ရိုးမရေဒီယိုမဂ္ဂဇင်း

ဂျာမနီနိုင်ငံမှ အထူးကုဆရာဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်းရှိ လည်ပင်ကြီး၊ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ အ ဆီကျိပ်၊ မီးလောင်ဒဏ်ရာနှင့် ခြေပူးလက်ပူးစသည့် ရောဂါဝေဒနာရှင်များကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ထိ ၁၃ ရက်တိုင်တိုင် အခမဲ့ လာရောက်ခွဲစိတ်ကုသပေးသွားမည် ဖြစ်သည်။

ထိုအစီစဉ်ကို အလိုတော်ပြည့်ဆရာတော်ကြီး၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ ကမကထပြုလုပ်ကာ ရခိုင် ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုနှင့် စစ်တွေမြို့ခုတင် ၅၀၀ ဆန့် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ပြုလုပ်သွားမည်လည်း ဖြစ် သည်။

ထိုသို့ ဂျာမနီမှ ဆရာဝန်ကြီးများ ရခိုင်ပြည်နယ်သို့ အခမဲ့ လာရောက်ကုသပေးခြင်းမှာ ၆ ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး ယခင်က တစ်ကြိမ် စီလျှင် လူနာ ၁၅၀ ခန့်ကို ခွဲစိတ်ပေးနိုင်ခဲ့ကာ လက်ရှိတွင် စာရင်းပေးသွင်းထားသူ ၂၅၀ ဝန်းကျင် ရှိနေပြီဟု သိရသည်။

ခွဲစိတ်ကုသမှု လာရောက်ခံယူကြမည့် လူနာများနှင့် လူနာစောင့်များကို စစ်တွေမြို့ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက် တွင် တည်းခိုခွင့်ပြုထားသလို စားဝတ်နေရေးကိုလည်း တာဝန်ယူသွားမည်ဖြစ်ကြောင်း ဆိုသည်။

စာရင်းပေးသွင်းထားသည့် လူနာများအနေဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့အထွေထွေဆေးရုံးကြီးတွင် ဆေး မှတ်တမ်း သွားရောက်ယူရမည် ဖြစ်ကြောင်းနှင့် လာရောက်ပြသသည့် လူနာများအနက်မှ အထူးကုရောဂါအနေဖြင့် ဦးနှောက်နှင့် ပတ်သတ်ပြီး ခွဲစိတ်ကုသရမည့် ဝေဒနာရှင်များကို ရန်ကုန်မြို့သို့ သွားရောက်ကုသမှု ခံယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 512 total views,  1 views today