ထူး ၊ အာရ်ကန်ရိုးမ


နိုင်ငံတကာ အဖွဲ့အစည်းတိက ပုံမှန်လာရောက်ထောက်ပံ့နီရေ ဆန်နဲ့ ရိက္ခာပစ္စည်းတချို့ သတ်မှတ်ရက် ကျော်လွန်ရေတိုင် ရောက်မလာစွာကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတိမှာ စားဝတ်နီရေး အခက်အခဲ ဖြစ်နီကတ်ပါရေ။


ပုံမှန်ဆိုကေ လဆန်းပိုင်းမှာ တစ်လစာ ရိက္ခာတိကို လက်ခံရလေ့ ရှိကေလည်း သြဂုတ်လမှာတော့ ၁၄ ရက်နိန့်ထိ လာရောက် ထောက်ပံ့စွာ မရှိသေးဘဲ နောက်ထပ် ၂ ရက်လောက်ရာကြာကေ ရိက္ခာပြတ်လပ်မှုကို စတင် ရင်ဆိုင် ရဖို့ရာလို့ အိမ်ထောင်စု ၂၀၁ စုနဲ့ လူဦးရေ ၈၆၀ ကျော်ရှိရေ ရသေ့တောင်မြို့နယ် စေတီတောင် အရှေ့ပိုင်း စစ်ရှောင်စခန်း တာဝန်ခံ ဦးစောဝင်းရွှေက ပြောပါရေ။
“ တစ်ခေါက်မှာ ICRC က ဆန်တစ်အိတ်၊ ပဲတစ်အိတ်၊ ဆီလေးလုံး၊ လက်ဖက် တစ်ထုပ်၊ သကြားလေးထုတ် ယင်းပိုင်စီ ပီးစွာ။ ၆ လပိုင်းက ဆန်နဲလို့ တစ်ပိုင်းရာ ပီးရေ။ ၇ လပိုင်းမှာတော့ တစ်အိတ်နဲ့ တစ်ပိုင်းပီးရေ။ ဟိုလက နည်းလားရေအတွက်။ စားဝတ်နီရေးကတော့ မရှိကတ်ပါယာ။ ပြောရဖို့ ဆိုကေ ဆယ်ရက်စာ၊ ၃ ရက်စာ၊ ၂ ရက်စာ ယေလောက်ရာ ရိက္ခာရှိကတ်ပါယာ ” ။

အဆိုပါ စခန်းအပါအဝင် စစ်ဘေးရှောင်တိ အများဆုံး ခိုလှုံနီရေ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်သုံးမြို့နယ်က ဒုက္ခသည်စခန်း ၅၀ ကျော်မှာ အိမ်ထောင်စု တစ်စုစီကို တစ်လကို ဆန်တစ်အိတ်၊ ပဲတစ်အိမ်၊ မီသွီးတစ်အိတ်၊ ဆီ၊ လက်ဖက် သကြားစရေ ရိက္ခာပစ္စည်း ၆ မျိုးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က ပုံမှန် ထောက်ပံ့ပီးနီစွာ ဖြစ်ပါရေ။


စစ်ကောင်စီက ဖွဲ့စည်းထားရေ ပြည်နယ်အစိုးရ အာဏာပိုင်တိစွာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီတိ ပီးနီရေ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတိကို သြဂုတ်လအတွင်း စည်းကမ်းချက်တိ ကန့်သတ်လိုက်စွာလို့ ICRC တာဝန်ရှိသူတစ်ဦးက ပြောပါရေ။


ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး စိုင်းသော်ဝင်းက လက်မှတ်ရွီးထိုး ထားရေ စာနဲ့တကွ သြဂုတ်လ ၇ ရက်နိန့်မှာ ညွှန်ကြားလာစွာ ဖြစ်ပနာ အဆိုပါ အဖွဲ့အစည်းတိအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ဖို့ လုပ်ငန်း အစီစဉ်တိကို အနည်းဆုံး နှစ်ပတ်ကြိုတင်ပြီးကေ တိုင်းစစ်ဌာနချုပ် တာဝန်ရှိ ပုဂ္ဂိုလ်တိပါးကို အသိပီးတင်ပြဖို့ ညွှန်ကြားထားလိုက်စွာပါ။
တင်ပြရေအခါမှာလည်း ခရီးစဉ် တစ်ခုချင်းစီအလိုက် အကြောင်းအရာ၊ ယူဆောင်ဖို့ ရိက္ခာ ပစ္စည်းစာရင်း၊ အသုံးပြုဖို့ ယာဉ်အမျိုးအစားနဲ့ ယာဉ်မောင်းအမည်၊ လိုက်ပါကတ်ဖို့ ဝန်ထမ်းအရေအတွက် စသဖြင့် အကြောင်းအရာ အချက်အလက်တိ အသေးစိတ် ပါရှိရဖို့ ဖြစ်ရေပိုင် လုံခြုံရေး ဂိတ်တိမှာလည်း စစ်ဆေးမှုကို မဖြစ်မနီ လက်ခံကတ်ဖို့လည်း ညွှန်ကြားချက်ထဲပါရေ။


“ ခရီးလားလာခွင့်ကို စည်းကမ်းတိနဲ့ လုံခြုံရေးဂိတ်တိမှာ စစ်ဆေးခံရဖို့။ အချက်အလက်တိကို အစိုးရရုံးမှာ တင်ရဖို့။ အကျွန်ရို့ သတ်မှတ်ထားရေအချိန်မှာ ရိက္ခာတိကို မပီးနိုင်ပါယာ။ ယင်းကြောင့် Camp က လူတိကလည်း စိုးရိမ်ဖို့။ ရိက္ခာတိကလည်း မရောက်နိုင်။ ဇာကြောင့်လဲဆိုစွာတိကို ဖြစ်လာဖို့။ ယင်းကြောင့်နဲ့ အကျွန်ရို့ကလည်း သူရို့ကို အကြောင်းကြားပီးထားစွာပါ။ အခုတခါ သတ်မှတ်ချိန်အတွင်းမှာ မလာနိုင်ပါဗျာလ်။ ဇာအချိန်မှာ ပြန်ပီးနိုင်ဖို့ဆိုစွာကို သတ်မှတ်ချက်တော့ မပီးနိုင်။ လက်ရှိမှာတော့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့တိနဲ့ အမြန်ဆုံးပီးနိုင်အောင် ဆွေးနွေးစွာတိရှိရေ ဆိုစွာကို အကျွန်ရို့ ပြောထားစွာရှိရေ ” ။ လို့ ICRC တာဝန်ရှိသူတစ်ဦးက Arakan Yoma မေးမြန်းမှု အပေါ် ရှင်းပြပါရေ။


တစ်လကို ဆန်အိတ် ၁၃၀၀ ကျော် အသုံးပြုရရေ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးရှောင် စခန်းကို ဆိုကေ ICRC အဖွဲ့အစည်း တာဝန်ရှိသူတိက အစိုးရက စည်းကမ်းချက်တိ တင်းကြပ်ထားလို့ သတ်မှတ်ရက်အတွင်း ရောက်ဖို့ မသေချာရေအကြောင်း အသိပီးလာရေလို့ စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောပါရေ။


လတ်တလောမှာတော့ ဒေသလူမှု အဖွဲ့အစည်းတချို့၏ကူညီမှုကြောင့် ဆန်အိတ် ၂၇၀ လောက် လက်ခံရရှိထား ကေလည်း တပတ်လောက်ရာ တောင့်ခံနိုင်အား ရှိနိုင်ရေလို့ သိရပါရေ။ ဒေ စစ်ဘေးရှောင် စခန်းမှာ အိမ်ထောင်စု ၈၅၀ ကျော်၊ လူဦးရေ ၃၃၀၀ ကျော်ရှိပြီးကေ ရခိုင်ပြည်နယ် အတွင်းက အကြီးဆုံး စစ်ဘေးရှောင်စခန်း တစ်ခုလည်း ဖြစ်ပါရေ။


