ရိုးမရေဒီယိုမဂ္ဂဇင်း

ရန်ကုန်၊ ဇူလိုင် ၁၂ ရက်။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြီလားခကတ်တေ မြန်မာနိုင်ငံက ဒုက္ခသည်တိ့ကို မူလနီရာကို ပြန်ပို့နိုင်ဖို့ လုပ်ငန်းစတင်နိုင်ဖို့အတွက် ကျွမ်းကျင်သူအဖွဲ့တစ်ခုကို စီလွှတ်လားဖို့လို့ ကုလသမဂ္ဂက ပြင်ဆင်နီဗျာလ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ UNDP ဒေသဆိုင်ရာအကြီးအကဲက ဇူလိုင် ၁၂ ရက်နိ့မှာ ပြောကြားလိုက်ပါရေ။

၂၀၁၇ ခုနှစ် သြဂုတ်လကနိ ဖြစ်ပေါ်ခရေ ရခိုင်မြောက်ပိုင်းက ပဋိပက္ခတိ့ကြောင့် ထွက်ပြီး တိမ်းရှောင်နီရသူတိ့ကို ပြန်လာဖို့ ပြန်လည်လက်ခံရေးလုပ်ငန်းတိ့ကို အဆင့်ဆင့် ဆောင်ရွက်နီပြီးကေ ဒုက္ခသည်တိ့ကို ပြန်ပို့ဖို့ လုပ်ငန်းတိ့အတွက် UNDP ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR နန့် မြန်မာ အစိုးရရို့အကြား မေလကုန်မှာ နားလည်မှုစာချွန်လွှာ MoU တစ်ရပ်ကို လက်မှတ်ရီးထိုးထားစွာပါ။

ယေလေ့သင့် လက်တွီ့ဆန်းစစ်မှုတိ့ကို မစခင်မှာ ကနဦး လုပ်ငန်းအစီစဉ်တစ်ရပ်ကို အစိုးရနန့် ညှိနှိုင်းချမှတ်ဖို့ လိုနိသိ့ရေလို့ UNDP အကြီးအကဲ Xu က ပြောပါရေ။

အခုလားဖို့ ကုလသမဂ္ဂအဖွဲ့စွာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နီထိုင်ကတ်တေ ဒုက္ခသည်တိ့နန့် တခြားဒေသခံ ၂၀၀,၀၀၀ ကျော် ရို့ လိုအပ်ချက်ကို ဆန်းစစ်ဖို့အတွက်လည်း ဖြစ်ပါရေ။

 415 total views,  1 views today