နိုဝင်ဘာလ ၁၅ ရက်။ နိုဝင်ဘာလ ၁၁ ရက်နီ့မှ ၁၈ ရက်နီ့ထိကို ကမ္ဘာတစ်ဝှမ်းမှာရှိရေ စွန့်ဦးတီထွင် လုပ်ငန်းရှင်တိက ကမ္ဘာ လုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week) လို့ သတ်မှတ်ပြီးပနာ အခမ်းအနားတိ ကျင်းပ လာစွာ နှစ်တော်တော် များများ ကြာခယာ ဖြစ်ပါရေ။

အခုနှစ်မှာ ကျရောက်ရေ ရက်သတ္တပတ်မှာလည်းပဲ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံက မြို့နယ် အချို့မှာလည်း နိုဝင်ဘာလ ၁၅ ရက်နီ့က တစ်ပြိုင် နက်တည်း ကျင်းပခဲ့ကြစွာ တွီ့ရပါရေ။ ယင်းပိုင်ပဲ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ရခိုင်လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်တိ့ အသင်းက ဦးဆောင်ပနာ “လူငယ်အရင်း အမြစ်ဖြင့် ရခိုင်ပြည် စီးပွားရေးကို ဇာပိုင်တည်ဆောက်မှာလဲ” ဆိုရေ ခေါင်းစဉ်နဲ့ အခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့ပါသေးရေ။

“ဖေ့သာရှိမှ ဖေ့သာရှာလို့ရရေဆိုရေ အစွဲတိရှိကတ်ရေ။ မှားပါးရေ။ ဖေ့သာစွာ အတွေးထဲက လုပ်ယူလားစွာ။ အတွေးထဲက ဖြစ်ရေ။ ယင်းချင့်ကို အတွေးထဲကပဲ ပြန်ပနာ စီမံခန့်ခွဲရေ။ တစ်ဆမြင့်လာရေ။ နှစ်ဆမြင့်လာရေ။ အမြတ်တိ ပါနီပြီးသား ဖြစ်ရေ။ ဖေ့သာစွာ အရေးကြီးရေ ကိစ္စတစ်ခုအနီနဲ့ ကိုယ့်အတွေးက အမြန်ဆုံး အရေးကြီးရေလို့ ထင်ရေ။” ဟု စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းတိနဲ့ ပတ်သတ်ပနာ ယင်းအခမ်းအနားမှာ စွောပြောခရေ ရခိုင်စီးပွားရေးဦးဆောင်အများပိုင် ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဌ ဦးမောင်မောင်ကြီးက လူငယ်တိကို တိုက်တွန်းပါရေ။

နောက်ပြီးကေ လူငယ်တိအနီနဲ့ စီးပွားရေး လုပ်ကိုင်ကြရေအခါမှာ ထိုးဖောက်ရေ သတိရှိဖို့ အရေးကြီးကြောင်းနဲ့ တစ်ယောက် တည်း မလုပ်နိုင်ရေ ကိစ္စရပ်တိကို အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ဆောင်ရွက်ကေ ပိုပြီး အောင်မြင်မှုရကြောင်းလည်း တိုက်တွန်းခပါရေ။ အခမ်းအနားမှာ ရခိုင်လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်းများအသင်းဝင် လူငယ်တိအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်း ရင်းသားရေးရာဝန်ကြီးနဲ့ တကွ စီးပွားရေးလုပ်ငန်းရှင်တိ၊ ဌာနဆိုင်ရာတိနဲ့ စီးပွားရေးကို စိတ်ပါဝင်စားရေ လူငယ်တိလည်း တက်ရောက်ခကတ်ပါရေ။

ရခိုင်ပြည်နယ်မှာ ပြုလုပ်ခရေ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်အခမ်းအနားစွာ အခုနှစ်မှာဆိုကေ ဒုတိယ အကြိမ်ရှိဗျာလ်လည်း ဖြစ်ပါရေ။

 430 total views,  1 views today