ရိုးမရေဒီယိုမဂ္ဂဇင်း

ရန်ကုန်၊ ဇူလိုင် ၁၆ ရက်။ ။ ရန်ကုန်အဝီးသင်တက္ကသိုလ်ကနိ သီးခြားဌာနခွဲတစ်ခုအဖြစ် ဖွင့်လှစ်သင်ကြားပီးလားဖို့ မောင်တောခရိုင် အဝီးသင်ဌာနခွဲမှာ တက်ရောက်ဖို့ဆိုပနာ စာရင်းပီးထားလူ ၁၀၀ ကျော်လောက် ရှိနိဗျာလ်လို့ မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောပါရေ။

“သူရို့မှာ အထောက်အထားတိ့ မစုံသိ့လို့နီပါဖို့။ လျှောက်လွှာ ဇာနိ့ပိတ်ဖို့ဆိုစွာတော့ မရှိသိ့ပါ။ လျှောက်လွှာယူဖို့အတွက် စာရင်းပီးထားစွာက ဘူးသီးတောင်နန့် မောင်တောပေါင်းပနာ အားလုံး ၁၀၀ ကျော်လောက်ရှိပါရေ။ သူရို့က လျှောက်လွှာယူဖို့ရာ စာရင်းပီးထားစွာပါ။ လျှောက်လွှာလာမယူကတ်ပါသိ့။”

တင်သွင်းလာရေ လျှောက်လွှာတိ့ကို စိစစ်ဖို့ မောင်တော ခရိုင်ပညာရေးမှူးရုံးကနိ စစ်တွေတက္ကသိုလ်ကို ပီးပို့ရဖို့ ဖြစ်ပါရေ။

ယင်း အဝီးသင်ဌာနခွဲမှာ မြန်မာစာအထူးပြုနန့် သမိုင်းအထူးပြု ဘာသာရပ် ၂ ခုကိုရာ သင်ကြားပို့ချပီးလားဖို့ ဖြစ်ပနာ နိုဝင်ဘာလ အနီးကပ်သင်တန်း ပို့ချစွာနန့် စာမေးပွဲ စစ်ဆေးစွာ၊ အဖြေလွှာပြုစုစွာတိ့အတွက် ရန်ကုန် အဝီးသင် တက္ကသိုလ်က ဆရာဆရာမတိ့က လာပနာ ပြကတ်ဖို့ ဖြစ်ပါရေ။

လက်ရှိမှာ ပညာသင်ကြားဖို့ ကျောင်းသားတိ့ဘားကနိ စာရင်းကောက်ယူစွာနန့် သင်ထောက်ကူ ပစ္စည်းတိ့ကို ပံ့ပိုးပီးလားဖို့ လုပ်ဆောင်နီရေလို့ အဆင်မြှင့် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါရေ။

“ မြန်မာစာနန့် သမိုင်းကိုရာ သင်ဖို့စွာဖြစ်လို့ နိုဝင်ဘာလကနီ အနီးကပ် ၁၀ ရက်သင်ပနာ စာမေးပွဲစစ်လားဖို့။ အဂုကတော့ သူရို့ဘားက စာရင်းတိ့ယူတယ်။ သူရို့အတွက် သင်ထောက်ကူပစ္စည်းတိ့ ပံ့ပိုးဖို့ လုပ်နီရေ။ ကျွန်တော်ရို့ ကွင်းဆင်းကြည့်ပြီးပါယာ။ စာသင်စွာက မောင်တောခရိုင် ပညာရေးမှူးရုံးမှာ သင်ဖို့စွာပါ။”

ယင်းအပြင် ၂၀၁၇ ခုနှစ်က စပနာ ဖွင့်လှစ်ခရေ စစ်တွေမြို့က သက္ကေပြင် အဝီးသင်ဌာနခွဲမှာ အဂုနှစ် ပညာသင်ကြားဖို့ စာရင်းသွင်းထားပြီးလူ ၁၆ ယောက် ရှိပနာ၊ ယင်းထဲက ပြီးခရေနှစ်က ယင်းဌာနခွဲက အောင်မြင်ခရေ ဒုတိယနှစ် တက်ရောက်ဖို့ ၆ ယောက်နန့် ပထမနှစ် တက်ရောက်ဖို့ ၁၀ ယောက် ရှိနီပါရေ။

 428 total views,  1 views today