အာရ်ကန်ရိုးမ ၊ စစ်တွေ

မြန်မာနိုင်ငံထဲမှာ ကုန်စျီးနှုန်းတိ အဆမတန်စျီးမြင့်တက်နိန်ကေလေ့ ဆန်စပါးစျီးတိ စျီးကောင်းမရလို့ အေဂုနှစ် စပါးပေါ်ချိန်မှာ တောင်သူလယ်သမားတိ အရှုံးနဲ့ ရင်ဆိုင်ရဖို့ အနိန်အထား ရှိနိန်ပါရေ။

အဂုပိုင် ဖြစ်ရစွာက တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ရေ ဆန်စပါးစျီးနှုန်း သတ်မှတ်ချက်ကြောင့် ဆိုရပါဖို့။ ထုတ်ပြန်ချက်မှာ အခြေခံ စပါးတင်း ၁၀၀ ကို ဖေသာ ငါးသိန်းလေးသောင်းနှုန်းအဖြစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိပါရေ။ ယင်းထုတ်ပြန်ချက်ကို အောက်တိုဘာ ၆ ရက်နိမှာ ထုတ်ပြန်ခစွာ ဖြစ်ပါရေ။

ရခိုင်ပြည်နယ်ဘက်မှာတော့ခါ လယ်ဧကပေါင်း ၁၂ သိန်းကျော်ရှိရေအထဲက အဂုနှစ်မှာ ၈ သိန်း ၅ သောင်းကိုယာ စိုက်ပျိုးနိုင်ခပါရေ။ စိုက်ပျိုးရေတောင်သူတိကလည်း လက်ရှိ ပေါက်စျီးနဲ့ဆိုကေ အရှုံးပေါ်နိုင်ပြီးကေ ၆ သိန်းခွဲနဲ့ အထက်ရမှယာ အဆင်ပြေဖို့လို့ ပြောကပ်ပါရေ။

ကျောက်ဖြူမြို့နယ်က လယ်သမားတစ်ယောက်ဖြစ်တေ ဦးမောင်စောနုကတော့ခါ ကုန်စျေးနှုန်းတိ မြင့်တက်နိန်ရေ ကာလမှာ ဓာတ်မြေသြဇာတစ်အိတ်ကို ဖေသာ ရှစ်သောင်းဝန်းကျင် ပီးဝယ်နိန်ရပြီးကေ    အလုပ်သမားခကိုလည်း တိုးမြှင့်ပီးနိန်ရလို့ အရှုံးပေါ်ဖို့ အနိန်အထားနဲ့ ရင်ဆိုင်နိန်ရရေလို့ ပြောပါရေ။

အရင်နှစ်တိကဆိုကေ စပါးတင်း ၁၀၀ ကို ကျပ်ငွေငါးသိန်းဝန်းကျင်လောက်ရာ ရရှိခကေလေ့ ဓာတ်မြေသြဇာ တစ်အိတ်ကို ဖေသာ သုံးသောင်းလောက်ယာ ပီးဝယ်ခရပြီးကေ အလုပ်သမားခကိုလည်း သင့်တင့်ရေ ဖေသာနဲ့  ခေါ်ယူလို့ လယ်သမားတိအတွက် တွက်ခြီကိုက်ခပါရေ။

လက်ရှိ သတ်မှတ်မှတ်စျီးနဲ့ဆိုကေ ကုန်ကျထားရေ စရိတ်အတွက်တောင်  မလောက်ငှနိုင်ရေအတွက် အနည်းဆုံး ၆ သိန်းခွဲနဲ့အထက် ရအောင် တတ်နိုင်သူတိအနိန်နဲ့ ဆောင်ရွက်ပီးကပ်ဖို့ အုပ်ကန်ကျေးရွာက လယ်သမား ဦးပန်းလှအောင်က တေုာင်းဆိုပါရေ။

လက်ရှိ ပေါက်စျေးကတော့ခါ အဂုနှစ် မိုးရာသီနဲ့ လာဖို့နှစ် နွေရာသီကထွက်ရှိရေ စပါးအပေါ် မူတည်လို့ သတ်မှတ်ထားစွာဖြစ်ပြီးကေ နစ်နာမှုရှိကေ ဆက်သွယ်နိုင်ရေလို့ စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကအဖွဲ့ဝင် ဦးမျိုးမင်းအောင်ကတော့ခါ လယ်လုပ်ငန်းကို အားကိုးပြီးကေ မိသားစု စားဝတ်နိန်ရေးကို ဖြေရှင်းနိန်ရရေ တောင်သူလယ်သမားတိ အဆင်ပြေစီဖို့ လိုအပ်တေပိုင် တိုင်ပင်ဆွေးနွေးပြီးကေ အစိုးရဘားကို တင်ပြတောင်းဆိုလားဖို့လို့ ဆိုပါရေ။

 279 total views,  1 views today