ရိုးမရေဒီယိုမဂ္ဂဇင်း

ရန်ကုန်၊ ဇူလိုင် ၁၂ ရက်။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို မူလနေရာကို ပြန်ပို့နိုင်ဖို့ လုပ်ငန်း စတင်နိုင်ရေး ကျွမ်းကျင်သူ အဖွဲ့တစ်ခုကို စေလွှတ်ဖို့ ကုလသမဂ္ဂက ပြင်ဆင်နေပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ UNDP ရဲ့ ဒေသဆိုင်ရာအကြီးအကဲက ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေသူတွေကို ပြန်လာဖို့ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို အဆင့်ဆင့် ဆောင်ရွက်နေပြီး ဒုက္ခသည်တွေကို ပြန်ပို့ရေးဆိုင်ရာ လုပ်ငန်းအတွက် UNDP ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR နဲ့ မြန်မာ အစိုးရတို့အကြား မေလကုန်မှာ နားလည်မှုစာချွန်လွှာ MoU တရပ်ကို လက်မှတ်ရေးထိုးထားတာပါ။

ဒါပေမဲ့ လက်တွေ့ ဆန်းစစ်မှုတွေကို မစခင်မှာ ကနဦး လုပ်ငန်းအစီအစဉ်တရပ်ကို အစိုးရနဲ့ ညှိနှိုင်းချမှတ်ဖို့ လိုနေသေးတယ်လို့ UNDP အကြီးအကဲ Xu က ပြောပါတယ်။

အခုသွားမယ့် ကုလသမဂ္ဂအဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေနဲ့ တခြားဒေသခံ ၂၀၀,၀၀၀ ကျော်တို့ ရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ဖို့အတွက်လည်း ဖြစ်ပါတယ်။

 451 total views,  1 views today