ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၏ မြစ်ကမ်းဘေးတစ်လျှောက်မှာ ငါးရှာပြီးကေ ရီလုပ်ငန်းနဲ့ တပိုင်တစ်နိုင် အသက်မွီးဝမ်းကျောင်းပြုသူတိ အများကြီး ရှိပါရေ။ ဒီလုပ်ငန်းတိစွာ တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်လို့ရစွာ မဟုတ်ရေအပြင် ယောက်ျားနဲ့ မိန်းမ အလုပ်တာဝန်တိ ကိုယ်စီခွဲပြီးကေ လုပ်ကိုင်ရကပ်စွာ ဖြစ်ပါရေ။

မိုးထဘက်ဆိုကေ အမျိုးသားတိက ငါးရှာထွက်ကပ်ရပါရေ။ ယင်းပိုင်ငါးရှာထွက်ပြီးကေ ရလာရေ ငါးတိကို အမျိုးသမီးတိက ငါးအရွယ်အစားအမျိုးစားအလိုက်ရွီးထုတ်ပြီးကေ အခြောက်လှမ်းရေအလုပ်ကို လုပ်ကိုင်ကပ်ရပါရေ။

“ပုဇွန်စူးထိုးရေ။ ဂဏန်းချေတိ ထိုးရေ။ ယင်းပိုင် အထိုးခံရတော့ကေ ကိုက်ခဲရေ။ နိန်မကောင်းဖြစ်ခါရှိရေ။ ငါးရွီးထုတ်ရရေ။ ပုဇွန်ပြုတ်တေ။ ပုဇွန်လှမ်းရေ။ ရီခပ်ရရေ။ ထမင်းချက်ရရေ။ ယချင့်တိ လုပ်ရရေ။”လို့ ငါးလုပ်ငန်းကိုင်သူ ဒေါ်လှလှသိန်းက ပြောပြပါရေ။

အသက်သုံးဆယ်ကျော်အရွယ် ဒေါ်မိုးဝင်းကတော့ခါ ကျောက်ဖြူမြို့နယ် စက်တောကျေးရွာကပါ။ အိမ်ရှင်ဖြစ်သူနဲ့အတူ ဒေရီလုပ်ငန်းကို လုပ်ကိုင်လာစွာ ဆယ်နှစ်ကျော် ရှိနိန်ပါယာ။ ယကေလေ့ ရီလုပ်ငန်းကို  စပြီးကေ လုပ်ကိုင်ချိန်ကတော့ခါ ဖေသာရင်းနှီးဖို့ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခရရေလို့ ပြောပါရေ။

“ငါးလုပ်ငန်းလုပ်စွာ ၁၀၊ ၉ နှစ်လောက်ရှိယာ။ ကိုယ့်မှာမရှိရေခါ လူဘားက ချီးပြီးကေ လုပ်ရရေ။ မောင်မှာရှိကေ မောင်ဘားက ချီးရေ။ မတ်မှာရှိကေ မတ်ဘားက ချီးရေ။ ယင်းချင့်ကို အရင်းအနှီးလုပ်တေ။ ယင်းပိုင်လုပ်လာရေ။ လုပ်လာကေ နောက်ပိုင်း ကိုယ့်စွာကို ဖြစ်လာရေ။ ပုံမှန်ဝင်ငွေ မရှိ။ ဒေတစ်ကြိမ်မှာ တစ်ပိဿာ ရချင်ကေရလိုက်တေ။ ငါးဆယ်ကျပ်ဿား ရချင်ကေရလိုက်တေ။ အချိန်ကလည်း ပုံမှန်မရှိ။”

သူရို့တိဆိုစွာ ဒေနိန်ရာမှာ အခြီချနိန်ထိုင်ကပ်စွာကတော့ခါ မဟုတ်ပါ။ တစ်လနှစ်ကြိမ်။ ဖြားအတက်အကျပေါ် မူတည်ပြီးကေ ဖြားတက်ချိန်မှာဆိုကေ အေနေရာမှာ ငါးလာဖမ်းကပ်ပြီးကေ ဖြားကျချိန်မှာတော့ခါ အိမ်ပြန်လေ့ရှိကပ်ပါရေ။

“တခေါက်မှယ တစ်သိန်းကျော်၊ တစ်သိန်းလောက်ရရေ။ မိုးရာသီမှာတော့ခါ ပုံမှန်တွက်လို့ မရ။ မိုးရာသီဆိုကေ နှစ်သိန်းရခါလည်း ရရေ။ သုံးသိန်းရခါလည်း ရရေ။”လို့ အိမ်ရှင်နဲ့အတူ လာရောက်လုပ်ကိုင်နိန်ရေ ဒေါ်လှသိန်းချေက ပြောပါရေ။

ယပြီးကေ သူရို့တိ ဝင်ငွေ့လည်း ဖြားအတက်အကျပေါ် မူတည်စွာဖြစ်လို့ ပုံမှန်တော့ခါ မရှိပါ။ ဝင်ငွေ ကောင်းရေ အချိန်တိရှိရေပိုင် ဝင်ငွေမကောင်းရေ အချိန်တိလည်း ရှိပါရေ။ မြစ်တိ၊ ချောင်းတိထဲက ရှာလို့ရလာရေ ငါးတိထဲက တချို့ကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ပြီးကေ တချို့ကို အခြောက်လှမ်းပနာ ဖောက်သည်တိကို ရောင်းကပ်ပါရေ။

