ရိုးမရေဒီယိုမဂ္ဂဇင်း

ရန်ကုန်၊ ဇူလိုင် ၁၄ ရက်။ ။ ရန်ကုန်အဝေးသင်တက္ကသိုလ်ကနေ သီးခြားဌာနခွဲ တစ်ခုအဖြစ် ဖွင့်လှစ်သင်ကြားပေးမယ့် မောင်တောခရိုင် အဝေးသင်ဌာနခွဲမှာ တက်ရောက်နိုင်ဖို့ စာရင်းပေးထားသူ ၁၀၀ ကျော် ရှိနေပြီလို့ မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

“သူတို့မှာ အထောက်ထားတွေ မစုံသေးလို့နေမှာပါ။ လျှောက်လွှာ ဘယ်နေ့ပိတ်မယ်ဆိုတာတော့ မရှိသေးဘူး။ လျှောက်လွှာယူဖို့အတွက် စာရင်းပေးထားတာက ဘူးသီးတောင်နဲ့ မောင်တောပေါင်းလို့ အကုန်လုံး ၁၀၀ ကျော်ရှိတယ်။ သူတို့က လျှောက်လွှာယူဖို့ပဲ စာရင်းပေထားတာ။ လျှောက်လွှာ လာမယူကြသေးဘူး။”

တင်သွင်းလာတဲ့ လျှောက်လွှာများကို စိစစ်ဖို့ မောင်တော ခရိုင်ပညာရေးမှူးရုံးကနေ စစ်တွေ တက္ကသိုလ်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။

အဆိုပါ အဝေးသင် ဌာနခွဲတွင် မြန်မာစာ အထူးပြုနှင့် သမိုင်း အထူးပြု ဘာသာရပ် (၂) ခုကိုသာ သင်ကြားပို့ချပေးမှာ ဖြစ်ပြီး နိုဝင်ဘာလ အနီးကပ်သင်တန်း ပို့ချခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း၊ အဖြေလွှာ ပြုစုခြင်းများအတွက် ရန်ကုန် အဝေးသင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက လာရောက် ပြသကြမှာပါ။

လက်ရှိမှာ ပညာသင်ကြားမယ့် ကျောင်းသားများထံမှ စာရင်းကောက်ယူခြင်းနှင့် သင်ထောက်ကူ ပစ္စည်းများကို ပံ့ပိုးပေးရန် လုပ်ဆောင်နေကြောင်း အဆင့်မြင့် ပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။

“ မြန်မာစာနဲ့ သမိုင်းကိုပဲ သင်မှာမို့လို့ နိုဝင်ဘာလမှ အနီးကပ် ၁၀ ရက်သင်ပြီး စာမေးပွဲ စစ်မှာ။ အခုကတော့ သူတို့ဆီက စာရင်းတွေယူတယ်။ သူတို့အတွက် သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးဖို့ လုပ်နေတယ်။ ကျနော်တို့ ကွင်းဆင်းကြည့်ပြီးပြီ။ စာသင်တာက မောင်တောခရိုင် ပညာရေးမှူးရုံးမှာ သင်မှာ။”

ဒါ့အပြင် ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်တွေမြို့ရှိ သက္ကယ်ပြင် အဝေးသင် ဌာနခွဲတွင် ယခုနှစ် ပညာ သင်ကြားဖို့ စာရင်းသွင်းထားပြီးသူ ၁၆ ဦးရှိပြီး အဲဒီထဲက ပြီးခဲ့တဲ့နှစ်က အဆိုပါ ဌာနခွဲမှ အောင်မြင်ခဲ့တဲ့ ဒုတိယနှစ် တက်ရောက်မယ့် သူ ၆ ဦးနှင့် ပထမနှစ် တက်ရောက်မည့်သူ ၁၀ ဦး ရှိနေပါတယ်။

 426 total views,  1 views today