အာရ်ကန်ရိုးမ ၊ စစ်တွေ


ပြီးခရေ ရက် သီတင်းပတ်တိအတွင်း ရခိုင်ပြည်နယ်မှာ မိုးကြီးရီလျှံမှုတိ ရှိခပနာ စိုက်ပျိုးပြီးရေလယ်ဧကတိ သောင်းနဲ့ချီ ပျက်စီးခရပါရေ။ ပြန်လည် ပြုပြင်နိုင်ဖို့ကို လယ်သမားတိက လိုလားနီကတ်ပြီးကေ ငွေကြေးအခက်အခဲ ရှိနီစွာကြောင့် အကူအညီကို အစိုးရပါးက ရယူနိုင်ဖို့ မျှော်လင့်နီကတ်ပါရေ။

ပြန် စိုက်ပျိုးနိုင်ဖို့ စပါးမျိုးစေ့တိ ပြန်ဝယ်ရဖို့၊ မြေသြဇာ လိုအပ်စွာတိအတွက် အခက်အခဲကြုံနီရရေလို့ မိုးကြီး ရီလျှံမှုကြောင့် လယ်ဧက ၈၀၀ လောက် ပျက်စီးဆုံးရှုံးခရရေ ကျောက်တော်မြို့နယ်ငတပေါင်းကျေးရွာ ဒေသခံ ဦးသန်းထွန်းမောင်က ပြောပါရေ။


ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းဇယားတိမှာ မြို့နယ် ၁၀ ခုက လယ်မြေဧက ၁၂၈၀၀ ကျော် ပျက်စီးလားရေလို့ ဖော်ပြပါရေ။
ယင်းစာရင်းအရ မောင်တောမှာ ၃၂၀၊ ဘူးသီးတောင်မှာ ၃၀၀၊ မင်းပြားနဲ့ သံတွဲမြို့နယ်မှာ ၅၀၀ စီ၊ ပေါက်တော မြို့နယ်မှာ ၄၀၀၊ တောင်ကုတ်မှာ ၁၃၀၀၊ ပုဏ္ဏားကျွန်းမှာ ၁၅၀၀၊ ရသေ့တောင်မှာ ၁၆၀၀ ကျောက်တော်မှာ ၂၅၀၀ ဧက နဲ့ မြောက်ဦးမြို့နယ်မှာ ဧက ၃၀၀၀ ကျော်လောက် ပျက်စီးလားခပါရေ။


ပျက်စီးလယ်ယာမြေတိမှာ ဒေနှစ်အတွင်း စပါး ပြန်လည် မစိုက်ပျိုးနိုင်လိုက်ကေ နောက်နှစ်အတွက် ဆန်ရေစပါး လောက်ငှမှုကို မထိခိုက်နိုင်လို့ ဆိုကေလည်း သက်ဆိုင်ရာလယ်သမားတိအတွက် ထိခိုက်မှု ရှိနိုင်ရေလို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါရေ။


ယင်းကြောင့် လက်ရှိပျက်စီးလားရေ မိုးစပါးတိကို ပြန်လည်စိုက်ပျိုးနိုင်အောင် အစိုးရအနီနဲ့ ကူညီထောက်ပံ့ ပီးဖို့လိုရေလို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ဆိုပါရေ။


ရခိုင်ပြည်နယ်မှာ စုစုပေါင်း လယ်ဧက ၁၂ သိန်းခန့်ရှိပြီးကေ အခုနှစ်အတွင်း လယ်ဧက ၈ သိန်း ၅ သောင်းကျော် စိုက်ပျိုးခစွာပါ။


လယ်သမားတိ၏ ပျက်စီးဆုံးရှုံးမှု အပေါ် အစိုးရ အနီနဲ့ ကူညီပီးဖို့ အစီစဉ်ရှိ၊ မရှိ ပြည်နယ် စိုက်ပျိုးရေး ဘဏ် မန်နေဂျာ ဦးအေးသိန်းကို မီးမြန်းရာမှာလည်း သူရို့စွာ ငွေချေးရေ အလုပ်ကိုရာလုပ်ပြီးကေ ကျန်စွာသူရို့နဲ့ မဆိုင်လို့ ဆိုပါရေ။


ပြည်နယ်ကောင်စီကတော့ လယ်ယာမြေ ဧက ၆၀၀ လောက်ရာ ပျက်စီးမှုရှိခပြီးကေ အခက်အခဲတိရှိကေ တင်ပြဖို့ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုဌာနတိပါးကို ညွှန်ကြားထားရေလို့ သိရပါရေ။
ရခိုင်ပြည်နယ်မှာ ပြီးခရေ ဇူလိုင် တတိယပတ်လောက်မှာ တကြိမ်၊ သြဂုတ်လဆန်းမှာ တကြိမ် မိုးကြီး ရီလျှံစွာတိ ဖြစ်ပွားခပနာ မောင်တော၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တိမှာ လယ်ယာမြေတိ အပါအဝင် ပျက်စီးဆုံးရှုံးမှု များစွာရှိခကတ်စွာပါ။

ဓာတ်ပုံ – အာရ်ကန်ရိုးမ

 396 total views,  1 views today