“ အစိုးရ ခွင့်ပြုမိန့်ပေါ့။ အစိုးရဘားက ခွင့်ပြုမိန့်ရမှပဲ လားလာလို့ရဖို့ပေါ့။ သူရို့ကလည်း လားချင်းတိုင်း လားလို့မရပါ။ ခွင့်ပြုမိန့် နှစ်ပတ် ကြိုတင်ရရေ။ တစ်လတစ်လားဖို့ဆိုကေ အနည်းဆုံး ၁၄ ရက် ခွင့်တောင်းရရေ။ ခွင့်ပြုမိန့်ရမှ သူရို့ကလည်း လားလို့တော့ ဒေလမှာ နှစ်ပတ်ရာ ကျော်လာရေ။ ခွင့်ပြုမိန့်တောင်းလို့မရ။ မရရေအဆုံး လာလို့မရရေအကြောင်း ကျွန်တော်ရို့ကိုအကြောင်းကြားလာစွာ ” လို့ ဦးစိုးနိုင်က ပြောပြပါရေ။


တချို့စစ်ဘေးရှောင်စခန်းတိမှာ ဆိုကေ ကုလသမဂ္ဂစားနပ်ရိက္ခာအစီစဉ် WFP က ထောက်ပံ့နီစွာ ရှိရေပိုင် တစ်ဖက်မှာလည်း အစိုးရ လူကယ်ပြန်ဌာနက တစ်ဦးစီကို ထမင်းတနပ်အတွက် ဆန်တစ်ဗူးနှုန်းစီ ပံ့ပိုး ပီးနီခစွာတိ ရှိပါရေ။


အကေလည်း အစိုးရ အထောက်အပံ့စွာ လစဉ်ပုံမှန်ထောက်ပံ့စွာ မရှိရေပိုင် WFP ကလည်း လွန်ခရေ ၃ လ လောက်တည်းက ထောက်ပံ့စွာ မရှိပါယာလို့ သိရပါရေ။ ထောက်ပံ့မှု မရရေအထဲ ကျောက်တော်မြို့နယ်က ကန်စောက် စစ်ဘေးရှောင်စခန်းနဲ့ ရသေ့တောင်က စေတီပြင် စစ်ဘေးရှောင်စခန်းတိ အပြင် စစ်တွေမြို့နယ်က မွတ်ဆလင် IDP စခန်းတိလည်း ပါဝင်ပါရေ။


စခန်းတိကို လားရောက် ကြည့်ရှုခရေ မွတ်ဆလင် ရပ်မိရပ်ဖ ဦးရွှေလခင် က ကိုဗစ်ကာလအတွင်း အပြင် အလုပ်တိ ထွက်လုပ်ကိုင်ခွင့် မရှိရေအတွက် နိုင်ငံတကာအဖွဲ့တိ၏ ထောက်ပံ့မှုမရရှိယာဖြစ်တေ ဒုက္ခသည်တိစွာ စားဝတ်နေရေး အခက်အခဲကိုရာမက ကျန်းမာရေးအခြေအနီတိနဲ့ ခိုးဆိုးလုနှိုက်မှုတိပါ ရင်ဆိုင် နီရရေလို့ အကူအညီတိ လိုအပ်နီရေအကြောင်း ရှင်းပြပါရေ။
“ ဇာစခန်းယေ လို့ မဟုတ်ပါ။ စစ်တွေမြို့ပေါ်က စခန်းတိ အားလုံး မရစွာ။ ကျွန်တော်ရို့ ဒေဖက်မှာ နှစ်ဖွဲ့ပီးစွာ။ ICRC မဟုတ်။ WFP ပီးရေ။ Plan ကပီးရေ။ နှစ်ဖွဲ့လုံးက မရယာ။ ၃ လရှိပါယာ။ မေလထိရခရေ။ ဇွန်၊ ဇူလိုင်၊ သြဂုတ် မရစွာ သုံးလရှိယာ။ အခက်ခဲ ကတော့ အများကြီးပါ။ ဒုက္ခသည်စခန်းတိမှာ အအီးမိရေ။ ချောင်းဆိုးရေ။ ရောဂါနဲ့ ခံစားရစွာက တမျိုး။ အစားအသောက်နဲ့ ခံစားရစွာက တဖုံ။ လူတိက ငတ်လို့တောင်းစားလို့ရှိရေ။ နောက်တခု ပိုဆိုးစွာက လူလေးငါးယောက်စုပြီးကေ စခန်းတွင်းဝင်ပနာ ခိုးစွာ၊ ပြောင်ပြောင်တင်းတင်းလုစွာ ယပိုင် အခြေအနေတိ ရှိရေ။ ယင်းကပိုဆိုးရေ။ လူတိက အိပ်ဖို့မရ။ ကိုယ့်အိမ်ကို ကိုယ့်စခန်းကို ကိုယ်တိုင် စောင့်ရှောက်နီရရေ။ လုံခြုံရေးက အစကတည်းက မရှိစွာ ”။


