုံးမပနာ ကျီအီးပီးရရေလို့ ဆိုပါရေ။

“မိဘအိမ်မှာ အလည်လားရေ ခေါင်ဘူးချေပါလားစွာကို ယောက္ခမတစ်ခွက် သားမက်တစ်ခွက် ယင်းပိုင်မသောက်ရ။ ယောက်ခမ သောက်ပြီးစွာနန့် သားမက်သောက်စွာ ယင်းချင့်မှားရေ။ နောက်တစ်ခါ မသောက်ကေ့ တစ်ခါလေ့သင့်။ ဇာအချက်မှာ ဇာလူမှားရေ။ ယင်းပုံစံ မမှားကတ်ဖို့ရာ ယင်းပိုင် ရိုးရာနန့်ရာ ဖြေသိမ့်ကတ်တေ။”

ခေတ်ကာလတိ့ ပြောင်းလာကေလေ့ ခေါင်ရည်လုပ်တေ နည်းစနစ်၊ တည်ခင်းရေ ဓလေ့ထုံးစံတိ့ကတော့ မပြောင်းမလဲဘဲ ရှိနီဆဲပါ။ ကိုယ့်အိမ်ကို အလည်လာရေ အာဂန္ဓုတိုင်းကို ခေါင်ရည်တည်ခင်း ဧည့်ခံပနာ ဝါးပိုက်တံ တစ်ခုတည်းမှာ အတူတူစုပ်ရင်း ချစ်ခင်ရင်းနှီးမှုနန့် အပြန်အလှန်လေးစားချစ်ခင်မှုကို ရှိရေလို့ လောင်တူချင်းလူငယ် ကိုထွေးမြင့်က ပြောပါရေ။

“ ခေါင်ရည်ဆိုစွာ သဘာဝ သစ်ဥသစ်ဖုတိ့နန့် လုပ်ထားစွာဆိုရေအတွက် တိုင်းတစ်ပါးက လာရေ အရက်တိ့ထက် စာကေတော့ ကျန်းမာရေးထိခိုက်မှု နည်းပါးပါရေ။ ခေါင်ရည်သောက်တေ အချိန်မှာ တစ်ယောက်နန့် တစ်ယောက် ညီအစ်ကို မောင်နှမတိ့ပိုင်ရာ အဝီးက သူငယ်ချင်းတိ့နန့် ကျေးရွာက သူငယ်ချင်းတိ့နန့် ပေါင်းပနာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နန့် ဝိုင်းဖွဲ့နာ သာရေးနာရေး ကျွန်တော်ရို့ လူ့ဘဝ ခံစားနီရရေ အပိုင်းတိ့မှာရော ဆွေးနွး ချစ်ခင် သောက်သုံးကတ်ပါရေ။

ပဆန်းဆရာကြီး ဦးမောင်နှောင်းကတော့ အဂန္ဓုတိ့ကို ခေါင်ရည်နန့် ဧည့်ခံရင်း ခေါင်ရည်တိ့အကြောင်း ရှင်းပြနီရင်းနန့် လောက်တူချင်းလူမျိုးတိ့ ရှိနိသမျှ သူရို့ ခေါင်ရည် သုံးဆောင်မှု ဓလေ့စွာလဲ တည်မြဲနီဖို့သိ့လို့ ပြောပါရေ။ သူ့သားသမီးတိ့ အိမ်ထောင်ကျကေလေ့ ဒေပိုင်ဗျာလ် ဓလေ့ထုံးစံ လုပ်ရဖို့လို့ ဆိုပါရေ။ သူ အိမ်ထောင်ကျခါစက ယောက်က္ခမအိမ်ကို အရိုအသေပီးဖို့ လားရေအချိန်မှာ ဆိုခရေ တေးခင်းကို ဆိုပြနီယင်း သီလားခရေ မိဘ ဘိုးဘွားတိ့ကို လွမ်းဆွတ်နီပါရေ။

“ခေါင်မူးလို့ ရှိကေ ရန်မဖြစ်ဖို့၊ ရန်မဖြစ်ဖို့ကို ကြိုးစားပနာ ရိုးရိုးသားသား ယိုင်ယိုင်ကျကျေးနန့် သောက်ကတ်ဖို့ စားကတ်ဖို့ လူရို့ကို တောင်းပန်ရေ တေးခင်းဖြစ်တေ။ ညီအစ်ကို မောင်နှမ အစုနန့် ဆွေမျိုးစုံညီ ခေါင်က ငယ်ကေလေ့သင့် လူအများနန့် သောက်ကတ်ဖို့ ဆိုရေ တေးခင်းဖြစ်ပါရေ။” လို့ ဦးမောင်နှောင်းက ဆိုပါရေ။

 689 total views,  1 views today