ရိုးမရေဒီယို မဂ္ဂဇင်း

သြဂုတ်လ ၈ ရက်။ ။ ယူကေမှာ ရှိရေ တက္ကသိုလ်တိ့မှာ ပညာသင်ကြားခွင့် ရရှိဖို့ ချီဗနင်းပညာသင်ဆု လျှောက်လွှာတိ့ကို သြဂုတ်လ ၆ ရက်နိ့ကစပနာ လက်ခံနိဗျာလ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ထုတ်ပြန်ပါရေ။

လျှောက်လွှာတိ့ကို www.chevening.org/apply ကနိ ရယူနိုင်ဖို့ ဖြစ်ပနာ နိုဝင်ဘာ ၆ ရက်နိ့ကနိ နောက်ဆုံးထား ပီးပို့ရဖို့လို့ ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။

“ ကျွန်တော်ရို့က ရည်မှန်းချက်ကြီးရေ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ရေ၊ ရှေ့ကို ကြိုစိုင်းစားတတ်တေ လူတန်းစားမျိုးစုံက ခေါင်းဆောင်တိ့ကို ရှာဖွေနီစွာပါ။ ချီးဗနင်းပညာသင်ဆုကို ရလူစွာ အထူးတလည်ကြီးတော့ မဟုတ်ပါ။ ယေလေ့သင့် သူရို့အားလုံးက ရှေ့ခြီတစ်လှမ်းတိုးဖို့ ရဲရင့်ပါရေ။ အေချင့်က ပညာသင်ဆု ရလူတိ့အားလုံး တူညီရေအချက်ပါ။” လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဒန်ချက်က ပြောပါရေ။

ချီးဗနင်းပညာသင်ဆုစွာ ဦးဆောင်မှု အလားအလာကို ပြသနိုင်ရေ ပညာရေးနောက်ခံ အားကောင်းလူတိ့ကို ချီးမြှင့်နီရေ ယူကေ အစိုးရ နိုင်ငံတကာပညာသင်ဆု အစီစဉ်လေ့ ဖြစ်ပါရေ။

ပြီးခရေ ၃၅ နှစ်အတွင်း ထူးချွန်ထက်မြက်သူ ၅၀၀၀ ခန့်ကို ချီးဗနင်းပညာသင်ဆုနန့် ယူကေမှာ တက္ကသိုလ် တက်ရောက်ခွင့် ဖန်တီးပီးခပနာ ၂၀၁၉/၂၀၂၀ ပညာသင်နှစ်အတွက် တစ်ကမ္ဘာလုံးမှာ ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်လားဖို့ ဖြစ်တေလို့ သံအမတ်ကြီး ဒန်ချက်က ဆိုပါရေ။

ယင်းအပြင် အခုနှစ် ပညာသင်နှစ်မှာလေ့သင့် မြန်မာနိုင်ငံက ၁၅ ယောက်ကို ပီးခပနာ လာဖို့ စာသင်နှစ်တိ့အတွက် လျှောက်လွှာ ထပ်ပနာ ခေါ်ယူနီစွာလည်း ဖြစ်ပါရေ။

“သေသေချာချာ ပြင်ဆင်ထားရေ ပညာသင်ဆု လျှောက်လွှာစွာ မိတ်ဆွေအတွက် အကျိုးကျေးဇူးများစီဖို့ ဖြစ်ပနာ မိတ်ဆွေကိုယ်တိုင်ဖြစ်ဖြစ် မိတ်ဆွေသိရေလူဖြစ်ဖြစ် ချီးဗနင်းပညာတော်သင် တစ်ယောက် အရည်အချင်းပြည့်မီရေဆိုကေ နိုဝင်ဘာ ၆ ရက်မတိုင်ခင် ပညာသင်ဆု လျှောက်ထားဖို့ တိုက်တွန်းချင်ပါရေ” လို့ ဒန်ချက်က ဆက်လက်ပြောကြားပါရေ။

ချီးဗနင်းပညာသင်ဆုကို ၁၉၈၃ ခုနှစ်က စတင်ခဲ့ဗနာ ချီးဗနင်းပညာတော်သင်တိ့စွာ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်က ပါဝင်ပါရေ။ ၂၀၁၈/၂၀၁၉ ခုနှစ်မှာဆိုကေ ပညာသင်ဆု ၁၆၀၀ ကျော်ကို ချီးမြှင့်ခပါရေ။

 439 total views,  1 views today