ရိုးမရေဒီယို မဂ္ဂဇင်း

သြဂုတ်လ ၈ ရက်။ ။ ရခိုင်ပြည်နယ်မှာ ပညာမသင်ကြားနိုင်ဘဲ အပြင်ကို ရောက်နီရေ အချေလူငယ်တိ့ကို မြို့နယ်ပညာရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက်တစ်ရပ်အနေနန့် ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးက သြဂုတ်လအတွင်း စပနာ ကောက်ယူမှုတိ့လုပ်နီပါရေ။

ယင်းစာရင်းကောက်ယူမှုကို ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ သြဂုတ် ၁ ရက်နိ့ကစပနာ ကောက်ယူနီစွာပါ။ လာဖို့ စက်တင်ဘာလနန့် အောက်တိုဘာလမှာ အပြီးသတ် ဆောင်ရွက်လားဖို့ ပညာရေးဌာနက ကွင်းဆင်းလေ့လာဖို့ ဖြစ်ပါရေ။

“ ကျောင်းပြင်ပရောက်နီရေ အချေတိ့အားလုံးကို စာတတ်မြှောက်အောင်လုပ်ဖို့ ဆိုပနာ ရည်ရွယ်ချက်ပါ။ အခု စာရင်းတိ့ ကောက်ယူနီဆဲ။ ပြီးကေ ပညာမတတ်မြှောက်တေ အချေတိ့ ဇာလောက်ရှိလဲ။ ဇာကြောင့် ပြင်ပကို ရောက်ခကတ်လေ။ ယင်းချင့်တိ့ကို ကျနော်ရို့ ကွင်းဆင်းကြည့်ပနာ စာသင်ကြားရေးကို အဆင့်ဆင့် ဆောင်ရွက်လားဖို့ပါ။” လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး (ဘဏ္ဍာရေး လက်ထောက် ညွန်ကြားရေးမှူး) ဦးစိန်လှိုင်က ပြောပါရေ။

အဂု လုပ်ဆောင်လားဖို့ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်(TEIP) ကို (UNICEF) နှင့် ရခိုင်ပြည်နယ် ပညာရေး ဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်စွာ ဖြစ်ပနာ စာရင်းကောက်ယူဖို့ ပညာရေးဝန်ထမ်း ၂၀၁ ယောက်ကို စစ်တွေမြို့မှာ ဇူလိုင်လထဲမှာ ငါးရက်ကြာ သင်တန်းပီးခဗျာလ်ဖြစ်ပါရေ။

ကျောင်းပြင်ပကို ရောက်နီရေ ပညာမသင်ကြားနိုင်ရေ အချေ၊ လူငယ်တိ့ ပညာတတ်မြောက်လာစီဖို့ ရည်ရွယ်ပနာ စာရင်းကောက်ယူစွာ ဖြစ်ပါရေ။ သူရို့ကို ကျောင်းပြင်ပ ပညာရေးစနစ်နန့် ပညာဆက်လက် သင်ကြားပီးလားဖို့လည်း ဖြစ်ပါရေ။

မြန်မာနိုင်ငံမှာ ကျောင်းပြင်ပ ပညာရေးစနစ်ကို အကောင်ထည်ဆောင်ရွက်လာစွာက နှစ်ကြာမြင့်လာဗျာလ်ဖြစ်ကေလေ့ ဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ခကတ်ရေအတွက် ယင်းပညာရေးစနစ်က တက္ကသိုလ်ဝင်တန်းကို ၂၀၁၇ ခုနှစ်က အောင်မြင်လူ မြန်မာတစ်နိုင်ငံလုံးမှာ ရခိုင်ပြည်နယ်က တစ်ယောက်ရာ ရှိပါသိ့ရေ။

 405 total views,  1 views today