Arakan Yoma |


ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ကန့်သတ်မိန့် ထုတ်ပြန်တာ အပါအဝင် ကျေးရွာချင်း ဆက်ထားတဲ့ လမ်းတချို့တွေကိုပါ ပိတ်ထားတာကြောင့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ရိက္ခာနဲ့ ဆေးဝါး ရရှိမှု၊ ကုသခံယူမှု အပိုင်းတွေမှာ အခက်ကြုံနေရပါတယ်။


တချို့ရွာတွေမှာဆိုရင် ကြက်ဥက အစ ပြတ်လပ်သွားတာ ဖြစ်ပြီး အနီးက ကျေးရွာနဲ့ မြို့ပေါ်ကိုလည်း ဈေးသွားဝယ်ခွင့်မရကြဘူး ဖြစ်နေတာပါ။ ဒါ့အပြင် ဆေးဝါးများ ရရှိမှုမှာလည်း ကျေးရွာအတွင်း လက်ကျန် ရှိနေတဲ့ ဆေးများကိုသာ ရောင်းချနေရတာ ဖြစ်ပြီး အပြင်သွားပြီး ထပ်မံ ဝယ်ယူခွင့် မရတဲ့အတွက် ဈေး အလွန်အကျွံ မြင့်တက်လျက်ရှိနေပါတယ်။


လတ်တလောမှာ ပြည်နယ်အတွင်း စာသင်ကျောင်းတွေ ပိတ်ထားသလို၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးတွေ ကိုလည်း ရပ်နားထားပါတယ်။ ဒေသတွင်း ကုန်လမ်းသွား မော်တော်ယာဉ် လိုင်းတချို့ ပြေးဆွဲနေတာ ရှိပေမယ့် ကိုဗစ်စည်းကမ်းအရ လူဦးရေ လျော့တင်ဆောင်ရတာကြောင့် မူလဈေးထက် သုံးဆ ပိုတိုးကောက်ယူနေတာ ရှိပါတယ်။


ဒါကြောင့်လည်းပဲ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ဆေးဝါးနဲ့ ရိက္ခာပြတ်တောက်တာ အပါအဝင် အဆမတန် ဈေးမြင့်တက်သွားတာတွေနဲ့ ကြုံနေရတာပါ။


ဒီကြားထဲ တချို့ကျေးရွာအာဏာပိုင်တွေက အခြေအနေအရ မဟုတ်ဘဲ ရွာပြင်ထွက်ခွင့် လုံးဝ ကန့်သတ် ထားတာကြောင့် ကျန်းမာရေးနဲ့ စားဝတ်နေရေး ကဏ္ဍတွေမှာသာမက ရွာပြင်ထွက်လုပ်ကိုင်ရတဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တွေလည်း အခက်ခဲ ဖြစ်နေကြတာ ရှိပါတယ်။

 350 total views,  1 views today