စစ်တွေမြို့နယ်မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတိအဖြစ် သဲချောင်း၊ ဒါးပိုင်၊ ဘောဒူဖ၊ မန်စီ၊ အုန်းတောကြီး၊ဆီးသမား၊ သက္ကယ်ပြင်၊ ခေါင်းတုက္ကာ၊ ပန်လင်ပြင်၊ ဗာဆာရွာ စရေ စခန်းတိရှိပြီးကေ လူဦးရေ အားဖြင့် တစ်သိန်းလောက် ရှိနိုင်ရေလို့ အဆိုပါ မွတ်ဆလင်ရပ်မိရပ်ဖက ခန့်မှန်းပါရေ။ ဒေဒုက္ခသည်စခန်းတိစွာ ၂၀၁၂ ခုနှစ်ပဋိပက္ခနောက်ပိုင်း မြို့ပေါ်က မွတ်ဆလင်တိကို မြို့ပြင်နဲ့ကျေးရွာတျမှာ အစိုးရက သီးခြားထားချိန် ဖြစ်တည်လာခစွာပါ။


အလားတူ AA နဲ့ စစ်ကောင်စီရို့ တိုက်ပွဲတိကြောင့် ဖြစ်တည်လာခရေ ရခိုင်ဒုက္ခသည်စခန်းတိအနီနဲ့လည်း စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၉ ခုမှာ များစွာ ရှိနီသိန့်ပြီးကေ လူဦးရေအားဖြင့် တစ်သိန်းခွဲလောက်အထိ လက်ရှိအချိန်ထိ ရှိနီပါသေးရေ။


ICRC က သူရို့အနီနဲ့ ဒုက္ခသည်တိကို အများဆုံး ထောက်ပံ့ခွင့်ရနိုင်ဖို့ ပြည်နယ်အာဏာပိုင်တိနဲ့ ဆွေးနွေးလျက် ရှိနီရေလို့ တိုက်ပွဲရှောင်စခန်းတိဘားက အသိပီးထားပါရေ။ ဒေကိစ္စအပေါ် ပြည်နယ် စစ်ကောင်စီ၏တုံ့ပြန်ချက်ရနိုင်ဖို့ ပြန်ကြားရေး တာဝန်ခံဦးလှသိန်းကို ဆက်သွယ်ခပါရေ။ အကေလည်း လက်ခံဖြေဆိုစွာတော့ မရှိခပါ။


အရင်နှစ်တိခါက AA နဲ့ စစ်ကောင်စီရို့ စစ်ရှိန်မြင့်လာပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကူညီ ပီးနီရေနိုင်ငံတကာ အဖွဲ့တချို့ကို ပိတ်ပင်တားဆီးစွာတိ ပြီးခရေ NLD အစိုးရလက်ထက်မှာလည်း ပြုလုပ်ခပနာ ICRC နဲ့ WFP အဖွဲ့တိလောက်ကိုရာ ခွင့်ပြုခစွာ ဖြစ်ပါရေ။

သတင်းဆောင်းပါးဓာတ်ပုံ – ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခု

 (အောင်အောင်ထူး ၊ အာရ်ကန်ရိုးမ)

 327 total views,  1 views today