“ဒေကရရေ ငါးပုဇွန်တိကို အိမ်ရောက်ကေ ချက်စားရေ။ အများရကေ ရောင်းရေ။ ပုဇွန်တိကိုကျကေ ဝယ်ဖို့လူရှိရေ။ လာဝယ်ကပ်တေ။ ကုန်သည်တိကိုရောင်းရေ။ ဒေရာသီက ပိုဆိုးရေ။ ဆောင်းတွင်းကျကေ ငါးရှာမရ။ မလုံလောက်။ မိုးရာသီဆိုကေတော့ ကိုယ့်သား၊ သမီးတိနဲ့ လုံလောက်တေ။”လို့ ဒေါ်မိုးဝင်းကပြောပါရေ။

ဒေလုပ်ငန်းတိဟာ နွေရာသီတစ်ခုတည်းကိုရာ အားထားလုပ်ကိုင်ကပ်ရစွာဖြစ်ပြီးေက မိုးရာသီနဲ့ အဂုပိုင် ဆောင်းရာသီတိမှာဆိုကေ အလုပ်ပါးလို့ မိသားစုဝမ်းရေး ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းဖို့က လွယ်တော့ မလွယ်ကူကပ်ပါ။

“မလောက်။ ဒေတကြိမ်ဆိုကေ နှစ်သောင်းယာရရေ။ ပုဇွန်တစ်ပိဿကို နှစ်သောင်းတောင်မရ။ တစ်သောင်းနဲ့ ကိုးထောင်ယာရရေ။ ဟိုချင့်ချေ အေချင့်ချေတိကိုရောင်းကေ နှစ်သောင်း၊ သုံးသောင်းလောက်ယာရရေ။ ဆိုကေ သားသမီးနဲ့ မလုံလောက်။ သား၊ သမီးကျောင်းတက်နိန်လို့ ထားပခရရေ။ အိမ်နားဝန်းကျင်ကလူနဲ့။ အမိနဲ့ အဖက ဒေကိုလာလုပ်ရရေ။ ယပိုင် ဒုက္ခခံရရေ။” 

မိသားစုစားဝတ်နိန်ရေးအဆင်မပြေ ဝင်ငွေရရှိမှုနည်ရေအခါ တခြားလူတိဘားမှာ နိစားလုပ်ပြီးကေ မိသားစုဝမ်းရေး ဖြေရှင်းနိန်ရရေ အမျိုးသမီးတိလည်း ရှိကပ်တေပိုင် သား၊ သမီးတိကို ပညာကောင်းကောင်း သင်နိုင်ဖို့အတွက်က သူရို့အတွက် ကြီးမားရေ အခက်အခဲတစ်ခုပါ။

“အလုပ်မလုပ်ရကေ မိသားစုစားဝတ်နိန်ရေးအတွက် ဇာပိုင်လုပ်လဲဆိုကေ ဒေအခင်ငှားကေ ဒေအခင်ဘားကို အငှားလိုက်တေ။ တစ်ရက်ကို ငါးထောင်ဆိုငါးထောင်၊ နှစ်ထောင်ဆိုနှစ်ထောင်။ လင်မယားနှစ်ယောက် ယပိုင် ရုန်းကန်စားရရေ။ သား၊ သမီးကတစ်ယောက်ရှိရေ။ ကိုယ့်မှာ အမိမရှိကေလေ့ ကျန်ရေ ညီအစ်ကို မောင်နှမတိကို ရှာကျွေးရရေ။ လုပ်ပီးရရေ။ အကြီွးကရှိရေ။ ဂုလည်း ရွာမှာလည်းရှိရေ။ စက်မောင်းဖို့ ဓာတ်ဆီကိုတောင် အကြီွးဝယ်မောင်းရရေ။ အဂုတခေါက်မှာ တစ်ပိဿယာရစွာ။ ဆိုကေ တစ်ပိဿနဲ့ အကြီွးမကျီ။ ရခါဆပ်လိုက်၊ မရခါမဆပ်လိုက်ရ။ ယပိုင် ရုန်းကန်စားနိန်ရစွာ။”

ဗုဒ္ဓဘာသာဝင်တိ၏ ထုံးတမ်းအရ သူတစ်ပါးအသက်ကိုသတ်ပြီးကေ ဝမ်းစာရှာစွာရေ အကုသိုလ်ဖြစ်တယ်ဆိုပြီးကေ သတ်မှတ်ထားကပ်ကေလေ့ မိသားစုဝမ်းရေးအတွက် မဖြစ်မနိန်လုပ်ကိုင်နိန်ကပ်ရစွာေကြာင့် ရလာရေဝင်ငွေထဲက တချို့ကို အလှူအတန်းတိမှာ ပြန်လို့သုံးကပ်တေလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ဒေါ်ခင်လှရီ က ပြောပါရေ။

“ငရဲကျကေလည်း လုပ်စားရစွာယာ။ လုပ်မစားကေ သား၊ သမီးကို စာသင်ဖို့၊ ကိုယ့်ကိုယ်လည်း သုံးစားဖို့ လူမှုရေးလည်း လားဖို့။ အေချင့်ကို မလုပ်ကေ မစားရ။ ဇာကရလို့ စားရဖို့လဲ။” 

ဒေမြစ်ကမ်းကို မှီခိုပြီးကေ ရှာဖွေစားသောက်နိန်ကပ်တေ အမျိုးသမီးတိကတော့ခါ မိသားစုဝမ်းရေးနဲ့ သား၊ သမီး ပညာရေးအတွက် မြစ်ကမ်းဘေးမှာယာ ဘဝကို ရီဆန်တက်ပြီးကေ ဖြတ်သန်းနိန်ကပ်ရဖို့သိမ့်လည်း ဖြစ်ပါရေ။ 

 295 total views,  1 views today